Chrome Web Store မှာ အသုံး၀င်တဲ့ Extension များစွာရှိပါတယ်။ Chrome Browser ကို အသုံးပြုသူတွေအတွက် မရှိမဖြစ် အသုံးပြုနေရတဲ့ Extension တွေရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Chrome Extension တွေကို Download လုပ်ခွင့်မပေးဘဲ အင်စတော လုပ်ခွင့်သာ ပေးထားပါတယ်။ နှစ်သက်တဲ့ Extension တွေကို ဒေါင်းလုပ်လုပ်ပြီး သိမ်းထားချင်ရင် နည်းရှိပါတယ်။
ဒီလိုလုပ်ဖို့ Chrome Extension Downloader ဆိုတဲ့ Extension ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Extension ကို အင်စတော လုပ်ပြီးရင် ဒေါင်းလုပ်လုပ်ချင်တဲ့ Extension Page ကိုသွားပါ။
Free လို့ရေးထားတဲ့ Installation Button ပေါ်ကို Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu က Download Chrome Extension ဆိုတာ ကိုနှိပ်ပါ။
နောက်တစ်နည်းက ဘရောက်စာ ရဲ့ Address Bar က Chrome Extension Downloader အိုင်ကွန်ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
သီးခြားအကြံပြုချက် ။ ဒီနည်းနဲ့ ဒေါင်းလုပ်လုပ်ထားတဲ့ Chrome Extension တွေကို Opera မှာ အသုံးပြုလို့ရပါတယ်။ Opera မှာ Chrome Extension တော်တော်များများ ကို အင်စတော လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်တစ်နည်း က Opera ရဲ့ တရား၀င် Chrome Extension Download Add-On ကို အသုံးပြုနိုင်ပါတယ်။
Chrome Extension ကို ဒေါင်းလုပ်လုပ်ပြီးရင် .crx ဖိုင်ကို ရရှိမှာဖြစ်ပါတယ်။ အဲဒီဖိုင် က Chrome Extension File ဖြစ်ပါတယ်။
Chrome Extension ကို ဒေါင်းလုပ်လုပ်ဖို့ နောက်တစ်နည်း က သူတို့ရဲ့ ၀က်ဆိုက် ဖြစ်ပါတယ်။ ၀က်ဆိုက်ကနေ ဒေါင်းလုပ်လုပ်ရင် Chrome Extension Downloader Extension ကို အင်စတော လုပ်စရာ မလိုတော့ပါဘူး။ ၀က်ဆိုက်မှာ Chrome Extension ရဲ့ URL ဒါမှမဟုတ် ID ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
ဒေါင်းလုပ်ရရှိလာတဲ့ Crx ဖိုင် ကို Chrome Browser မှာ အင်စတော လုပ်ဖို့အတွက် Settings ထဲက Extension Page ကိုသွားပါ။ နောက်တစ်နည်း က Address Bar ကနေ chrome://extensions/ လို့ရိုက်ပြီး Extension Page ကို သွားနိုင်ပါတယ်။ ပြီးရင် ဒေါင်းလုပ်ရရှိထားတဲ့ Crx ဖိုင် ကို Drag and Drop လုပ်ပြီး Extension Page မှာ ချပေးပါ။ ဒါဆိုရင် Extension ကို Chrome မှာ အင်စတော လုပ်ပေးမှာ ဖြစ်ပါတယ်။