Australia နိုင်ငံတွင် ပညာသင်ကြားရန် ပြင်ဆင်နေသူများ အတွက် Australian Visa & Student Services(AVSS Myanmar) ရုံးခန်းတွင် သြစတြေးလျ ပညာရေးစနစ်နှင့် ဘာသာရပ်များ အကြောင်း၊ ကျောင်းဝင်ခွင့် လျှောက်ထားခြင်း နှင့် ကုန်ကျစရိတ်များအကြောင်း စသည့် တို ့ကို အောက်ပါကျောင်းများမှ တာ၀န်ရှိသူများက Information Seminarနှင့် သိရှိလိုသည်များကို အမေးအဖြေပုံစံများ ပြုလုပ်ခြင်း၊ အကြံပြုချက်များ ပေးခြင်းတို ့ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
The University of Western Australia – Date: 26.9.2013 (Thursday), 10:00 a.m to 12:00 p.m
Australia နိုင်ငံ Perthမြို့တွင်တည်ရှိပြီး Australiaနိုင်ငံ၏ ထိ်ပ်တန်း တက္ကသိုလ် (Group of Eight) အဖွဲ့၀င်ဖြစ်ပါသည်။ UWAကို ၁၉၉၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး Western Australia (Perth)တွင် သက်တမ်း အကြာဆုံး ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ သင်ကြားမှုနှင့် သုတေသနပိုင်းတွင် ဦးဆောင် တက္ကသိုလ် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာ ့ထိပ်တန်း တက္ကသိုလ် (၅၀) အဆင့် သတ်မှတ်ချက်တွင် အစဉ်သဖြင့် စာရင်းဝင်သော ကျောင်းလည်း ဖြစ်ပါသည်။ University of Western Australiaတွင် Bachelor Degree မှ Master Degree ( Course work , Research ) အထိ သင်ကြားနိုင်ပါသည်။ UWA တွင် Medicine, Dentistry and Health Sciences, Architecture, Landscape and Visual Arts, Education, Engineering, Computing and Mathematics, Law, Life and Physical Sciences, Natural and Agricultural Sciencesအစရှိသော ဘာသာရပ်များကို သင်ကြားနိုင်ပါသည်။
UTS: INSEARCH – Date: 28.9.2013 (Saturday), 10:00 a.m to 12:00 noon
မြန်မာကျောင်းသားများ အများဆုံး တက်ရောက်လျက်ရှိသော UTS: INSEARCHသည် Australiaနိုင်ငံ Sydneyမြို့၏ အချက်အချာကျသော မြို့လယ်တွင် တည်ရှိပါသည်။ University of Technology Sydneyသို ့တိုက်ရိုက်တက်ရောက်ခွင့် မရသေးသည့် ၁၀ တန်းအောင်မြင်ပြီးသူများ၊ IGCSE ဖြေဆိုထားသူများအတွက် Foundation Programနှင့် Diploma Programများ သင်ကြားပေးနေသည့် University of Technology Sydney၏ အုပ်ချုပ်မှု အောက်တွင်ရှိပါသည်။ UTSဝင်ခွင့်အတွက် UTS: Insearchတွင် သင်ကြားနိုင်မည့် ဘာသာရပ်များမှာ Business, Information Technology, Engineering, Science, Nursing, Communication, Design နှင့် Architecutreတို် ့ဖြစ်ပါသည်။ University of Technology Sydneyကို (၁၉၈၁)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ Australian Technology Network၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ Sydney တွင် ထိပ်ဆုံးမှ ငါးခုမြောက် စာရင်းဝင် တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါသည်။ ထို့ပြင် World Ranking၌ UTS သည် အမှတ်စဉ် (၂၃၄)တွင် ရှိပါသည်။
The Kilmore International School (TKIS) Date: 30. 9. 2013 (Monday), 10:00 a.m to 12:00 noon
Australiaနိုင်ငံ Victoria Stateရှိ Kilmoreမြို့ တွင်တည်ရှိသော The Kilmore International Schoolသည် IB (Diploma of International Bacculaureate)ကို သင်ကြားပေးနေသည့် Boarding Schoolဖြစ်ပါသည်။ ၎င်းကျောင်းတွင် Year 7မှ Year 12အထိ တက်ရောက်သင်ကြားပြီး ယခုလက်ရှိ မြန်မာနိုင်ငံမှ ကျောင်းသားများအပြင် Brunei, Thailand, China, Malaysia, Japan, Korea, Germany, Britain, Australia, New Zealand, Hong Kong, Vietnameနှင့် Swedeanနိုင်ငံတို့မှ ကျောင်းသားများ တက်ရောက်လျက်ရှိပါသည်။ TKISသည် IB Diploma အောင်မြင်ပြီးသော ကျောင်းသား/သူများသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များသို ့ ကျောင်း၀င်ခွင့်များ ရရှိလျက်ရှိပါသည်။
သြစတြေးလျ နိုင်ငံ၏ ပညာရေးအကြောင်း စိတ်ဝင်စားသော မြန်မာကျောင်းသူ/သား များနှင့် မိဘများအား လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားအပ်ပါသည်။ တက်ရောက်လိုသူများ အနေဖြင့် Australian Visa & Student Services (AVSS Myanmar)သို ့ စာရင်းပေးသွင်းရန်လိုအပ်ပြီး အစီအစဉ်အသေးစိတ်ကို သိရှိလိုပါက အမှတ် ၁၂၇ (အေ) ၊ ပထမထပ် ၊ အနောက်ရွေှဂုံတိုင်လမ်း ၊ ဗဟန်း ။ ဖုန်း ၀၉ ၄၅၀၀၀ ၆၉၄၄ ၊ ၀၉ ၄၅၀၀၀ ၆၉၅၅သို ့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။