Gadgets, Review

သာမာန်လက်ပတ်နာရီများကို စမတ်နာရီ အဖြစ်ပြောင်းလဲပေးမယ့် Modillian Bluetooth လက်ပတ်

သာမာန်လက်ပတ်နာရီများကို စမတ်နာရီ အဖြစ်ပြောင်းလဲပေးမယ့် Modillian Bluetooth လက်ပတ်

စမတ်နာရီများဟာ အရှိန်အဟုန်မြင့်မားစွာနဲ့ ဖွံ့ဖြိုးလာတဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာများဖြစ်ပါတယ်။ Googleကလည်း ပြိုင်ဖက်စမတ်နာရီများကို နောက်ကောက်ချနိုင်တဲ့ Android Wear OSကို ဖြန့်ချိပေးနေပါပြီ။ ဒါပေမယ့် စမတ်နာရီတွေရဲ့ ပုံပန်းသွင်ပြင်ဟာ သာမာန်နာရီများလို လှပစတိုင်ကျခြင်းမရှိသေးပါဘူး။ Modillianက အဲဒီပြဿနာကို ပြေလည်စေတဲ့ Bluetooth လက်ပတ်ကြိုးကို တီထွင်လိုက်ပါတယ်။ အဲဒီလက်ပတ်ကြိုးကို သာမာန်နာရီမှာ တပ်ဆင်လိုက်ရင် စမတ်နာရီ ဖြစ်သွားမှာပါ။

စမတ်လက်ပတ်မှာ Bluetoothနဲ့ တုန်ခါနိုင်တဲ့စွမ်းဆောင်ရည်ထည့်သွင်းထားပါတယ်။ စမတ်ဖုန်းနဲ့ လက်ပတ်ကို Bluetoothမှတစ်ဆင့် ချိတ်ဆက်ပြီးတာနဲ့ ဖုန်း၀င်တာ၊ စာရရှိတာ၊ အီးမေး၀င်တာနဲ့ အခြားအရာများကို မတူညီတဲ့ တုန်ခါမှုပုံစံများနဲ့ အချက်ပေးနိုင်ပါတယ်။ လက်ပတ် ၀တ်ဆင်သူဟာ စတိုင်ကျလှပတဲ့ နာရီနေရာမှာ စမတ်နာရီကို အစားထိုးစရာမလိုသလို စမတ်နာရီများမှာလိုပဲ စမတ်ဖုန်းမှ အချက်ပေးမှုတွေကို ရရှိနိုင်ပါတယ်။

Modillianကို စမတ်လက်ပတ်ကြိုးလို့ ကြေညာထားပေမယ့် သူဟာ စမတ်နာရီတွေလိုတော့ စွမ်းဆောင်ရည်မပြည့်၀ပါဘူး။ ဒါပေမယ့် စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး အချက်ပေးမှုတွေကို သိနိုင်မှာပါ။ စမတ်နာရီများမှာလိုတော့ ဓါတ်ပုံရိုက်တာ၊ အီးမေးဖတ်တာနဲ့ သီချင်းနားထောင်တာတွေ လုပ်လို့မရပါဘူး။

လက်ပတ်ကို လယ်သာနဲ့ ချည်လက်ပတ်များ တပ်ဆင်ထားတဲ့ နာရီများမှာ သုံးနိုင်ပါတယ်။ သတ္တုလက်ပတ်များနဲ့ တွဲဖက်သုံးလို့မရသေးပါဘူး။ ဒါပေမယ့် ပထမမျိုးဆက်အောင်မြင်ရင် နာရီအားလုံးမှာ အသုံးပြုနိုင်မယ့် ဒုတိယမျိုးဆက်ကို ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာထားပါတယ်။

A Blog To Watchရဲ့ သတင်းအရ Modillianကို Android Phoneများနဲ့သာ ချိတ်ဆက်နိုင်ပေမယ့် iPhoneများနဲ့ တွဲဖက်သုံးနိုင်ဖို့ မကြာမီမှာ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ဒီလောက်သာသိရပေမယ့် စမတ်လက်ပတ်ကို ရောင်းချမယ့် ဇွန်လ ဆယ်ရက်နေ့မှာ ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်များရရှိမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *