Gadgets, Review

ရုံးသွားရုံးပြန် အသုံးပြုနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး ဟယ်လီကော်ပတာ

ရုံးသွားရုံးပြန်အသုံးပြုနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး ဟယ်လီကော်ပတာ "City Copter"

လူနေထူထပ်တဲ့မြို့တွေမှာ ရုံးသွားရုံးပြန်အတွက် ကားများ ၊ဘတ်စ်ကားများကို အသုံးပြုရတာ လမ်းပိတ်ဆို့မှုတွေကြုံတွေ့ရသလို လောင်စာဆီ ကုန်ကျမှုတွေရှိနေပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဟယ်လီကော်ပတာ ကို ဒီဇိုင်နာတစ်ယောက်က စိတ်ကူးပုံဖော်ထားပါတယ်။ ဒီဇိုင်နာ Eduardo Galvanက ရေးဆွဲထားတာဖြစ်ပြီး သိပ္ပံရုပ်ရှင်ကားများမှာ မြင်တွေ့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

“နည်းပညာဟာ အဆင့်မြင့်သထက်မြင့်လာပြီး နည်းလမ်းဟောင်းတွေကို တော်လှန်ဆန်းသစ်လာပါတယ်။ အရင်က မဖြစ်နိုင်ပါဘူးလို့ ထင်ရတဲ့အရာတွေကို ဖန်တီးလာနိုင်ပါပြီ။ နေ့စဉ်လူမှုဘ၀တွေမှာ အကျိုးများစွာ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။” လို့ Galvanက ပြောပါတယ်။

မြို့ပြတွေမှာ လူနေထူထပ်လာတဲ့အတွက် လမ်းသွားလာရာမှာ တစ်ဖြည်းဖြည်းဆိုးရွားလာပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ အလျှင်အမြန်ကြီးထွားလာနေပါပြီလို့ Galvanက ပြောပါတယ်။

Galvanက သူ့ရဲ့ ဟယ်လီကော်ပတာကို ကာဗွန်၊ အလူမီနီယမ်၊ တိုက်တေနီယမ်များဖြင့် တည်ဆောက်ထားပြီး အချို့ကိုယ်ထည်နေရာများမှာ Solar Cellsများ တပ်ဆင်ထားပါတယ်။ အဲဒီအတွက် ပျံသန်းနေစဉ်မှာပဲ စွမ်းအင်ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒလက်သုံးခုပါတဲ့ ပန်ကာ ဒီဇိုင်းဟာ ဟယ်လီကော်ပတာကို ပျံသန်းရာမှာ ပိုမိုလွယ်ကူစေမှာဖြစ်ပြီး အသံဆူညံမှုကင်းဝေးစေမှာဖြစ်ပါတယ်။ အလိုအလျှောက်မောင်းနှင်တဲ့စွမ်းဆောင်ချက်နဲ့ လမ်းကြောင်းမှ အရာ၀တ္ထုများကို သိရှိနိုင်တဲ့ စွမ်းရည်ကလည်း လုံခြုံလွယ်ကူစွာ ယာဉ်ပျံကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

fly_05

ပြင်သစ် အာဏာပိုင်တွေက ဒီနှစ်ထဲမှာပဲ လေထုညစ်ညမ်းမှုကိုကာကွယ်ဖို့ ကိုယ်ပိုင်ကားများကို သုံးရက်ကြာ အသုံးမပြုဘဲ အများသုံး သယ်ယူပို့ဆောင်ရေး အစီအစဉ်နဲ့ အခမဲ့သွားလာဖို့ စီစဉ်ပေးခဲ့ပါတယ်။

fly-copter-6

ဒီဇိုင်နာရဲ့ စိတ်ကူးထဲက အဆင့်မြင့် ဟယ်လီကော်ပတာဟာ ကားများ၊ ဘတ်စ်ကားများကို ကျော်ဖြတ်အနိုင်ယူတော့မှာ ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၉၀နှုန်းနဲ့ ပျံသန်းနိင်မှာဖြစ်ပါတယ်။

flycopter-7

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *