Chevy Volt ကတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ သူ့ရဲ့ standard ဖြစ်တဲ့ ဒီဇိုင်းနဲ့အတူ ဝင်ရောက်လာတော့မှာပါ။ သူ့ကို ၂၀၁၀ တုန်းက ရောင်းခဲ့ပါသေးတယ် ဒါပေမယ့် ၂၀၀၈ ကတည်းက မပြောင်းလဲတဲ့ ဒီဇိုင်းနဲ့ ကမ္ဘာတစ်ဝန်းက show တွေမှာ လိုက်လံပြသနေခဲ့တာပါ။ GM ဘက်ကို အားစိုက်ပြီးလုပ်နေခဲ့တာ အတော်ကြာပြီဖြစ်ပါတယ်။ အလှည့်အပြောင်းအနေနဲ့ပေါ့။ ဒါပေမယ့် ဒီကနေ့မှာတော့ နောက်နှစ် ဇန်နဝါရီလ မှာ GM ရဲ့ဌာနချုပ်တည်ရှိရာ ဒက်ထရွိုက် (Detroit) မြို့ရဲ့ အမေရိကမြောက်ပိုင်း နိုင်ငံတကာကားရှိုးပွဲမှာတော့ Chevy Voltကို အသွင်သစ်နဲ့ ပွဲထွက်ဖို့ရာရှိတည်လို့ ကြေညာခဲ့ပါတယ်။ ဒီရှိုးပွဲဟာ နယူးရော့နဲ့ အယ်လ်အေရှိုးပွဲတွေထဲမှာတော့ အကြီးမားဆုံးသော ကားရှိုးပွဲဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီရှိုးပွဲအတွက် ယခင်ထွက်ပြီးသား မော်ဒယ်တွေနဲ့ မတူဘဲ အပေါ်က ပုံမှာပြထားတဲ့အတိုင်း အကွေးအကောက် များလှပြီး အသွင်သစ်နဲ့ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကို ပြသသွားမှာ ဖြစ်ပါတယ်။
ဒါပေါ့ Volt ဆိုတာက သာမာန်မော်ဒယ်နဲ့ ကားမှမဟုတ်တာ။ GMက လွန်ခဲ့တဲ့ နှစ်တွေတုန်းကတည်းက ဒီ Volt အပေါ်မှာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဂက်ဆိုလိုင်းနဲ့ လျှပ်စစ်ဓါတ် ပေါင်းထားတဲ့ နှစ်မျိုးစပ်သုံးထားတဲ့ လျှပ်စစ်ပါဝါနဲ့ မောင်းနိုင်တဲ့ ကားဖြစ်တယ်လို့ ကြေညာထားပါတယ်။ Volt ဟာ တော်ရုံတန်ရုံ စျေးရှိတဲ့ကားတစ်စီးဖြစ်ပြီး သူ့မှာကြီးမားလွန်းတဲ့ ကားစျေးကွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မော်ဒယ်အသစ်ရဲ့ အသေးစိတ်အချက်တွေကိုတော့ မကြေညာသေးပါဘူး၊ ဒါပေမယ့် လျှပ်စစ်ပါဝါ တိုးလာနိုင်ပြီး ရေဒါစနစ်ဟာလည်း မျှော်လင့်ထားသလို မြှင့်တင်ထားနိုင်ပါတယ်။ လက်ရှိ Volt မော်ဒယ်ကတော့ တစ်ခါအားသွင်းထားရင် ၃၈ မိုင်မောင်းနိုင်ပါတယ်။ ယခုဒီဇိုင်းက ရိုးရိုးရှင်းရှင်းဆိုတော့ ဒီဇိုင်းပိုင်းကို အသွင်ဆန်းထားမယ်လို့ ခန့်မှန်းမိပါတယ်။