Alcatel က Fire S စမတ်ဖုန်း ကို ဘာစီလိုနာ နိုင်ငံမှာ (၂၄) ရက်နေ့က ကျင်းပတဲ့ Mobile World Congress မှာ ပြသလိုက်ပါတယ်။ Alcatel က ထုတ်လုပ်ထားတဲ့ Idol 2 Mini S နဲ့ ဒီဇိုင်းဆင်တူတယ်လို့ သိရပါတယ်။
One Touch Fire S စမတ်ဖုန်း မှာ Firefox OS ကို အသုံးပြုထားပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ အရည်အသွေးမြင့် စမတ်ဖုန်း ပုံစံပေါ်ပါတယ်။ Alcatel က ထုတ်လုပ်ထားတဲ့ စွမ်းဆောင်ရည်နိမ့်ဖုန်းများဖြစ်တဲ့ Fire C , Fire E များမှာလိုမဟုတ်ဘဲ Fire S မှာ Quad-Core 1.2GHz Processor တပ်ဆင်ထားပြီး LTE ဆက်သွယ်မှု အသုံးပြုနိုင်ပါတယ်။
ယူရို (၁၆၉) ၊ အမေရိကန် ဒေါ်လာ (၂၃၂) ဖြင့်ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အနည်းငယ် ဈေးကြီးတယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။ Mozilla ရဲ့ Firefox OS ကို အသုံးပြုချင်သူများအတွက် သင့်တင့်တဲ့ဈေးနှုန်း နဲ့ ရရှိမှာ ဖြစ်ပါတယ်။ Fire S ကို ဇူလိုင်လ နဲ့ စက်တင်ဘာလ အတွင်း မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။