News

နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌသစ်အဖြစ် လက်ရှိ ဒုဥက္ကဌ သောမတ်စ်ဘတ်ချ် ရွေးချယ်ခံရ

အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော (၁၂၅)ကြိမ်မြောက် နိုင်ငံတကာ အိုလံပစ် ကော်မတီ (10C)တွင် ပြုလုပ်ခဲ့သည့် 10C ဥက္ကဌသစ် ရွေးကောက်ပွဲတွင် လက်ရှိ ဒုဥက္ကဌလည်းဖြစ်သူ ဂျာမနီနိုင်ငံသား သောမတ်စ်ဘတ်ချ်က လာမည့် ၈နှစ်တာသက်တမ်းအတွက် ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၅၉နှစ်အရွယ်ရှိသော သောမတ်စ်ဘတ်ချ်သည် ၁၁၉နှစ် သက်တမ်းရှိပြီဖြစ်သည့် 10C၏ ၉ဦးမြောက် ဥက္ကဌနှင့် ပထမဆုံး ဂျာမနီနိုင်ငံသား ဖြစ်လာခဲ့ပြီး ဥက္ကဌရာထူးကို ရယူနိုင်သည့် ပထမဆုံး အိုလံပစ် ရွေတံဆိပ်ဆုရှင်လည်း ဖြစ်သည်။ ၁၉၇၆ အိုလံပစ် ဓားခုတ် ရွေတံဆိပ်ဆုရှင် သောမတ်စ်ဘတ်ချ်သည် ၁၉၉၆ခုနှစ်ကတည်းက 10C အမှုဆောင် ကော်မတီတွင် အဖွဲ့၀င် ဖြစ်လာခဲ့ပြီး ၂၀၀၀-၂၀၀၄နှင့် ၂၀၀၆-၂၀၁၃ခုနှစ်များတွင် 10C ဒုဥက္ကဌရာထူးတွင် တာ၀န်ထမ်းဆောင်ခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ထိုင်၀မ်မှ ဂူချီအင်ခုေဝါမှာ ပထမအဆင့်တွင်ပင် ပြုတ်ကျန်ခဲ့ပြီး ကျန် ၅ဦးမှာ ဒုတိယအဆင့် ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ သောမတ်စ်ဘတ်ချ်အနေဖြင့် ဒုတိယအဆင့်တွင် ၄၉မဲနှင့် မဲအပြတ်အသာဖြင့် အနိုင်ရခဲ့ပြီး ကာရီယွန် (ပွာတိုရီကို)က ၂၉မဲ၊ အင်ဆာမျန် (စင်ကာပူက ၆မဲ၊ အော့၀ဲလ် (ဆွစ်ဇာလန်)က ၅မဲ၊ ဆာဂျီဘူကာ (ယူကရိန်း)က ၄မဲ စီသာရရှိခဲ့ကြသည်။

10C ဥက္ကဌတစ်ယောက်အနေဖြင့် တာ၀န်ယူရမှုများပြားသော်လည်း ရွေးချယ်ခံရသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်းနှင့် မဲပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း သောမတ်စ်ဘတ်ချ်က ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *