News

ယူကရိန်းနှင့်ပွဲ အင်္ဂလန်အသင်းအတွက် တိုက်စစ်မှူး အခက်ကြုံ

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းသည် ယူကရိန်း အသင်းမြေသို့ သွားရောက် ကစားရမည်ဖြစ်ပြီး အရေးပါသော အဆိုပါပွဲစဉ်တွင် အင်္ဂလန်တိုက်စစ်ပိုင်း ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် အုပ်စု (H)တွင် ခုနှစ်ပွဲကစားပြီး ရမှတ် ၁၅မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ပြီး ဒုတိယနေရာတွင် မွန်တီနီဂရိုးက ရှစ်ပွဲကစား ကာ ၁၅မှတ်ဖြင့် လည်းကောင်း၊ ယူကရိန်း အသင်းက ခုနစ်ပွဲကစား၁၄မှတ်ဖြင့် တတိယနေရာမှလည်းကောင်း ရပ်တည်နေရာ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေးမှာ သုံးသင်းစလုံးတွင် အခွင့်အရေးဆတူ ရှိနေဆဲဖြစ်သည်။

ထို့အပြင် အင်္ဂလန်အသင်းအနေဖြင့် လက်ကျန်သုံးပွဲစလုံးတွင် မွန်တီနီဂရိုးနှင့် ပိုလန်အသင်းတို့အား လက်ခံကစားရဦးမည်ဖြစ်ရာ ခြေစစ်ပွဲ အုပ်စုအဆင့်မှ ကျော်လွန်ရေးမှာ ရွိုင်းဟော့စ်ဆန်အတွက် ဖိအားများ ရှိနေပြီဖြစ်သည်။ ၄င်းအပြင် ရွန်းနီမှာ နဖူးဒဏ်ရာကြောင့် ယခုတစ်ပတ်အတွင်း ကစားခဲ့သော နှစ်ပွဲကို လွဲခဲ့သလို စတာရစ်ချ်မှာလည်း ပေါင်တွင်းကြော ဒဏ်ရာရထားသဖြင့် ယူကရိန်းပွဲအား သေချာပေါက် လွဲခဲ့ရသည့်အပြင် တောင်ပံတိုက်စစ် ကစားသမား ၀ဲလ်ဘက်မှာ မော်လ်ဒိုဗာနှင့် ပွဲတွင် အဝါကတ် ထပ်မံထိခဲ့၍ ယူကရိန်းနှင့်ပွဲကို လွဲချော်ရပြီဖြစ်ပြီး ရစ်ကီလမ်းပတ်ကိုသာ အားကိုးရတော့မည် ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *