ကင်မရာချစ်သူများအတွက် ပြည်တွင်းကို ၂၀၁၂ခုနှစ်၊ နို၀င်ဘာလပိုင်းမှသာ အသစ် ၀င်ရောက်လာခဲ့တဲ့ Canon PowerShot SX500ကင်မရာကို ဖော်ပြပေးချင်ပါတယ်။ ကင်မရာ အသစ်အဆန်းတွေကို မျှော်လင့် စောင့်စားနေသူတွေ အတွက်တော့ စိတ်ကြိုက် ဖြစ်စေမယ့် Digital ကင်မရာမျိုးပါ။ ဒီဂျစ်တယ် ကင်မရာလို့ ပြောပေမယ့်လည်း 16 Megapixels Resolution ရှိတာကြောင့် အနီးအေ၀း ဆွဲယူနိုင်စွမ်းကတော့ Superzoom အရည်အသွေး ရှိပါတယ်။ ဒါကြောင့် အပျော်တမ်း ရိုက်ကူးရင်ပဲဖြစ်ဖြစ် Professional ကျကျ ရိုက်ကူးချင်လို့ပဲဖြစ်ဖြစ် အကောင်းမွန်ဆုံး အသုံးချနိုင်မယ့် ကင်မရာလေးပါ။ ဒီဂျစ်တယ် ကင်မရာလောက်တော့ သေးငယ်တဲ့ ကင်မရာမျိုး မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ပရော်ဖက်ရှင်နယ် ကင်မရာ အသေးစား အသွင်ဆောင်ပါတယ်။
Optical zoom က 30x နဲ့ Digital zoom 4x အထိ အသုံးပြုနိုင်ပါတယ်။ ၃ လက်မ ရှိတဲ့ LCD displayလည်း ပါ၀င်ပါတယ်။ 720p Resolutionနဲ့ Videoတွေကို ရိုက်ကူးနိုင်တဲ့အပြင် 25 fpsအထိ Video Frame Rate ပေးစွမ်းနိုင်တာကြောင့် Video ရိုက်ကူးရာမှာတော့ ကြည်လင်ပြတ်သားမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကင်မရာရဲ့ အလေးချိန်ကတော့ ၃၄၁ ဂရမ်သာ ရှိတာကြောင့် ဒီဂျစ်တယ် ကင်မရာတစ်လုံးအတွက် ပေ့ါပါးတယ်လို့ မဆိုနိုင်ပေမယ့် အရမ်းလေးတဲ့ ကင်မရာတော့ မဟုတ်ပါဘူး။ အရောင်အရည်အသွေး ချိန်ဆမှုအပိုင်းမှာလည်း Excellent Quality ဖြစ်တယ်လိ်ု့ လေ့လာစမ်းသပ်သူများက ပြောကြားထားပါတယ်။
ISO rangeက 100ကနေ 1,600 အထိ ချိန်ညှိနိုင်ပါတယ်။
ပုံထွက် အရည်အသွေး ကောင်းမွန်ဖို့အတွက် DIGIC 4 Image Processorကို အသုံးပြုထားပါတယ်။ ၄င်း Processorက ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ဆန်းပြားတဲ့ Effectတွေကို အသုံးပြုနိုင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ပေးမှာပါ။ ဓာတ်ပုံတွေ Videoတွေ ရိုက်ကူးနေစဉ်မှာ လက်မ တည်ငြိမ်မှုတွေကြောင့် ပုံရိပ်တွေ ဝါးသွားခြင်း၊ ကာလာပျံ့နှံသွားခြင်းတွေကို ကာကွယ်ပေးနိုင်မယ့် Image Stabilizerဆိုတဲ့ Function တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Auto Focus ဖြတ်ရာမှာလည်း TTL contrast detection နည်းပညာကြောင့် Focusကို အတိကျဆုံး ဖြတ်ပေးနိုင်ပါတယ်။ အခြားစိတ်၀င်စားဖွယ်တွေအနေနဲဲ့ Face Detection, Face Detection Self-timer, Face Detection AF/AE/FE/WB ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။
အားသာချက်
Canon PowerShot SX500 ကင်မရာသစ်ရဲ့ အားသာချက်ကို ပြောရမယ်ဆိုရင် အဓိကကတော့ Zoom ဆွဲယူနိုင်စွမ်းရည်က အခြား ဒီဂျစ်တယ် ကင်မရာတွေထက် သာလွန်ခြင်းပါပဲ။ နောက်ပြီး Colour Reproduction ပိုင်းမှာလည်း အရောင်အသွေး အလင်းအမှောင် တိကျပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကတော့ USD 395သာ ရှိတဲ့အတွက် နည်းပညာသစ် ဒီဇိုင်းသစ် ကင်မရာတစ်လုံးကို ဈေးနှုန်း သက်သာစွာနဲ့ ကိုင်ဆောင်ချင်သူများအတွက်တော့ အသင့်လျော်ဆုံးပါပဲ။
အားနည်းချက်
ဒီဂျစ်တယ်ကင်မရာမှာပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် ကင်မရာမှာပဲဖြစ်ဖြစ် ကင်မရာတိုင်းမှာတော့ အားသာချက် အားနည်းချက်ဆိုတာ ရှိစမြဲပါ။ ဒီကင်မရာအသစ်မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ တစ်ခါတလေ အလင်းရောင် အနည်းအများကြောင့် ဓာတ်ပုံတွေ Movieတွေ ရိုက်ကူးရာမှာ Noise အနည်းငယ် ဖြစ်ပေါ်တတ်တာကို တွေ့ရပါတယ်။ သာမန်အချိန်ဆိုရင်တော့ အသာလွန်ဆုံး ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
၀ယ်ယူနိုင်မည့်နေရာ
Canon PowerShot SX500 ဈေးနှုန်းကတော့ USD 395 ရှိပါတယ်။ ၀ယ်ယူချင်တယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်ရှိ Canon Showroomများမှာ သွားရောက် ၀ယ်ယူနိုင်ပါတယ်။ ဆက်သွယ်စုံစမ်းချင်တယ် ဆိုရင်တော့ Yangon Showroom ဖုန်း ၀၁-၂၄၃-၀၃၆~၃၈၊ Nay Pyi Taw Branch & Showroom ဖုန်း ၀၆၇-၂၅၃-၃၁၊ Mandalay Branch & Showroom ဖုန်း ၀၂-၃၉၆-၁၇~၁၉ သို့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Full Specifications
16 Megapixels Resolution
4x Digital Zoom
30x Optical Zoom
DIGIC 4 Image Processor
Image Stabilizer
TTL Contrast Detection Auto Focus
ISO 100-1600,
3 in LCD Display
Wind Noise Reduction Microphone
720p Resolution Video
25 fps Video Frame Rate