နိုင်ဂျီးရီးယားနိုင်ငံ၏ အာဏာရပါတီ ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပါတီတွင် အုပ်စုကွဲခဲ့ပြီးနောက် နိုင်ငံရေးသမားများ အပြန်အလှန် လက်သီးထိုးပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ရက်သတ္တခုနစ်ပတ်ကြာ ရပ် နားထားခဲ့သော အောက်လွှတ် တော်အစည်းအဝေး ပြန်လည် စတင်စဉ် ယခုကဲ့သို့လက်သီးထိုး ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းများတွင်ဖော်ပြချက် အရ သမ္မတဂွတ်လပ်ဂျိုနသန်ကို သစ္စာစောင့်သိသော လွှတ်တော် အမတ်များက အော်ဟစ်လှောင် ပြောင်ရာမှ ပြိုင်ဘက်များကို မခံ မရပ်နိုင်ဖြစ်စေကာ အပြန်အလှန် လက်သီးထိုး ပွဲပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ အောက်လွှတ်တော်ရှိ အုပ် စုသစ်က သမ္မတဂျိုနသန်အနေ နှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းနေခြင်းကို လိုလားခြင်းမရှိကြဟု သိရသည်။ သမ္မတဂျိုနသန်က ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရန် ယခုအချိန်အထိ ပြောကြားခြင်း မရှိသေးသော်လည်း သူ၏ဇနီးအပါအဝင် မဟာမိတ် အချို့တို့က သမ္မတဂျိုနသန်အတွက် မဲဆွယ်စည်းရုံးမှုကို စတင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အဘူဂျာမြို့ရှိ အောက်လွှတ်တော်တွင်း ရန်ပွဲတွင် ဝရုန်းသုန်းကား ဖြစ်ပွားနေစဉ်အတွင်း နိုင်ငံရေးသမားတစ်ဦးက အခြားတစ်ဦး ၏င်္ကျီကို ဆွဲဖြဲခဲ့သည်ဟု ဆိုသည်။ လွှတ်တော်အမတ်များ၏ ရန်ပွဲသည် ၁ဝမိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု သိရသည်။ ရုပ်မြင်သံကြားပြကွက်တွင်မူ အမျိုးသမီးအမတ်တစ်ဦးက အခြားလုပ်ဖော်ကိုင်ဖက် အမတ်တစ်ဦး၏ မျက်နှာကို လက်ညှိုးဖြင့် ထိုးခဲ့သကဲ့သို့ အမတ်တစ်ဦးကမူ အခြားအမတ်တစ်ဦးကို ထိုင်ခုံဖြင့်ရိုက်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။