Automobile

Ford Edge

Ford-Edge

Crossover ကားတစ်စီးကို သင်ဝယ်ယူတော့မယ်ဆိုရင် လုံးဝမမှားနိုင်တဲ့ ရွေးချယ်မှု တစ်ခုအဖြစ် 2012 Ford Edgeက အသင့်ရှိနေမှာ ဖြစ်ပါတယ်။ Fordရဲ့ ထုံးစံအတိုင်း ပြောင်လက်သေသပ်တဲ့ ရှဲလ်တွေအပြင် လေခွဲအားကို ကောင်းမွန်စေမယ့် တည်ဆောက်မှုတွေနဲ့ Edgeကို ဟိုင်းဝေးလမ်းပေါ်မှာ ဆီတစ်ဂါလံကို မိုင် (၃၀)နှုန်း မောင်းလို့ ရမယ့် 2.0L EcoBoost အင်ဂျင်နဲ့ မြင်းကောင်ရေ 285ကောင်အားရှိပြီး ဟိုင်းဝေးလမ်းမှာ ဆီတစ်ဂါလံ ၂၇မိုင် မောင်းလို့ရမယ့် 3.5L TI-VCT V6 အင်ဂျင်တို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဆီတစ်ဂါလံကို ၂၇မိုင် မောင်းလိုတယ်ဆိုတဲ့အချက်ဟာ V6အင်ဂျင်နဲ့ ကားတွေထဲမှာ Ford Edgeမှာပဲ ရှိတဲ့အချက်ပါ။ ရှေ့ယက်နဲ့ Four Wheels မောင်းနှင်မှုကိုလည်း သင့်စိတ်ကြိုက်ရွေးချယ်လို့ရမှာမို့ မောင်းနှင်ရတာ စိတ်ကျေနပ်မှု ရရှိစေမယ့် ကားတစ်စင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သင်မောင်းနှင်နေစဉ်အတွင်း ဖုန်းခေါ်ဖို့နဲ့ သီချင်းတွေဖွင့်ဖို့အတွက် အသံနဲ့ အမိန့်ပေးပြီး ခိုင်းလို့ရတဲ့အတွက် မောင်းနှင်မှုကို အနှောင့်အယှက် မဖြစ်ဘဲ အတော်လေးကို လွယ်ကူအဆင်ပြေသွားစေမှာပါ။ Entertainmentအပြင် လမ်းညွှန်စနစ်၊ ရာသီဥတု သတိပေးစနစ် စတာတွေအတွက် SYNCနဲ့ My Ford Touch နည်းပညာတွေကို အသုံးပြုထားပြီး ၈လက်မ အရွယ်အစားရှိတဲ့ LCD Display ပါဝင်ပါတယ်။ ထို LCD Displayနဲ့ပဲ မြေပုံတွေ၊ ဓာတ်ပုံတွေကို ကြည့်ရှုတဲ့ အပြင် ဖုန်းနဲ့ ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ကားထဲမှာ ပါလာတဲ့ စီးနင်းသူတွေအတွက် Wi-Fi Hotspot တစ်ခုကို ဖန်တီးပေးထားလို့ရပြီး ကားစီးသွားရင်းနဲ့ အင်တာနက် အသုံးပြုဖို့ အဆင်ပြေစေမှာပါ။ ဘေးဘက်၊ အနောက်ဘက်တို့အပြင် ကားရဲ့ ရှေ့အောက်ပိုင်းက မမြင်ရတဲ့ Blind Sport Areaတွေအတွက်လည်း Sensorတွေ တပ်ဆင်ထားပြီး အသံနဲ့ အသိပေးစနစ်တင်မကဘဲ ကားရှေ့လေကာမှန်မှာ Flashမီးအလင်းရောင် ပြပြီးတော့ပါ အချက်ပေးသွားမှာ ဖြစ်ပါတယ်။ ကားလမ်းကြောင်း ပြောင်းတဲ့နေရာမှာသာမက သင့်ရှေ့မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ အကွာအဝေးကိုပါ တွက်ချက်ပြီးတော့ အချက်ပြ သတိပေးခြင်း၊ အန္တရာယ်ရှိတဲ့ အနေအထားတွေမှာ အလိုအလျောက် ဘရိတ်ထိန်းပေးခြင်းတွေပါ ပြုလုပ်ပေးမှာဖြစ်လို့ လုံခြုံစိတ်ချရတဲ့ ကားတစ်စင်းပဲ ဖြစ်ပါတယ်။ Modelတွေအနေနဲ့ SE, SEL, Limitedနဲ့ Sportဆိုပြီး လေးမျိုး ခွဲထုတ်ထားပါတယ်။

ထိုင်ခုံတွေကို အပူပေးတဲ့ စနစ်အပြင် 360 Watt Sony Audio စနစ်လည်း ပါဝင်ပြီး သင့်စိတ်ကြိုက် Radio Channelတွေကို ဖမ်းယူနိုင်မှာ ဖြစ်သလို Internet Radio တစ်ခုဖြစ်တဲ့ Pandoraကိုလည်း ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒီကားဟာ သင့်ကို လုံခြုံမှုပိုင်းရော နည်းပညာမြင့်မားမှုကိုပါ ပေးစွမ်းပေးမယ့်အပြင် ဆီစားသက်သာပြီး ဆီတိုင်ကီထဲမှာ ဆီအပြည့်ထည့်ထားရင် မိုင် (၅၀၀)အထိ ဆက်တိုက် မောင်းနှင်လို့ ရမှာဖြစ်လို့ ဇိမ်ခံကားတစ်စီးအနေနဲ့ သာမက ဟိုင်းဝေးလမ်းတွေပေါ်မှာ ခရီးသွားဖို့ပါ အဆင်ပြေစေမယ့် ကားတစ်စီးအဖြစ် ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *