News

အင်တာနက်ဖြင့် မိမိလူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း

အင်တာနက်ဖြင့် မိမိလူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း

မြန်မာနိုင်ငံတွင် လူဦးရေ ၅၅,၇၄၆,၂၅၃ ဝန်းကျင်ခန့်ရှိပြီးနည်းပညာတိုးတက်မှုရဲ့ အကောင်းမွန်ဆုံးလမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။ နိုင်ငံတကာတွင် ရရှိသုံးစွဲနေကြသောအင်တာနက်နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်းချင်း လက်လှမ်းမှီလာနေပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည်လည်း အခြားနိုင်ငံများနည်းတူ အင်တာနက်နည်းပညာ တိုးတက်လာမှုအပေါ်တွင် ခေတ်နှင့်အညီ လိုက်ပါစီးမျှောနေကြောင်း တွေ့ရသည်။ အင်တာနက်ဟာ လူတွေဆီကိုအမျိုးမျိုးသော နည်းလမ်းလမ်းကြောင်းများဖြင့် အမြင်သစ်များစွာကို ယူဆောင်ပေးနေပြီဖြစ်ပြီး ၄င်းလမ်းကြောင်းများထဲမှာမှ Social Media သည် အကြီးမားဆုံး တွန်းအားတစ်ခုအနေဖြင့် လူထုကိုအင်တာနက်အသုံးပြုလာအောင် အဓိကဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည်။ ဥပမာတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိရာမှာ ၄သန်းကျော်သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook သုံးစွဲနေခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူများဟာ နေ့စဉ်ဘဝမှာ အင်တာနက်သုံးစွဲမှုဟာမရှိမဖြစ် အရာတစ်ဖြစ်နေပြီလားဆိုတာကို Kaymu.com.mm မှ လေ့လာသုံးသပ်ထားသည့် အချက်များကိုဖော်ပြလိုက်ပါသည်။

လူမှုကွန်ရက်နှင့် ဘလော့ဂ် အသုံးပြုခြင်းအကြောင်း

အင်တာနက်သည် ပြင်ပရှိလူပုဂ္ဂိုလ်များကို လွယ်ကူစွာတစ်နေရာတည်းတွင် တွေ့ဆုံစေဖို့ပြုလုပ်ပေးပြီး အထူးသဖြင့် လူမှုကွန်ရက်သည် အသိုင်းအဝိုင်းအမျိုးမျိုး အထွေထွေမှလာသောသူများကို တစ်နေရာတည်းသို့ စုစည်းစေပြီးအပြန်အလှန် ဆွေးနွေးခြင်းများကို အလွယ်တကူပြုလုပ်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ လူမှုကွန်ရက်တွင်လူတွေ၏ အစောလျင်ကတည်းက ရှိနှင့်သောစိတ်အလိုမကျမှုများကို ပွင့်လင်းစွာဖြင့် ၄င်းတို့ရဲ့မကျေနပ်ချက်၊ အမြင်စသည်များကို လွတ်လွတ်လပ်လပ်ပြသနိုင်သည့်နေရာ၊ မိမိနှင့်အမြင်မတူသူများကိုလည်း တွေ့ဆုံနိုင်သည့်နေရာတစ်ခု ဖြစ်သည်။ ဘလော့ဂ်သည်လည်းပဲ ကြားခံတစ်ခုအနေဖြင့် မိမိ၏ကိုယ်ပိုင်အမြင်ယူဆချက်များကို လူအများကြား ပြသနိုင်သည့်နေရာတစ်ခုဖြစ်ပြီး မတူကွဲပြားခြားနားသော ဖြစ်ရပ်များအပေါ်တွင် သုံးသပ်ချက်၊ ထင်မြင်ချက်များကို ပြသနိုင်သည့် နေရာလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိအွန်လိုင်းရှော့ပင်း

ကမ္ဘာပေါ်ရှိအွန်လိုင်းရှော့ပင်းများဆီသို့ ဝင်ရောက်ဝယ်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ အင်တာနက်ရရှိရန်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အင်တာနက် သုံးစွဲနိုင်မှုရာခိုင်နှုန်းဟာ ၂၀၁၃ ခုနစ်က ၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုဆို ၂၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။ အင်တာနက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ဈေးဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည့်အပြင် နိုင်ငံတွင်း e-commerce လုပ်ငန်းဖွံ့ဖြိုးလာမှုကိုလည်း Online Marketplaces တွေ မြောက်များစွာပေါ်ပေါက်လာခြင်း၊ ရင်းနှီးမြှပ်နှံလာကြခြင်းကို ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်သည်။

၄င်းထဲမှ Kaymu သည် တစ်ခုအပါအဝင်ဖြစ်ပြီး ၄င်းသည်စိတ်ဝင်စားဖွယ်ကောင်းသော ကမ်းလှမ်းချက်များဖြင့် လူထုကို ယုံကြည်မှုရှိစွာသုံးစွဲလာစေရန် ကောင်းမွန်သောဝန်ဆောင်မှုများ ပေးထားသော marketplace တစ်ခုဖြစ်သည်။ ထို့ပြင်စွန့်ဦးတီထွင်သူများအတွက် တိုးတက်ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးသောနေရာ တစ်ခုလည်းဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ရပ်ကိုစတင်ဖို့အတွက် လုံလောက်သောအချက်အလက်၊ အရင်းအနှီးမရှိသူများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်စေရန်သင့်တော်သော နေရာတစ်ခုဖြစ်သည်။ ယခုကဲ့သို့ အရာအားလုံးဖြစ်လာနိုင်ခြင်းဟာ အင်တာနက်ရှိခြင်းကြောင့်ဆိုတာ ငြင်းမရသောအချက်ပင်ဖြစ်ပြီး အနာဂတ်ကာလမှာအင်တာနက်မြန်ဆန်တိုးတက်လာမှုဟာလည်း သုံးစွဲသူများကိုဆက်လက် စွဲဆောင်ထားမှာပဲဖြစ်ပါသည်။

Kaymuအကြောင်း

Kaymuသည် ကမ္ဘာပေါ်တွင် တိုးတက်ဖွံ့ဖြိုးလာသည့် ဈေးကွက်တစ်ဖြစ်သည့် အွန်လိုင်းရောင်းဝယ်ရေး ဝန်ဆောင်မှုတွင် အကြီးမားဆုံးနှင့် စိတ်အချရဆုံးအွန်လိုင်းအခြေပြု ဈေးကွက်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ လျှပ်စစ်ပစ္စည်း၊ စာအုပ်များ၊ ဖက်ရှင်ဆိုင်ရာအမျိုးအစားများ၊ gadgets စသည်များကို ရောင်းသူနှင့်ဝယ်သူများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။ Kaymu.com.mm သည် ဂျာမနီအခြေစိုက် Rocket Internet Company ၏ မြန်မာနိုင်ငံလုပ်ငန်းခွဲ တစ်ခုဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *