
တရုတ်နှစ်သစ်ကူးဟာ ဧကရာဇ် Huang Di နန်းတက်စဉ် ဘီစီ ၂၇ ရာစုတွင် စတင်ခဲ့တယ်ဆိုပြီး ဒဏ္ဍာရီမှာ ဆိုထားပါတယ်။

ဒဏ္ဍာရီအရ Nian ဟုခေါ်သော ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဟာ နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့တိုင်း တိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများနှင့် ရွာသားများကို ဝါးမျိုရန် ရောက်ရှိလာစမြဲဖြစ်တယ်လို့လည်းဆိုကြပါတယ်။

Nian ကို ကြောက်လန့်စေဖို့အတွက် လူတွေဟာ ကျယ်လောင်သော ဆူညံသံများ၊ တောက်ပသော မီးရောင်များနှင့် အနီရောင်များကို အသုံးပြုကာ အားလပ်ရက်အတွင်း မီးရှူးမီးပန်းများ၊ မီးပုံးများ အစရှိသဖြင့် အနီရောင်နှင့် အလှဆင်ခြင်း ဓလေ့ထုံတမ်း အစဉ်အလာကို ကျင်းပခဲ့ကြပါတယ်။

နာမည်ကြီး တရုတ်ရာသီခွင်တိရစ္ဆာန်များအကြောင်းကိုလည်း ဖော်ပြပါရစေ။

ကျောက်စိမ်းဧကရာဇ်ဟာ ရာသီခွင် အစဥ်လိုက်ကို ဆုံးဖြတ်ဖို့အတွက် တိရစ္ဆာန်များကြားတွင် အပြေးပြိုင်ပွဲ တစ်ခု ကျင်းပခိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ပြိုင်ပွဲမှာ ပထမဆုံး အနိုင်ရသွားခဲ့တဲ့ တိရစ္ဆာန် ၁၂ ကောင်ဟာ ရာသီခွင် လက္ခဏာများ ဖြစ်လာကြပြီး နှစ်စဉ် ၎င်းတို့အနက်မှ တစ်ကောင်ကို နာမည်ပေး သတ်မှတ်ထားခဲ့ကြပါတယ်။

ရိုးရာဓလေ့များအနေနဲ့ကတော့ ….

တရုတ်နှစ်သစ်ကူးပွဲတော်ကို မိသားစုဆုံပွဲကျင်းပခြင်း၊ ကျန်းမာ ချမ်းသာစေရန်အတွက် ဖက်ထုပ်နှင့်ငါးကဲ့သို့သော အထူးအစားအစာများကို ကျွေးမွေးခြင်း၊ ကလေးများနှင့် လက်မထပ်ရသေးသော လူငယ်များ အတွက် ကံကြမ္မာဆိုးတွေကို ဖယ်ရှားပြီး ကံကောင်းခြင်းတွေဆီ အရောက်လှမ်းနိုင်ဖို့ စာအိတ်အနီ (Hongbao) များကို ပေးကမ်းခြင်းများပြုလုပ်လေ့ရှိကြပါတယ်။

ယနေ့ခေတ်သစ်ပွဲတော်များမှာတော့ …

တရုတ်နှစ်သစ်ကူးကို တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံများမှာ နေထိုင်နေကြတဲ့ တရုတ်လူမျိုးများလည်း ကျင်းပနေကြဆဲဖြစ်ပါတယ်။

ဒါကြောင့်မိသားစုပြန်လည်ဆုံဆည်းပွဲ၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ခြင်္သေ့နှင့်နဂါးအကများဖြင့်ချီတက်ပွဲများ၊ အံ့မခန်းမီးရှူးမီးပန်း ပြသခြင်းများကို တရုတ်နှစ်သစ်ကူးမှာအမြဲတမ်း တွေ့မြင်နေရမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Enjoy Shopping

Team ICT.com.mm