Opinion

လုပ်ငန်းခွင် တိုးတက်ဖို့ သုံးမရတဲ့ လူဟောင်း၊ လမ်းဟောင်းတွေ ဖယ်ဖို့လို…

ယနေ့ခေတ် ပြောင်းလဲနေသော ကမ်ဘာကြီး၏ နောက်ကောက် မကျန်ခဲ့ရန် ကျွန်မတို့လည်း အပြောင်းအလဲ ပြုလုပ်ကြရပါမယ်။ အပြိုင်အဆိုင် ပေါများသော လောကတွင် စီးပွားရေး ကဏ္ဍသည် ခြေလှမ်းသွက်ရန်နှင့် လိုက်လျောညီထွေဖြစ်ရန် လိုက်လံ ညှိတတ်ဖို့ အများဆုံး လိုအပ်သည့်ကဏ္ဍ ဖြစ်သည်။ မပြတ်ပြောင်းလဲနေသော ကမ်ဘာကြီး၌ စိတ်ကူးစိတ်သန်းအသစ်များဖြင့် တီထွင် ဉာဏ်ရှိနေနိုင်မှသာ သင်ရဲ့ လုပ်ငန်းမြဲမြံမှာ ဖြစ်ပေသည်။ ခြေတစ်လှမ်း သာနေသောသူများသာ အောင်နိုင်ရာ၏။ အရင်ဆုံး စဉ်းစားဖို့ လိုလာတာကတော့ သင်သည် အဘယ်အတွက်ကြောင့် တီထွင်ကြံဆတတ်ရမည်နည်း ဆိုတာကိုပါပဲ။

ပထမ အဆင့်အနေဖြင့် သာမန်ကာလျှံကာ စိတ်ထား ထားရှိခြင်းကို ရှောင်ကျဉ်ရန်၊ ဒုတိယအဆင့်အနေဖြင့် နာတစ်ဖျားသာ နေဖို့လား၊ ဒါမှမဟုတ် လောကကြီးက မပြတ်ပြောင်းလဲတိုးတက်နေသောကြောင့်လား ဆိုတာ စဉ်းစားဖို့ လာလိုပါပြီ။ ကျွန်မတို့သည် ပြည်တွင်းဈေးကွက်တွင်ရော ပြည်ပမှာပါ ဈေးကွက်ကို ဦးဆောင်သူများ ဖြစ်နေရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့သာ ဈေးကွက်ဦးဆောင်သူ မဟုတ်ခဲ့ရင် ဈေးကွက် ဦးဆောင်သူများရဲ့ ချယ်လှယ် စိုးမိုးခြင်းကို အမှန်တကယ် ခံကြရမည် ဖြစ်ပါသည်။ တီထွင်ကြံဆခြင်းသည် အလုပ်တစ်ခု ဖြစ်သည်။ အခက်အခဲ ပြဿနာ ဖုထုံး ရှိလာလျှင် ပြန်ဖြည့်ဖို့ နည်းလမ်း ရှာရစမြဲ ဖြစ်သည်။ တီထွင်ကြံဆခြင်းသည် ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ တီထွင်ဖန်တီးတတ်သောသူများတွင် ထူးခြားသော ပါရမီနှင့် ကိုယ်ရည်ကိုယ်သွေး ရှိသည်ဟု ကျွန်မတို့ တွေးထင်တတ်ကြ ပါသည်။ အချို့အတွက်သည် မှန်သော်ငြားလည်း များသောအားဖြင့် ကျွန်မတို့ ကြိုးစားအားထုတ်၍ ရနိုင်ပါသည်။ သင့်လုပ်ငန်းတွင်း အဆင်မပြေမှု အရေးပေါ် ဖြစ်ပွားလာခဲ့ရင် နည်းလမ်းဟောင်းများ ထက် နည်းလမ်းသစ်များအားဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ကြိုးစားကြရမည်။

တီထွင်ကြံဆခြင်းသည် အသိဉာဏ် ဗဟုသုတထက် သာ၍ အရေးကြီးပါသည်။ ပါရမီရှင် တစ်ဦးဖြစ်လာဖို့ ပြင်ပမှ တွန်းပို့အားသည် ၁၀ ရာခိုင်နှုန်းနှင့် ကျန် ၉၀ ရာခိုင်နှုန်းမှာ ကိုယ်တိုင် ခံယူချက်များ သုံးခြင်းတို့ ရှိဖို့ လိုအပ်လှပါသည်လို့ အဲလ်ဘတ်အိုင်စတိုင်းက ပြောပါသည်။ တကယ်လို့သာ သင့်ထံမှာ စိတ်ကူးအသစ်များ တောက်လျှောက်ရှိနေခြင်းအပေါ် စိတ်မပျက်ပါနှင့်။ လွယ်ကူသော ကိစ္စ မဟုတ်သဖြင့် လူအတော်များများသည် အချိန်ယူကာ ပြုလုပ်ကြရပါမည်။

ဆန်းသစ်သော စိတ်ကူးရှိရန်နှင့် တီထွင်ကြံဆတတ်ရန်သည် လွယ်ကူသော အလုပ် မဟုတ်ပေ။ ရည်ရွယ်ချက်ရှိရှိနှင့် အချိန်ယူကာ ပြုလုပ်ရပါမည်။ ဒါဆိုရင်တော့ ကျွန်မတို့ ဘာတွေကို သင်ယူ ရရှိရမည်နည်း။ တီထွင် ကြံဆခြင်းသည် ဖြစ်စဉ်တစ်ရပ်ဖြစ်ကာ ဦးနှောက်ကို အသုံးပြုကြရ၏။ ၎င်းကို ကြွက်သားများကဲ့သို့ပင် ကြီးထွား ရှင်သန်လာအောင် လေ့ကျင့် ပျိုးထောင်ယူရမည်ပင် ဖြစ်ပါ သည်။ မည်သို့အားဖြင့် ပို၍ တီထွင်ဖန်တီးနိုင်မည်နည်း။ ပြဿနာ အဖုအထစ်လေးများကို ပြန်ဖြည်ဖို့ ဖန်တီးရောစပ်ထားသော နည်းလမ်းများကို သုံးရမည်။ ထို့နောက် ဆက်လက်ပြီး… ရေမြှုပ်ဖော့တုံးကဲ့သို့ ကျင့်ပါ အခက်အခဲ ပြဿနာများ၊ နည်းလမ်း အဖြေများအတွက် သဲလွန်စများကို ရနိုင်သလောက် စုပါ။ နောက်တစ်ချက်…

လှုပ်ခါလိုက်ပါ အချက်အလက်များ၊ သတင်းအစအနများကို မွှေနှောက်ကာ ပေါ်ပေါက်လာသည့် အမှားများအတွက် အဘယ်ကြောင့် ဖြစ်ပွားခဲ့ရသည်များကို မေးခွန်းထုတ်ပါ။

ညှစ်ထုတ်ပါ စိတ်ကူးစိတ်သန်းများကို ရနိုင်သလောက် ညှစ်ထုတ်ပါ။ အလားအလာကောင်းသော၊ အဖြေနှင့် နီးစပ်သော စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာလိမ့်မည်။

ဆန့်ထုတ်လိုက်ပါ အခြားသောသူများထံမှ အကြံဉာဏ်များလည်း တတ်နိုင်သလောက် တောင်းယူနိုင်ပါသေးတယ်။ စိတ်ကူးသစ်များ ပေါ်လာပါလိမ့်မည်။ အကြီးအကျယ် စဉ်းစားတွေးတောပြီးနောက် အကြောင်းအရာများကား တစ်ခုနှင့် တစ်ခု ဆက်စပ်လာပြီး အဖြေ ထုတ်ပေးနိုင်သည့် စိတ်ကူးစိတ်သန်းများ ရလာပါလိမ့်မည်။ ဤကဲ့သို့သော ပြဿနာများ၏ အဖြေများသည် သင် မျှော်လင့်မထားတော့သည့်အချိန်၊ ပြဿနာအကြောင်းကို တွေးတော မနေသည့် အချိန်မျိုး၌ ပေါ်လာတတ်သည်။ နောက်တစ်နည်းကတော့ များသောအားဖြင့် စိတ်ကူးအသစ်များသည် သင်အနားယူနေသည့်အချိန်၊ စိတ်အပန်းဖြေနေသည့်အချိန်၊ ပြဿနာရပ်အကြောင်းကို မတွေးတောဘဲ နေသည့်အချိန်၊ ရေချိုးနေချိန်၊ အနားယူပြီးချိန် စသည်တို့၌ ပေါ်လာတတ်သည်။

ပြုလုပ်ပါ ဤနည်းလမ်းသည်လည်း သင်တို့ရဲ့ စွမ်းရည်အသီးသီးနှင့် သင်ယူ တတ်မြောက်ထားသော အတတ်ပညာတို့ကို တွဲသုံးကာ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်းခြင်းအားဖြင့် စိတ်ကူးအကြံအစည် အကြမ်းများကို သင့်တော်သော အဖြေရရှိအောင် ပြုလုပ် ပုံဖော် ဆောင်ရွက်သင့်ပေသည်။ ကျွန်မတို့သည် ပြဿနာကို ဖြေရှင်းရာ၌ မိမိကိုယ်ကို ကန့်သတ်ကာ အခြားတစ်နည်းကို သုံးဖို့ အားမထုတ်လိုကြချေ။ တစ်နည်းပြောရရင် လမ်းဟောင်းအတိုင်း နည်းဟောင်းအတိုင်းသွားခြင်းကို ဆိုလိုတာ ဖြစ်ပါသည်။ ရလဒ်အသစ်များ ရလာရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းလမ်းအသစ်များကို သုံးဝံ့ရမည်။ အမှန်တကယ်တော့ နည်းလမ်းဟောင်းကြီးများက အဖြေအသစ် ပေးခဲ့သည်။

ပေါ့ပေါ့ပါးပါးနှင့် မဆိုင်းမတွပင် ထလုပ်တတ်သူများအတွက် အဖြေအသစ် ရရှိရန် မခဲယဉ်းပေ။ တစ်ခါတလေ စည်းဝိုင်းအတွင်းမှာ မနေပဲ စည်းဝိုင်းပြင်ပအထိပါ ထည့်စဉ်းစားတတ်ရမည်။ များများ သင်ယူကာ စိတ်ကူးသစ်များ၊ နည်းလမ်းသစ်များ၊ လူအများနှင့် များများ ထိတွေ့လေလေ၊ သင့်အတွက် စိတ်ကူးအသစ် များများ ရရှိဖို့ရန် လွယ်ကူလေလေ ဖြစ်ပါသည်။ နံရံကို ၀င်မဆောင့်ပါနှင့်။ ကွေ့ပတ်သွားပါ။ သင်ပြုလုပ်နေသည့်အရာများကို အပြောင်းအလဲ လုပ်ကာ သဟဇာတ ဖြစ်အောင် ညှိပြီး ပြုလုပ်သွားပါ။ ဆိုရိုးတစ်ခု ရှိပါသည်။

“တီထွင်ဖန်ဆင်းခြင်း၏ အခက်အခဲ ပြဿနာများက လမ်းဟောင်းကြီးများက ကောင်းစွာ အသုံးမ၀င်တော့လျှင် လမ်းသစ် ရှာရပါမည်။ တီထွင် ဖန်တီးမှုများ၊ စမ်းသပ်မှုများမှလွဲ၍ အခြားနည်းလမ်း မရှိပါ။” တီထွင်ဖန်တီးမှုကို တွန်းအားပေးသော အရာများကတော့ အမှီအခို ကင်းလိုမှုနှင့် စိတ်အားထက်သန်မှု၊ လေ့လာစူးစမ်းမှုနှင့် အခက်အခဲ ပြဿနာတို့ပဲ ဖြစ်ပါတယ်။ အသစ်တီထွင် ဖန်တီးလိုမှုကို ပိတ်ပင်တားဆီးသော အရာများကလည်း ရှိပြန်သေးသည်။

အသစ်အဆန်း မှန်သမျှကို ငြင်းဆန်မှုနှင့် မိမိ၏ ဖြစ်အင်ကို ကျေနပ် တင်းတိမ်နေမှုတို့ ဖြစ်ပါတယ်။ အပြောင်းအလဲ လုပ်ရင် နာကျင်သည်။ ပေးဆပ်ရသည်။ သက်တောင့်သက်သာ မရှိ။ အန္တရာယ်များကာ ဂုဏ်သိက္ခာ ထိပါးနိုင်သည့်အပြင် လူ့သဘောသဘာ၀အရ အပြောင်းအလဲ မလုပ်လိုကြပေ။ သို့ရာတွင် လမ်းသစ်များကသာ စိတ်ကူးအသစ်များကို ပေးစွမ်းပါလိမ့်မည်။ လမ်းဟောင်းကြီးများက ရလဒ်အဟောင်းများကိုသာ ပေးသည်။ သင့်ရဲ့ လက်ရှိအခြေအနေကိုသာ ကျေနပ်တင်းတိမ်နေခြင်းသည် လမ်းသစ် ထွင်ရန် လုံလောက်သော တွန်းအားကို မပေါ်ပေါက်စေပါ။

ဒါကြောင့် တိုးချဲ့ဖို့၊ တိုးတက်ဖို့ ဆန္ဒ မရှိရင်လည်း ပြည့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်သည် လမ်းစ ရှာတတ်ရပါမည်။ တီထွင်ဖန်တီးခြင်းဟုဆိုရာ၌ အကောင်းဆုံး စိတ်ကူးစိတ်သန်းများကို ရှာဖွေ စုဆောင်းခြင်း တစ်ခုတည်း မဟုတ်ဘဲ သင်ကိုယ်တိုင်၌လည်း စိတ်ကူးစိတ်သန်းမြောက်မြားစွာ ရရှိစေပါသည်။ များပြားလှစွာသော စိတ်ကူးယဉ်မှုများ ပြုလုပ်ထားပါ။ စိတ်ကူးသစ်တစ်ခု ပေါ်ပေါက်လာသည့်နောက်တွင် ကောင်းသော စိတ်ကူးပေါင်းများစွာ ထပ်မံ လိုက်ပါလာမည်။ ၎င်းတို့ထဲမှ သင်လည်း သင့်ရာကို ရွေးချယ်သွားနိုင်မည် ဖြစ်ပေသည်။ သင့်စိတ်ကူးများကို အများကပင် လက်မခံနိုင်သည့် အခြေအနေ ရှိနေရင်လည်း စိတ်မပူပါနှင့်။ သင့်လုပ်ငန်းကို တိုးတက်စေမည့် စိတ်ကူးများ ဖြစ်လာမည်ကို မကြာမီ တွေ့ရှိလာပေတော့မည် ဖြစ်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *