Education

Cisco CCNA စာမေးပွဲအကြောင်း သိကောင်းစရာ

Cisco နဲ့ပတ်သက်လို့ သိချင်လို့ပါ ပြောလာတဲ့အတွက် ဖတ်မှတ်ထားတာလေး ပြန်လည်မျှဝေလိုက်ပါတယ်။

CCNA ဆိုသည်မှာ Cisco Certified Network Associate ၏ အတိုကောက်ဖြစ်ပါတယ်။ Cisco မှ အသိအမှတ်ပြုထုတ်ပေးသည့် လက်မှတ်လည်း ဖြစ်ပါတယ်။ အရေး၊ အခေါ် အားလုံးလိုလိုက အတိုကောက်အားဖြင့် CCNA ဟူ၍သာ ခေါ်ဝေါ်သုံးစွဲကြတာကို သိရပါတယ်။

Cisco လုပ်ငန်းခွင် အသိအမှတ်ပြု လက်မှတ်များထဲတွင် CCNA သည် ဒုတိယတန်းအဆင့်တွင် ရှိသည်။ CCNA လက်မှတ်ရသူများသည် Network လုပ်ငန်းများတွင် Install, configure, operate လုပ်နိုင်ခြင်း၊ အလယ်အလတ်တန်းအဆင့် router နှင့် switch များကို troubleshooting လုပ်နိုင်စွမ်းရှိသူများဟူ၍ သတ်မှတ်ထားသည်။ ထို့ပြင် WAN ဖြင့် ဆက်သွယ်ခြင်း၊ တပ်ဆင်ခြင်းများကိုလည်း လုပ်နိုင်ရမည် ဖြစ်သည်။

CCNA လက်မှတ်ရရန်အတွက် Cisco မှ သတ်မှတ်ထားသော #640-802 စာမေးပွဲကို အောင်မြင်ရမည် ဖြစ်သည်။ သို့မဟုတ် ICND 1 640-822 နှင့် ICND2 640-816 စာမေးပွဲနှစ်ခု အောင်မြင်လျှင်လည်း CCNA လက်မှတ်ကို ရရှိနိုင်သည်။ CCND1 ကို အောင်မြင်ထားလျှင် CCND1 ကို အောင်မြင်ထားလျှင် CCENT(Cisco Certified Entry Networking Technician) အဖြစ် အသိအမှတ်ပြုထားသည်။ စာမေးပွဲဖြေပြီးသည်နှင့် ကိုယ်ဖြေခဲ့သည့် ရမှတ်ကို ဖြေဆိုသူချက်ချင်း သိနိုင်သည်။ သို့သော် Cisco က ထိုရမှတ်များကို ထုတ်ပြန်ကြေညာခြင်း မပြုပေ။ မေးခွန်းအဆင့်အတန်းအလိုက် ရမှတ်များ ခြားနားနိုင်သောကြောင့်ဟု ယူဆရသည်။

Cisco ၏ ဦးတည်ချက်
CCNA လက်မှတ်အတွက် ဦးတည်ချက်များ ၂၀ဝ၈ အောက်တိုဘာလမှစတင်ပြီး ပြောင်းလဲသွားသည်။ အဓိကလမ်းကြောင်းအနေဖြင့်
– Voice
– Security
– Wireless
တို့ကို အာရုံစိုက်ပြီး မေးမြန်းစစ်ဆေးတတ်သည်။
CCNA Voice
CCNA Voice သည် voice network အပိုင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ မည်မျှရှိသည်၊ ကျွမ်းကျင်မှု မည်မျှရှိသည်တို့ကို စစ်ဆေးခြင်း ဖြစ်သည်။ Voice နှင့် ပတ်သက်ပြီး voice technologies administrator, voice engineer, voice manager တို့ ပေါ်ပေါက်လာစေရေးအတွက် ဦးတည်ထားသည်။ VoIP ကျွမ်းကျင်မှုအနေဖြင့် IP PBX, IP telephony, handset, call control, voicemail solution များတွင် ကျွမ်းကျင်မှုရှိကြောင်း သက်သေပြနိုင်ရန် လိုသည်။
CCNA Voice တွင် လမ်းကြောင်းနှစ်ခု ထပ်မံခွဲခြားထားသေးသည်။

