News

FMI Air မှ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ်ရရှိခြင်း အထိမ်းအမှတ်အဖြစ် ရေစက်သွန်းချ တရားတော်နာ မင်္ဂလာချီးမြှောက်ပြီး ရန်ကုန်သို့ စတင်ပျံသန်း

FMI Air မှ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ်ရရှိခြင်း အထိမ်းအမှတ်အဖြစ် ရေစက်သွန်းချ တရားတော်နာ မင်္ဂလာ ချီးမြှောက်ပြီး ရန်ကုန်သို့ စတင်ပျံသန်း

ရန်ကုန်၊ ၂၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၅ – FMI Air သည် လေကြောင်းညွှန်ကြားမှူ ဦးစီးဌာနမှ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ် (AOC) လက်ခံရရှိခြင်း အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လေယာဉ် ပျံသန်းခြင်း စတင်ခြင်းမပြုမှီ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဘေးအန္တရာယ်ကင်းဝေးကာ အောင်မြင်ချောမွေ့စေရန်အတွက် ဒေသတွင်း ပျံသန်းမည့် Bombardier CRJ-200 အား သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။

FMI Air သည် နေ့စဉ် ပုံမှန် အချိန်စာရင်းလိုက် ပျံသန်း ဝန်ဆောင်မှု (full scheduled airline) ပေးသော လေကြောင်းလိုင်း အဖြစ်လည်း ပြောင်းလဲလုပ်ကိုင်မည်ဖြစ်ပြီး မန္တလေးသို့ နေ့စဉ်ပျံသန်း ပြေးဆွဲမှုအား မတ်လ အလယ်တွင် စတင်သွားမည့် ဝန်ဆောင်မှုအသစ်များနှင့် စပ်လျဉ်းပြီး မကြာမီက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Mark McDowell နှင့် Bombardier အရောင်းဌာန၏ ဌာန ဒုတိယ ဥက္ကဌ ဖြစ်သူ Mr. Frank Baistocchi တို့မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Bombardier အား မြန်မာနိုင်ငံမှကြိုဆိုခဲ့ကြပါသည်။ FMI Air သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ကနေဒါနိုင်ငံ Bombardier ကုမ္ပဏီ မှတင်သွင်းသည့် ယုံကြည်စိတ်ချရသော ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည့် CRJ 200 လေယာဉ်ဖြင့် ဝန်ဆောင်မှုပေး လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး အဆိုပါ အခမ်းအနား ပြီးနောက် ဧည့်သည်တော်များသည် FMI Air ၏ သုံးစွဲသူများအတွက် ပေးစွမ်းမည့် သာလွန်ကောင်းမွန်သည့် ဝန်ဆောင်မှုအတွေ့အကြုံ ကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော် မှ ရန်ကုန် သို့ ပျံသန်းရာတွင် ငြိမ့်ညောင်းသာယာစွာ စီးနင်း လိုက်ပါရင်း ခံစားခဲ့ကြပါသည်။ ယင်း ညစာစားပွဲ အခမ်းအနားသို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးနေထွန်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး McDowell နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခဲ့ကြသည်။

FMI Air သည် လက်ရှိတွင် ရန်ကုန်-နေပြည်တော် ခရီးစဉ် နေ့စဉ် သုံးကြိမ် ပုံမှန် ပျံသန်းပြေးဆွဲလျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *