News

eBay မှကျင်းပ ပြုလုပ်မည့် ရန်ပုံငွေကစားပွဲအကြောင်း

eBay မှဖိတ်ခေါ် ရန်ပုံငွေကစားပွဲအကြောင်းတင်ပြလိုပါတယ်။ အသင်းနဲ့ ကစားရမှာဖြစ်ပြီးအနိုင်ရတဲ့ အသင်းကိုဆုကြေးငွေများ ချီးမြှင့်ပေးမှာဖြစ်ပြီး အဆိုပါဆုကြေးများကို မိမိတို့ လှူဒါန်းလိုတဲ့ အဖွဲ့အစည်းများအတွက် ရန်ပုံငွေအဖြစ် သတ်မှတ်ပေးအပ် နိုင်ကြောင်းလည်း သိရှိရပါတယ်။ ဇူလိုင် ၂၄ရက်နေ့ ည ရှစ်နာရီမှာ စတင်မှာဖြစ်ပြီးတော့ အသေးစိတ် သိရှိလိုသူများအနေနဲ့ eBay.com မှာ ၀င်ရောက် ကြည့်ရှုနိုင် ပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် eBayမှ PC gaming tournament များပြုလုပ်သွားမှာ ဖြစ်ပြီး ၎င်းအနေနဲ့ အနိုင်ရရှိတဲ့သူ (သို့မဟုတ်) အဖွဲ့ကို ဒေါ်လာငါးထောင် ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေပွဲမှာ သီးသန့်လှူဒါန်းလိုသူများ အတွက်လည်း eBayမှ လက်ခံဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Ref : http://www.polygon.com/2013/7/17/4531672/league-of-legends-teams-partner-with-ebay-for-charity-tournament

Leave a Reply

Your email address will not be published. Required fields are marked *