CCNA Voice Certification enterprise option
Cisco Unified Communications Manager 6.0 (CUCM 6.0) နှင့် ပတ်သက်ပြီး ကျွမ်းကျင်မှု စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုသည် ကုမ္ပဏီနှင့် လုပ်ငန်းကြီးများ၊ အစိုးရလုပ်ငန်းကြီးများ၊ တက္ကသိုလ်ကောလိပ်ကြီးများတွင် တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ CVOICE #642-436 စာမေးပွဲကို ဖြေဆိုနိုင်ရမည် ဖြစ်ပါသည်။

CCNA Voice Certification commercial option
Cisco Call Manager Express (CME) နှင့် Cisco Unity Express (CUE) တို့ကို လေ့လာထားရန် လိုပြီး၊ အလယ်အလတ်တန်း၊ သို့မဟုတ် အရွယ်အစားသေးငယ်သည့် ကုမ္ပဦလုပ်ငန်းများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်သည်။ သေးငယ်သည့် အရွယ်ဆိုသော်လည်း ဝန်ထမ်းအင်အား ၂၀ဝ၀ ခန့် အလုပ်လုပ်နေသည့် ကုမ္ပဏီများကို ဆိုလိုပါသည်။ ထို့ပြင် လက်လီအရောင်းဌာနများ၊ ကျောင်းငယ်လေးများတွင် တာဝန်ထမ်းဆောင်နိုင်သည့် အဆင့်မျိုးဖြစ်ရန် ရည်ရွယ်ပါသည်။ IIUC exam #640-460 စာမေးပွဲကို ဖြေဆိုအောင်မြင်ထားရန်လိုပါသေးသည်။

CCNA Wireless
Cisco Certified Network Associate Wireless(CCNA Wireless) သည် wireless LANs(WLANs) နှင့် ပတ်သက်ပြီး configure, implement နှင့် support လုပ်နိုင်မှုများကို Cisco ထုတ် ပစ္စည်းများ အသုံးပြုပြီး စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။ CCNA Wireless စာမေးပွဲသည် အခြေခံ Cisco WLAN ကို လုပ်ငန်းကုမ္ပဏီအငယ်စားများတွင် တပ်ဆင်နိုင်သည့် သူများကို မွေးထုတ်နိုင်ရန် ရည်ရွယ်သည်။ သင်ရိုးတွင် Cisco WLAN နည်းပညာနှင့်ပတ်သက်ပြီး SMB နှင့် ကုမ္ပဏီကြီးများ၏ network လုပ်ငန်းများတွင် config, monitor, troubleshoot များ လုပ်ဆောင်နိုင်ရန် ပြဋ္ဌာန်းချက်များ ပါဝင်သည်။ ဤစာမေးပွဲကို အောင်မြင်ရန်အတွက် IUWNE 640-721 စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည် ဖြစ်ပါသည်။

CCNA Sevurity
Cisco Certified Network Associate Security (CCNA Security) သည် Cisco Network နှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုကို စစ်ဆေးသည့် ဘာသာရပ်လည်း ဖြစ်သည်။ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး မည်မျှကျွမ်းကျင် နားလည်မှုရှိကြောင်း၊ network ဆိုင်ရာ ခြိမ်းခြောက်မှုများကို မည်မျှအထိ ထိန်းနိုင်၊ တားဆီးနိုင်ကြောင်း၊ လုံခြုံစိတ်ချရမှုအတွက် မည်မျှ အကာအကွယ် လုပ်နိုင်ကြောင်းတို့ကို ပြနိုင်ရမည် ဖြစ်ပါသည်။ CCNA Seurity သင်ရိုးထဲတွင် လုံခြုံရေးဆိုင်ရာ နည်းပညာများ၊ installation လုပ်ခြင်း၊ troubleshooting နှင့် monitoring လုပ်ခြင်းများကို Cisco ပစ္စည်းများသုံးပြီး လုပ်ဆောင်တတ်စေရန် ဖြစ်ပါသည်။ Cisco ထုတ် router နှင့် switch များကို အသုံးပြုပြီး လုံခြုံရေးဆိုင်ရာ infrastructure များကိုလည်း တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ အဓိကအားဖြင့် ထို router နှင့် switch များကို တပ်ဆင်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ network ပစ္စည်းများကို ပြင်ဆင်ထိန်းသိမ်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ CIA Triad (လျှို့ဝှက်ချက်၊ ယုံကြည်ကိုးစားရမှု၊ ခိုင်မာမှု၊ အသုံးတည့်မှု) များကိုလည်း စစ်ဆေးခြင်း ဖြစ်ပါသည်။
ထိုလက်မှတ်ကိုရရန်အတွက် Cisco မှ သတ်မှတ်ထားသည့် 640-553 IINS (Implementing Cisco IOS Network Security) စာမေးပွဲကို အောင်မြင်ထားရန် လိုပါသေးသည်။

စာမေးပွဲပြန်ဖြေရမှု
CCNA လက်မှတ်ရထားသူတစ်ဦးသည် (အထူးပြုဘာသာရပ်များကို ဖြေဆိုထားသူများအပါအဝင်) လက်မှတ်သက်တမ်းမှာ ၃ နှစ်သာ ဖြစ်ပါသည်။ CCNA လက်မှတ်ကို ပြန်လည်အသက်သွင်းသည့်အနေဖြင့် အောက်ပါ စာမေးပွဲများကို ထပ်မံဖြေဆိုရန် လိုပါသည်။
– လက်ရှိ CCNA, CCDA သို့မဟုတ် ICND2 စာမေးပွဲ
– CCNA အထူးပြုဘာသာရပ်များဖြစ်သည့် (wireless, security, voice) စာမေးပွဲများ
– Professional အဆင့် စာမေးပွဲများ ဖြစ်သည့် 642-xxx ခေါင်းစဉ်တပ်ထားသည့် စာမေးပွဲများ
– မည်သည့် Specialist စာမေးပွဲမဆို (Sales Specialist စာမေးပွဲမှအပ)
– လက်ရှိ CCIE သို့မဟုတ် CCDE ရေးဖြေစာမေးပွဲ
– CCNP (Cisco Certified Network Professional) တို့ပဲ ဖြစ်ပါသည်။

တကယ်လို့ CCNA ကို ဖြေဖို့ စိတ်ကူးရှိထားခဲ့ရင် လိုအပ်တာတွေ ပြင်ဆင်ထားရန်
ဟာ့ဒ်ဝဲလေ့လာရမည်။ ဟာ့ဒ်ဝဲပြင်တဲ့ concept လေးတွေ သိထားသင့်ပါတယ်။ နောက်တစ်ချက်က Cisco က ထုတ်တဲ့ CCNA1 နဲ့ CCNA 2 နှစ်အုပ်စလုံး လေ့လာထားသင့်ပါတယ်။ နောက် ဒါတွေ အကုန်လေ့လာပြီးပြီဆိုရင်တော့ စာမေးပွဲဖြေခါနီးရင် မေးခွန်းပုံစံလေးတွေ လေ့လာသင့်တယ်။ မေးခွန်းပုံစံမသိပဲ ဖြေခါနီးအချိန်မှဆိုရင်တော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
နောက်တစ်ချက် အင်တာနက်ကနေ ဝင်ရောက်လေ့လာဖို့လည်း အကြံပေးချင်ပါတယ်။ ဘယ်ဆိုက်တွေ အဆင်ပြေနိုင်သလဲဆိုတော့ www.4shared.comတို့လိုဆိုက်တွေအပြင် Lab seen တွေအတွက် ဆိုရင်တော့ www.9tut.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Lab seen က အမှတ် ၄၀ဝ ဖိုးလောက်မေးလေ့ရှိတော့ Lab seen မဖြေနိုင်ရင် အောင်ဖို့ မလွယ်ဘူးပြောလို့ရပါတယ်။ ဖြေဆိုချိန် စုစုပေါင်း မိနစ် ၁၁၀ ပေးထားပါတယ်။ ဒါက အင်္ဂလိပ်လိုဖြေရင် ပေးထားတဲ့အချိန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ Mother language က အင်္ဂလိပ်လို မဟုတ်ဘူးဆိုရင် မိနစ် ၁၄၀ ပေးပါတယ်။ မေးခွန်းကတော့ ၄၅ ခုကနေ ၆၀ အတွင်းလောက် ဖြေရတတ်ပါတယ်။ တစ်ခုဖြေနေတုန်း သတိထားရမှာက Next လို့ ပြောလိုက်ရင် နောက်ပြန်သွားလို့ မရတော့ဘူး။ Lab seen မှာတော့ ရှေ့က ဖြေထားတဲ့ဆီကို ပြန်သွားလို့ရသေးတယ်။ ဒါပေမယ့် Done လို့ ပြောလိုက်ရင်တော့ ပြန်သွားလို့ မရတော့ဘူးဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

စာမေးပွဲကို စိတ်ဝင်စားလို့ ဖြေချင်သူများ စုံစမ်းနိုင်စေရန်
– Myanmar Inspirations
– Youth Computer တို့မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *