News

မာလာလာအကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်မည်

Malala

အမျိုးသမီးများ ပညာသင်ကြားခွင့် ရရေးအတွက် တောင်းဆိုခဲ့သော ၁၆နှစ်အရွယ် ပါကစ္စတန် ကျောင်းသူ မာလာလာယူဆွတ်ဖ်ဇိုင်အကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူး သွားမည် ဖြစ်ကြောင်း ထုတ်လုပ်သူများက ဇူလိုင်လ ၁၆ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။

၎င်းမှတ်တမ်း ရုပ်ရှင်ကို ဒါရိုက်တာ David Guggenheinက ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၄ခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း
သိရသည်။ ဒါရိုက်တာ David Guggenheinသည် အမေရိကန် ဒုတိယ သမ္မတဟောင်းဖြစ်သူ အယ်လ်ဂိုး ပါဝင်သော An lnconvenient Truth သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်ဖြင့် အော်စကာဆု ရရှိခဲ့သူ ဖြစ်သည်။

တာလီဘန်တို့ကို ဖီဆန်ခဲ့သည့် မာလာလာ၏ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး လုပ်ဆောင်မှုများကြောင့် ယင်းမှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု The Kite Runner ဇာတ်ကား၏ ထုတ်လုပ်သူများ ဖြစ်သည့် ဝေါလ်တာ ပါကီးစ်နှင့် လော်ရီမက်ဒေါ်နယ် တို့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သော မာလာလာနေ့တွင် “စာအုပ်တွေ၊ ဖောင်တိန်တွေဟာ ကျွန်မတို့အတွက် အစွမ်းအထက်ဆုံး လက်နက်တွေပါ။ ကလေးတစ်ဦး၊ ဆရာတစ်ဦး၊ ဖောင်တိန်တစ်ချောင်း၊ စာအုပ်တစ်အုပ်ဟာ ကမ္ဘာကို ပြောင်းလဲနိုင်ပါတယ်။ ပညာရေးဟာ တစ်ခုတည်းသော အဖြေရှာခြင်းပါပဲ”ဟု မာလာလာက သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ တာလီဘန်များ၏ ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ မာလာလာအကြောင်း ရိုက်ကူးမည့် အဆိုပါ မှတ်တမ်းတင် ရုပ်ရှင်ကို ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) အခြေစိုက် Image Nation Abu Dhabi မီဒီယာလုပ်ငန်းက ရန်ပုံငွေ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *