Automobile, News

ရောင်းအားကောင်းခဲ့သည့် ၂၀၁၄ခုနှစ်အတူ Ranger ကားအမျိုးအစားက မြန်မာနိုင်ငံတွင် Ford ၏ တိုးတက်ဖွံ့ဖြိုးခြင်းအတွက် ဦးဆောင်

ရောင်းအားကောင်းခဲ့သည့် ၂၀၁၄ခုနှစ်အတူ Ranger ကားအမျိုးအစားက မြန်မာနိုင်ငံတွင် Ford ၏ တိုးတက်ဖွံ့ဖြိုးခြင်း အတွက် ဦးဆောင်

Ford သည် မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ဈေးကွက်အတွင်း တစ်နှစ်ပတ်လုံးရောင်းချရမှုသည် ၂၂၃ ရာခိုင်နှုန်းထိ တိုးတက်လာပြီး စုစုပေါင်းအစင်းရေ (၆၄၂) စင်းခန့်အထိရောင်းချနိုင်ခြင်း။ Ford နှင့် မိတ်ဖက်ကုမ္ပဏီများက ၎င်းတို့၏ ဒုတိယခြေလှမ်းသစ် ဖြစ်သည့် မန္တလေးဈေးကွက်တွင် Showroom/Serviceကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံ ဖွင့်လှစ်ရန်ပြင်ဆင်ခြင်း။ Ford မှ မြန်မာနိုင်ငံရှိလူမှုရေး၊ စေတနာ့ဝန်ထမ်း လှုပ်ရှားမှုများအား အမြဲပင်ထောက်ပံ့ ကူညီမှု ပေးရန် ကတိကဝတ်ပြုခြင်း။ ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၅ – Ford Motor Company သည် ၂၀၁၄ခုနှစ်တွင်
မော်တော်ယဉ် မျိုးစုံအား အောင်မြင်စွာရောင်းချနိုင်ခဲ့ပြီး Ford ၏နာမည်ကျော် Ranger Pickup မှအစပြု၍
ကားအမျိုးစုံအား တစ်နှစ်ပတ်လုံး ရောင်းချရမှုသည် ၂၂၃ ရာခိုင်နှုန်းထိ တိုးတက်လာပြီး စုစုပေါင်းအစင်းရေ (၆၄၂) စင်းခန့် ရောင်းချခဲ့ပါသည်။

၎င်းတို့အနက် Ford Ranger သည် မြန်မာနိုင်ငံဈေးကွက်ရှိ ကားချစ်သူများကြားတွင် အထူးပင် ရေပန်းစား၍ အောင်မြင်မှု ရရှိခဲ့ပါသည်။ Ford Ranger ၏ ဂုဏ်ရည်အား Ford Motor Company မှ Asia Pacific Emerging Markets ၏ Managing Director ဖြစ်သူ Mr. David Westerman က “Ford Ranger သည် အဆင့်အတန်းမြင့် ကားအမျိုးအစား ဖြစ်ပြီး ခရီးအနီးအဝေးအတွက် အကြမ်းသုံးရန်အတွက်လည်းကောင်း ပွဲလမ်းသဘင်နှင့် မြို့တွင်းသွားလာမှုအတွက် လည်းကောင်း ဘက်စုံအသုံးပြုနိုင်သည့်အပြင် လှပသည့်ဒီဇိုင်းနှင့် မြင့်မားသည့် စွမ်းဆောင်ရည်များဖြင့် ပြည့်စုံသည့်
ကားပင်ဖြစ်ပါကြောင်း ပြောကြားထားပါသည်။

Ford သည် ယခု ၂၀၁၅ နှစ်သစ်အတွက် မြန်မာနိုင်ငံဈေးကွက်နှင့် ကိုက်ညီမည့် ကားများ ဖြစ်ကြသည့် Fiesta Focus ၊ Taurus passenger cars ၊ EcoSport ၊ Edge ၊ ExplorerSUVs ၊ Ranger ၊ F-Series pickup trucks) စသည့် မော်တော်ယာဉ်မျိုးစုံအား တင်သွင်းရောင်းချမည် ဖြစ်ပါသည်။ ဆက်လက်ပြီး Mr. Westerman က “Ford ရဲ့ပြည်တွင်း မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Capital Automotive နဲ့လက်တွဲပြီး မြန်မာနိုင်ငံက ဝယ်ယူသူတွေအတွက် ကမ္ဘာ့မော်တော်ယာဉ် ဈေးကွက်မှာ ထိပ်တန်းအဆင့်ရှိတဲ့ Ford ကားတွေကို ဝန်ဆောင်မှုအပြည့်အစုံနဲ့ တင်သွင်းရောင်းချပေးမှာပါ”ဟု ပြောကြားခဲ့ ပါသည်။ မြန်မာပြည်တစ်ဝန်းသို့ ဈေးကွက်ခြေလှမ်းသစ် တိုးချဲ့ခြင်း Ford သည်၂၀၁၅ နှစ်သစ်အတွက် ခြေလှမ်းသစ်အနေဖြင့် မန္တလေးမြို့တွင် sales နှင့် service centre အသစ်တစ်ခုအား ၂၀၁၅ နှစ်ဦးပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပါသည်။

ထို့ပြင် ၎င်း မန္တလေး ၇၈လမ်းတွင် တည်ရှိသည့် sales နှင့် service centre Ford ၏ ကမ္ဘာ့ကားဈေးကွက်မှာ ထိပ်တန်း အဆင့်ရှိသည့် ကားများကို ရောင်းချပေးမည့်အပြင် ကျွမ်းကျင်မှုလက်မှတ်ရ ပညာရှင်များ၊ နေက်ဆုံးပေါ် စမ်းသပ်ကိရိယာ များ(Diagnostic Equipment)၊ Ford Authorised Service စသည့်တို့ကို ပေးစွမ်းရန် အထူးဝန်ဆောင်မှု ပစ္စည်း ကိရိယာများနှင့် အပိုပစ္စည်းများကို အမြဲရရှိနိုင်ရန် ဆောင်ရွက်ကာ ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ပါသည်။ မန္တလေး Showroom အသစ်တွင် Ford ၏နှစ်ရှည်စီမံကိန်း တစ်ခုအနေဖြင့် ဝယ်ယူသူများက ကမ္ဘာ့အဆင့်မီ ကား ၁၀ စင်းအား တစ်ပြိုင်နက် ကြည့်ရှုလေ့လာနိုင်မည့် ပြခန်း (Bay Showroom) နှင့် ကား ၁၀စင်းအား တစ်ပြိုင်နက် ပြုပြင်နိုင်သည့် ဝန်ဆောင်မှု (Service Facility) များပါ တိုးချဲ့ လုပ်ဆောင်ပေးနိုင်ရန် ဖြစ်သည်။

Ford Motor Company မှ Asia Pacific Emerging Markets ၏ Managing Director ဖြစ်သူ Mr. David
Westerman က “Ford မန္တလေး Showroom အသစ်ကနေပြီးတော့ နိုင်ငံအနှံ့က Ford ဝယ်ယူအားပေးသူတွေအတွက် အရောင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပိုပစ္စည်းစတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဈေးကွက်မှာ Ford ဝယ်သူအားပေးသူများကို ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်မှာပါ” ဟုပြောကြားခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် Ford နှင့် မိတ်ဖက်ကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်ပညာရှင်အဆင့်ရှိသည့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ (Ford Master Technician) ပညာရှင် (၃) ဦးတို့ဖြင့် ဝန်ထမ်းများအား လုပ်သားကျွမ်းကျင်ရေး သင်တန်းများကို လုပ်ဆောင်ပေးခဲ့ပါသည်။

Ford Myanmar သည် ပြည်တွင်းရှိလူမှုအဖွဲ့အစည်းများ၊ ပရဟိတလုပ်ငန်းစဉ်များအတွက် အမြဲပင်ထောက်ပံ့မှုပေးခြင်း၊ လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ခြင်းတို့အား အစဉ်တစိုက်ဆောင်ရွက်ပေးလျက် ရှိပါသည်။၂၀၁၄ ခုနှစ်တွင် Ford နှင့် မိတ်ဖက်ကုမ္ပဏီများ ဖြစ်ကြသည့် RMA Group နှင့် Capital Automotive ကုမ္ပဏီတို့ပူးပေါင်းကာ ရန်ကုန်မြို့ပြင်ရှိ အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် စာသင်ခန်း ၆ ခန်းပါ စာသင်ဆောင်အား ဆောက်လုပ်လှူဒါန်း ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ထင်ဟက်ပြသခဲ့ပါသည်။

Ford ၏ ပထမဆုံးသော လူမှုဝန်းကျင်ကူညီထောက်ပံရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် လှူဒါန်းသည့် အဆိုပါ စာသင်ဆောင်တွင် ကျောင်းသား၊ သူ ၃၆၀ဦး ဝင်ဆံ့နိုင်မည် ဖြစ်သည်။ ထို့အပြင် Fordမှ နေပြီး လူမှုဝန်းကျင် ကူညီထောက်ပံ့မှု များကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး အသေးစိတ် အစီအစဉ်များကိုလည်း လာမည့်ရက်သတ္တပတ်များတွင် အသိပေး ကြေညာသွားမည်ဖြစ်ပါသည်။

Ford Motor Company အကြောင်း

Ford Motor Company သည် ကမ္ဘာ့မော်တော်ယာဉ်ကဏ္ဍတွင် ထိပ်တန်းအဆင့်ဖြင့် ရပ်တည်နေသည့် ကုမ္ပဏီဖြစ်ပြီး အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ Dearborn City တွင် အခြေစိုက်၍ ကမ္ဘာအနှံ့ရှိမော်တော်ယာဉ်ဈေးကွက်တွင် ထုတ်လုပ် ရောင်းချလျက်ရှိသည့် ကားကုမ္ပဏီ ဖြစ်ပါသည်။ Ford တွင် ဝန်ထမ်းစုစုပေါင်း ၁၈၉၀ဝ၀ ခန့်ရှိပြီး ကမ္ဘာအနှံ့ ကားစက်ရုံပေါင်း ၆၅ ခုခန့်ဖြင့် လည်ပတ်လျက်ရှိပြီး နာမည်ကျော် Ford နှင့် Lincoln brands များထုတ်လုပ်ရောင်းချပါသည်။ Ford Motor Company သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို Ford Motor Credit Company မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Ford နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ယခုထက်ပိုမို၍ စုံလင်စွာလေ့လာလိုပါက http://corporate.ford.com/ သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း စီစဉ်တင်ဆက်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *