Cameras, Review

Eye Sensor ပါ၀င်တဲ့ Fujifilm FinePix HS25 ကင်မရာ

ဒီတစ်ပတ်မှာတော့ ကင်မရာချစ်သူများအတွက် Fujifilmကနေ ထုတ်လုပ်လိုက်တဲ့ HS25 ကင်မရာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီဇိုင်းပုံစံက အဆင့်မြင့် တန်ဖိုးကြီး ကင်မရာပုံစံနှင့်တူညီပြီး ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရ အဆင်ပြေတဲ့အတွက် ကင်မရာချစ်သူများ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး Function အစုံပါ၀င်တဲ့အတွက် Fujifilm FinePix HS25က ပြည်တွင်းဈေးကွက်ထဲမှာ အရောင်းသွက်နေပါတယ်။ ဒီကင်မရာလေးက powerful 30x optical zoom lens ပါရှိပြီး super zoom ဆွဲယူနိုင်တဲ့ ကင်မရာအမျိုးအစားဖြစ်ပါတယ်။ 16-megapixel ပါ၀င်ပြီး image quality ကောင်းမွန်ဖို့နဲ့ Full HD video ရိုက်ကူးနိုင်ဖို့အတွက် CMOS sensorကို တပ်ဆင်ပေးထားပါတယ်။

Zoom ဆွဲယူတဲ့နေရာမှာ စွမ်းရည်မြင့်
Fujifilm HS25မှာ အသုံးပြုထားတဲ့ Colour တိကျပြီး တိကျပြတ်သားမှုကို ပေးစွမ်းနိုင်သည့် Fujinon lensကို အသုံးပြုထားခြင်းကြောင့် အမြင့်ဆုံး aperture စွမ်းရည် က f/2.8 ရှိပါတယ်။ optical zoom ဆွဲယူနိုင်တဲ့ နှုန်းကတော့ 24 mm အကွာအေ၀းက ပုံရိပ်တွေကို 30xtelephotoအထိ အသေးစိတ် ဆွဲယူနိုင်ပါတယ်။ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ Super Macro Modeက သင့်မျက်လုံးနဲ့ မြင်တွေ့ရတဲ့ သဘာ၀ပုံစံအတိုင်း ရိုက်ကူးပေးနိုင်စွမ်း ရှိပါတယ်။ Digital Zoom ဆွဲယူနိုင်တဲ့ စွမ်းရည်ကလည်း အံသြဖွယ်ကောင်းလောက်အောင် 60x အထိ ရှိပါတယ်။ အဲဒီ Digital Zoom နှုန်းက 1440mm ရှိတဲ့ focal lengthနဲ့ တူညီပါတယ်။ Digital Zoom ဆွဲယူနိုင်ဖို့အတွက် EXR AUTO mode ပါ၀င်ပြီး အရမ်းကြိုးစားအားထုတ်စရာ မလိုပဲ modeကို အနည်းငယ် ကစားပေးရုံဖြင့် ထူးခြားတဲ့ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

EXR sensorရဲ့ လုပ်ဆောင်ချက်က အံ့မခန်း
ဒီကင်မရာမှာ ပါ၀င်တဲ့ EXR sensorက အလင်းရောင် အနည်းအများကြောင့် ဖြစ်ပေါ်တတ်တဲ့ noiseတွေကို အစွမ်းကုန် လျှော့ချပေးနိုင်ပါတယ်။ ထို့ပြင် ကြည်လင်ပြတ်သားမှု စွမ်းရည်ကိုလည်း တိုးမြှင့်စေနိုင်ပြီး ရိုက်ကူးတဲ့နေရာမှာလည်း သဘာ၀ကျကျ ပုံရိပ်တွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။ ရိုက်ကူးပြီးသား ပုံများကို Zoom အများဆုံး ဆွဲယူကြည့်ပါကလည်း ကြွရွတဲ့ ပုံရိပ်တွေကို မြင်တွေ့နိုင်ပါတယ်။

Eye Sensor ပါ၀င်တဲ့ Electronic Viewfinder
EVFသို့ သင့်ရဲ့မျက်လုံးနဲ့ ကြည့်လိုက်ရုံဖြင့် Eye Sensorက အလိုအလျောက် အလုပ်လုပ်ပြီး LCD displayကနေ အလုပ်လုပ်ဖို့ အသင့်ဖြစ်နေတဲ့ viewfinder ကို ပြောင်းလဲပေးနိုင်ပါတယ်။

Full HD Movies ရိုက်ကူးနိုင်
1920 x 1080p; 30fps/H.264 High Profileရှိ စွမ်းရည်မြင့်မားတဲ့ stereo sound နဲ့ Full HD Movies တွေရိုက်ကူးနိုင်ခြင်းက video cameraရဲ့ စွမ်းဆောင် ရည်ကို နှစ်ဆ မြင့်မားစေပါတယ်။ 18-55mm Lens ပါ၀င်ပြီး ISO rangeကတော့ 100-6400 ရှိပါတယ်။

အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်
High-speed autofocus ဖြစ်တဲ့အတွက် 0.16 စက္ကန့်အတွင်း မှန်ကန်တိကျတဲ့ Focusများကို ဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ Full 16-megapixel resolutionမှာတော့ တစ်စက္ကန့်ကို 8 frames ရိုက်ကူးနိုင်တဲ့ စွမ်းရည် ရရှိနိုင်ပါတယ်။ 8-megapixelမှာတော့ 11 frames per second ရိုက်ကူးနိုင်ပြီး ရိုက်ကူးနိုင်တဲ့ frames အရေအတွက်က burst sequenceပေါ်မှာ မူတည်ပါတယ်။

သုံးသပ်ချက်
Eye Sensor ပါ၀င်ခြင်းက သူရဲ့ အားသာချက်လို့ ပြောလို့ရပါတယ်။ လုပ်ဆောင်နိုင်တဲ့ Functionတွေကလည်း အခြား Professional ကင်မရာများနဲ့ နှိုင်းယှဉ်နိုင် ပါတယ်။ ISO rateလည်း မြင့်မားပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး Functionတွေ ပြည့်စုံတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေမယ်လို့ ထင်ပါတယ်။

၀ယ်ယူနိုင်မည့် နေရာ
Fujifilm FinePix HS25ကို နှစ်သက်လို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ကျပ် ၃၂၀,၀၀၀ ၀န်းကျင်ဖြင့် Pacific Digital Camera Shop ဖုန်း 01-385-173သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *