Filemailက အခမဲ့ Web App ဖြစ်ပြီး 30GB အထိ အရွယ်အစားရှိတဲ့ ဖိုင်များကို ပို့ပေးနိုင်ပါတယ်။ အီးမေးလ်ကနေ အလွန်အရွယ်အစားကြီးတဲ့ ဖိုင်များကို ပို့လို့မရတဲ့အတွက် Filemailက အသုံးဝင်ပါတယ်။ Web Formတွေ ဖြည့်တတ်ရင် Filemailကို အသုံးပြုရ လွယ်ကူပါတယ်။
Filemail ၀က်ဆိုက်ကို သွားရင်အောက်က ပုံမှာလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပေးပို့ချင်တဲ့သူရဲ့ အီးမေးလ်၊ သင့်ရဲ့ အီးမေးလ်၊ အကြောင်းအရာနဲ့ စာသားကို ဖြည့်ပေးပါ။ ပြီးရင်အောက်မှာ ပြထားတဲ့ Add Files ခလုတ်ကို နှိပ်ပြီး ဖိုင်ကို ရွေးချယ်ပေးပါ။
ဖိုင်ကို Password နဲ့ ကာကွယ်ထားလို့ ရသလို ဒေါင်းလုပ် ရယူနိုင်မယ့် ရက်ကို ကန့်သတ်ထားနိုင်ပါတယ်။ အခမဲ့ အသုံးပြုရင် (၇)ရက် အတွင်း ဒေါင်းလုပ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ရင် အချက်ပေးအောင်လည်း ပြုလုပ်နိုင်ပါတယ်။
ဖောင်တွေ ဖြည့်ရတာ အလုပ်ရှုပ်ပေမယ့် တစ်ချို့ ကို ဖြည့်စရာ မလိုဘဲ ကျော်သွားနိုင်ပါတယ်။ ဖိုင်ကို Upload လုပ်ပြီးရင် Download Pageကို ရောက်သွားမှာ ဖြစ်ပြီး Download Pageရဲ့ လိပ်စာကို ပေးပို့ချင်သူဆီ ပေးပို့နိုင်ပါတယ်။
Filemail ကို Register မလုပ်ဘဲ အခမဲ့ အသုံးပြုနိုင်ပါတယ်။ Free Version မှာ WeTransfer, Hightail (ယခင် YouSendit) တို့လိုပဲ အကန့်အသတ်နဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။ Pro Version မှာ Desktop Appကို အသုံးပြုနိုင်ပြီး Outlook, Thunderbirdတို့လို Email Client များနဲ့ တွဲဖက် အလုပ် လုပ်နိုင်ပါတယ်။
Filemailရဲ့ Data Server များဟာ အမေရိကန်၊ ဥရောပ နဲ့ အာရှ မှာ ရှိတဲ့အတွက် ဖိုင်ပေးပို့၊ ရယူရာမှာ ချောမွေ့ အဆင်ပြေပါတယ်။