CVT-Myanmar မှ ၎င်း၏ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင် သင်တန်းကို၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းချိန်မှာ စနေနေ့တွင် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိ၊ တနင်္ဂနွေနေ့တွင် မနက် ၉ နာရီမှ နေ့လည် ၁ နာရီခွဲထိ ဖြစ်သည်။ သင်တန်းကာလမှာ စုစုပေါင်း ၃ လကြာမြင့်မည်ဖြစ်သည်။ သင်တန်းတွင် ဆရာမ ဒေါ်မေသူကျော်နှင့် ဆရာဦးတော်ဥက္ကာတို့မှ Entrepreneurship & Creativity, Principle of Management, Microeconomic Context, Operational Management, Sales and Marketing Management, Financial Management & Control, Human Resources Management, Business & Corporate Social Responsibility နှင့် Women Entrepreneurship ဘာသာရပ်များ သင်ကြား ပေးကြသည်။ ဤသင်တန်းသည် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းမှု အတတ်ပညာဘွဲ့ရပြီးသော ကိုယ်ပိုင် လုပ်ငန်းထူထောင်ရန် စိတ်ပါဝင်စားသူ လူငယ်များအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း တက်ရောက်သူ သင်တန်းသား၂၆ဦး ရှိသည်။ သင်တန်းတက်ရောက်ပြီးသူတို့သည် ကိုယ်ပိုင်လုပ်ငန်းကို စတင်ရန် လိုအပ်ချက်များနှင့် တတ်သိရမည့် လိုအပ်သော ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို ရရှိနိုင်ကြမည်ဖြစ်ပြီး အောင်မြင်သောလုပ်ငန်းရှင်များ ဖြစ်လာနိုင်ကြမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် CVT-Myanmar မှ Capacity Development Training (Post Graduate Program for Young Entrepreneurs, CVT Certified Instructors and Training Company Instructor) တက်ရောက်ခဲ့သော ကျောင်းသားဟောင်းများ အားလုံးအတွက် ဆက်သွယ်ရေး platform တစ်ခုဖော်ဆောင်ရန် အခမ်းအနားတစ်ခု စီစဉ်လျက် ရှိသည်။
CVT Myanmar မှ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင် သင်တန်းဖွင့်လှစ်

31
Oct