News, Review

Canon Laser Inkjet Printers

🖨️ Laser printer နဲ့ Inkjet printer တွေရဲ့ကြားမှာ အဓိကကွာခြားချက်ကတော့ cartridges ဖြစ်ပါတယ်။ Laser printer တွေက toner cartridges ကို သုံးပြီးတော့ Inkjet printer က ink cartridges ကို သုံးပါတယ်။ Laser printer ဟာ လျှပ်စီးအားတစ်ခုကို သုံးပြီး သူ့ရဲ့ toner ကို စက္ကူပေါ်က ဘယ်နေရာမှာ ဘယ်လိုရိုက်နှိပ်ရမယ်ဆိုတာ ညွှန်ကြားပေးပါတယ်။ အခြားတစ်ဖက်မှာတော့ Inkjet printer ရဲ့ နည်းပညာကနေ သူ့ရဲ့ cartridge ကို စာမျက်နှာပေါ်ဖြတ်သန်းစဉ် မင်ပမာဏ ဘယ်ရွေ့ဘယ်မျှ သုံးရမယ်ဆိုတာ စိစစ်ပေးနေပါတယ်။
🖨️ လူကြီးမင်းတို့အတွက် သင့်တော်မယ့် printer ရွေးချယ်ဖို့က ကုန်ကျစရိတ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကန ဦး ရင်းနှီးမြှုပ်နှံမှုဟာ Laser နဲ့ Inkjet ကြားမှာ အကြီးအကျယ်ကွာခြားနိုင်ပါတယ်။ ပစ္စည်းတစ်ခုခုနဲ့ပတ်သက်လို့ စဉ်းစားမယ်ဆိုရင် ဝယ်ယူခြင်းနဲ့ စက်သုံးနေရင်း ပြန်ဖြည့်ရမယ့်ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့က အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ toner ပြန်ဖြည့်ပေးရတာက ပိုပြီး စျေးကြီးပါတယ်။ သည်။ Inkjet cartridge ကျတော့ ဈေးနည်းပေမယ့် ခဏခဏ ပြန်ဖြည့်ပေးရတဲ့ သဘောသဘာဝရှိပါတယ်။ ခဏခဏ ပြန်ဖြည့်နေရတာမျိုးဆိုရင် ကုန်ကျစရိတ်ဟာ ရေရှည်ပိုများလာနိုင်ပါတယ်။
🖨️ စက်ကိုထားဖို့ နေရာအခက်အခဲရှိတယ်ဆိုရင် inkjet တစ်လုံးဟာ လူကြီးမင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ Inkjet printer တွေဟာ စားပွဲခုံ (ဒါမှမဟုတ်) စင်ပေါ်မှာ အလွယ်တကူထားရှိနိုင်ပါတယ်။ နောက်နောင်မှာ နေရာအပြောင်းအရွှေ့ရှိရင် Inkjet တွေ ပိုအဆင်ပြေစေပါတယ်။ Laser printer တွေကတော့ များသောအားဖြင့် အရွယ်အစား ပိုမိုကြီးမားပြီး သီးသန့်ထားဖို့ နေရာလိုအပ်နိုင်ပါတယ်။
🖨️ ICT.com.mm မှာတော့ Canon ကထုတ်တဲ့ Laser & Inkjet Printers တွေကို အလွယ်တကူ မှာယူနိုင်ပြီမို့လို့ လူကြီးမင်းတို့ လုပ်ငန်းအတွက် သင့်တော်မယ့် Printer အမျိုးအစားအလိုက်ကို Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ။
⭐ Today’s Deals » https://bit.ly/3VkMkjX
🔥 Click & Collect » https://bit.ly/3GsPU6E
💸 Buy Now Pay Later » https://bit.ly/3UHAZsE
Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Get a Quote: [email protected]
Phone: 0976 544 1707 [08-10]

Leave a Reply

Your email address will not be published. Required fields are marked *