How-to

USB Safely Remove Hardware Device တွေကို Right Click Menu ထဲကနေ အလွယ် ဖြုတ်၊ တတ် လုပ်ချင်ရင်

usb-safely-remove-

Computer အသုံးပြုများ နေ့စဉ်အကြိမ်ပေါင်း များစွာ ကြုံတွေ့နေရတာတော့ USB အဖြုတ် အတတ် ပြုလုပ်နေရတာပဲ ဖြစ်ပါတယ်။ USB Device များကို Computerမှာ တပ်ဆင်ပြီးနောက် ပြန်ဖြုတ်ချင်တယ်ဆိုရင် Computer Desktopရဲ့ ညာဘက် အခြမ်းမှာ ရှိတဲ့ USB Safely Remove မှတဆင့် ပြန်ဖြုတ်သင့်ပါတယ်။ ဒါမှသာ USB Device ပျက်ခြင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး Safely Remove ကနေ သွားဖြုတ် နေရတာ ကြာပါတယ်။ Right Click Menu ထဲမှာ ထည့်ထားမယ်ဆိုရင် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ အဖြုတ် အတပ် လုပ်လို့ ရပါတယ်။ ပြုလုပ်ချင်တယ်ဆိုရင်

၁။ Run Box ထဲမှာ Regedit လို့ ရိုက်ပြီး enter နှိပ်လိုက်ပါ။

use-safely-remove-hardware-Device-1

use-safely-remove-hardware-Device-step-1

၂။ Registry Editor Box ကျလာရင် HKEY_CLASSES_ROOT >> DesktopBackground >> Shell ထဲကို အဆင့်ဆင့် သွားပါ။

use-safely-remove-hardware-Device-step-2

use-safely-remove-hardware-Device-step-2

၃။ Shell Folder ပေါ်မှာ Right Click နှိပ်ပြီး New ထဲက Key ကို သွားပါ။

use-safely-remove-hardware-Device-step-3

use-safely-remove-hardware-Device-step-3

၄။ Key Name ကို Safely Remove Hardware လို့ ပေးပါ။

use-safely-remove-hardware-Device-step-4

use-safely-remove-hardware-Device-step-4

၅။ ပြီးရင် အဲ့ဒီ ဆောက်ထားတဲ့ Folder ထဲမှာ Right Click နှိပ်ပြီး New ထဲက String Value ကို ရွေးပါ။

use-safely-remove-hardware-Device-step-5

use-safely-remove-hardware-Device-step-5

၆။ Value Name ကို Icon လို့ ပေးပါ။ Value Data နေရာမှာ hotplug.dll,-100 လို့ ဖြည့်ပါ။ ပြီးရင် OK ပေါ့။

use-safely-remove-hardware-Device-step-6

use-safely-remove-hardware-Device-step-6

၇။ ပြီးရင် အဲဒီ Safely Remove Hardware Folder ပေါ်မှာ Right Click နှိပ်ပြီး New >> Key လုပ်ပါ။

၈။ Key Name ကို Command လို့ ပေးပါ။

၉။ ပြီးရင် အဲဒီ Command Folder ထဲက Key File ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။

၁၀။ Key File ရဲ့ Value Name ကိုတော့ Default လို့ပဲ ထားပါ။ Value Data နေရာမှာ
C:\\Windows\\System32\\control.exe hotplug.dll လို့ ရိုက်ထည့်ပြီး OK နှိပ်လိုက်ရင် ရပါပြီ။
အားလုံး ပြီးပြီဆိုရင် Desktop ပေါ်မှာ Right Click နှိပ်ကြည့်ပါ။ Menu ထဲမှာ ကိုယ် ထည့်ထားတဲ့ Safely Remove Hardware ဆိုတာလေးကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ USB Hardware Device တွေကို Right Click Menu ထဲကနေ အလွယ်တကူ အဖြုတ်အတပ် ပြုလုပ်လို့ ရပါပြီ။

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *