News

CMS, PMS, CRMတွေ လိုအပ်ကြပြီလား

ဒီတစ်ပတ် ယနေ့အိုင်တီခေတ်ကြီးထဲကို အရင်ကထက်မတူ ထိုးဖောက် ဝင်ရောက်လို့ လာသည့် CMS, PMSတွေထက် CRMလို့ အသိများကြတဲ့ Customer Relationship Management အကြောင်းကို ဖော်ပြပေးသွားပါမည်။ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းများကလည်း နေ့စဉ်နှင့်အမျှ အားတက်သဖွယ် စီးဝင်လာသည့် အတွက်ကြောင့် ပြည်တွင်းရှိ အဖွဲ့အစည်းများမှလည်း ၎င်းတို့ နှင့် ရင်ဘောင်တန်းနိုင်ဖို့အလို့ငှာ နည်းပညာ ကုမ္ပဏီများသို့ CRMကို တည်ဆောက် အသုံးပြုဖို့ မေးမြန်းလာကြကြောင်း သိရသည်။

ပြည်တွင်းရှိ ကုမ္ပဏီအများစုသည် ယနေ့အထိ လယ်ဂျာ စာအုပ် များ အသုံးပြုနေသေးသည်။ Word, Spreadsheet များဖြင့် အချက်အလက်များကို သိမ်းဆည်းထားခြင်းသည်လည်း လယ်ဂျာ စာအုပ်ထက် ပိုမို ကောင်းမွန်ပြီး ရှာဖွေချင်သည်များကို စက္ကန့်ပိုင်းအတွင်း တွေ့ရှိနိုင်ပေ မည့် ရေရှည်အတွက်တော့ ခက်ခဲမှု ရှိလာနိုင်ပေသည်။ ဥပမာအားဖြင့် ဆိုရလျှင် ကုမ္ပဏီ တစ်ခု၌ ဌာနခွဲပေါင်းများ၏ ကွန်ပျူတာထဲတွင် Spreadsheet ပေါင်းများစွာ ရှိနေနိုင်သည်။ ကွန်ပျူတာ တစ်လုံးထဲ၌ ဗဟိုပြု၍ သိမ်းဆည်း ထားလျှင်လည်း အများနားလည်အောင် အမည်ပေးခြင်း မရှိပါက အချိန်ကုန် လူပန်းစွာ ရှာဖွေကြရပေလိမ့်မည်။ ထို့အပြင် Excel လိုမျိုး Spreadsheet ဆော့ဖ်ဝဲလ် တစ်ခုသည် အချက်အလက် ထောင်နှင့် ချီ၍ သိမ်းဆည်း လာပါက လေးလံလာမည်။ ကွန်ပျူတာ ဟန်းခြင်းများ ဖြစ်နိုင်သည်။ ထို့အပြင် ဌာန တစ်ခုနှင့် တစ်ခု မျှဝေရာတွင်လည်းကောင်း၊ အပြင် သို့ သယ်ဆောင်သွားရသည့် အခါမျိုး၌သော်လည်းကောင်း USB Drive နည်းပညာပစ္စည်းများကို အသုံးပြုရခြင်းကြောင့် ဗိုင်းရပ်စ် ကိုက်ကြသည်။ ကုမ္ပဏီ၏ အရေးကြီး အချက်အလက်များ ပေါက် ကြားနိုင်သည်။

CRM ဆိုသည့် စံနစ်သည် ယနေ့ခေတ် အိုင်တီ နည်းပညာကို အသုံးပြုပြီး အထက်မှာ ဖော်ပြထားသည်များကို ပိုမို လွယ်ကူစေရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။ လုပ်ငန်းရှင် တစ်ယောက်အနေဖြင့် ဖိုင်တွဲ ပျောက်လို့လိုက်ရှာနေရမည့် အစား မိမိ စီးပွားရေးလုပ်ငန်းမှာ အချိန်ကို ပို၍ အသုံးချနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် လုပ်ငန်း ခွင်ပေါ်မူတည်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ဆောဖ့်ဝဲလ် တစ်ခုတည်း အသုံးပြုကာ Customer များ၏ အချက်အလက်များကို တစ်နေရာ တည်းတွင် သိမ်းဆည်း ရှာဖွေနိုင်ခြင်း၊ အရောင်းအဝယ် မှတ်တမ်း များကို လေ့လာတွေ့ရှိနိုင်ခြင်းနှင့်အတူ အခြား အခြားသော ဝန် ဆောင်မှုများကို မှတ်တမ်းတစ်ခုအသွင်ဖြင့် လွယ်ကူလျင်မြန်စွာဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဆော့ဖ်ဝဲလ်ဟု ဆိုရာ၌လည်း ကွန်ပျူတာအတွင်း၌ install လုပ် ကာ တည်ဆောက်ထားသော Desktop Software ရှိသလို၊ ကမ္ဘာ့ နေရာမရွေးမှ smart phone, tabletများဖြင့် အသုံးပြုနိုင်မည့် web-based software များလည်း ရှိသည်။ ထို့ကြောင့် ယနေ့ခေတ် မြန်မာပြည်ကြီးနှင့် လိုက်လျော ညီထွေရှိနိုင်မည့် softwareများကို နောက်တစ်ပတ် စာစောင်၌ အသေးစိတ် ဖော်ပြပေးသွားပါမည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *