Featured, News

ရုပ်ရှင်ခိုးကူးပြီး ဖြန့်ရောင်းချခြင်းကြောင့် ဗြိတိန်မှ လူတစ်ဦး သုံးနှစ်နီးပါး ထောင်ဒဏ်ကျခံရ

British man sentenced to nearly three years in prison for movie piracy

Fast and Furious 6ကို ခိုးကူးပြီး ဖြန့်ဝေရောင်းချခြင်းကြောင့် Wolverhamptonတရားရုံးက ၂၅ နှစ်အရွယ် Philip Danksကို ထောင်ဒဏ် ၃၃ လကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။ မေလ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်း ရုပ်ရှင်ရုံတစ်ခုရဲ့ နောက်နားကနေ တရားမ၀င် ခိုးကူးခဲ့ခြင်းကြောင့် ကမာ္ဘပေါ်မှာ ပထမဆုံး အပြစ်ပေးခဲ့ရတယ်လို့ Danksက ပြောပါတယ်။

Danks ညီမရဲ့ ရည်းစား Michael Bellကိုလည်း ရုပ်ရှင်ကို ဖြန့်ဖြူးရာမှာ ပါ၀င်တယ်ဆိုပြီး တရားရုံးက အများပြည်သူ အကျိုးပြုလုပ်ငန်းများမှာ နာရီပေါင်း ၁၂၀ ပြုလုပ်ဖို့ အမိန့်ချခဲ့ပါသေးတယ်။

ရုပ်ရှင် ထုတ်လုပ်သူ Universal Picturesက Danksရဲ့ ရုပ်ရှင်ကို အင်တာနက်မှာ ဖြန့်ဖြူးခြင်းဟာ Companyကို စတာလင်ပေါင် ၂.၅ သန်း ကုန်ကျစေတယ်လို့ စွဲချက်တင်ပါတယ်။ Danksက DVDတစ်ချပ်ကို စတာလင်ပေါင် ၁.၅ နဲ့ ရောင်းချခဲ့တာပါ။ သူက အမြတ်ငွေ စတာလင်ပေါင် တစ်ထောင်သာ ရတယ်လို့ ပြောပါတယ်။

Sky Newsရဲ့ သတင်းအရ Universal Picturesရဲ့ ရုပ်ရှင်တွေကို အင်တာနက်မှာ တရားတ၀င် ဖြန့်ချီနေတာကို စုံစမ်းစစ်ဆေးတဲ့ Companyရဲ့ အဖွဲ့က Fast and Furious 6ကို ဖြန့်ချီသူဟာ Thecod3rဆိုတဲ့ စာသားကို ရုပ်ရှင်နာမည်နောက်မှာ ရေးသားဖြန့်ချီတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစာသားကို အွန်လိုင်း ရည်းစားရှာ ၀က်ဆိုက် Plenty of Fishမှာ သုံးထားတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသတင်းအချက်အလက်ကို ခြေရာခံပြီး Universalနဲ့ ပြည်တွင်း ရဲများက Danksဟာ ရုပ်ရှင်ကို အင်တာနက်ပေါ်တင်ခဲ့တယ်ဆိုတာကို သိခဲ့တာပါ။

Danksဟာ ရုပ်ရှင်ကို အင်တာနက်ပေါ်တင်ပြီး ခြောက်ရာက်အကြာမှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး နောက်နှစ်ရက်အကြာမှာ သူက Facebookမှာ ဒီလိုရေးသားထားပါတယ်။ “ Seven billion people and I was the first. F*** you Universal Pictures.” ရုပ်ရှင်ခိုးကူးပြီး အင်တာနက်ပေါ်တင်နေကြသူတွေ များစွာ ရှိပေမယ့် သူတစ်ယောက်တည်းကိုသာ ဖမ်းဆီးခဲ့တယ်လို့ ဆိုလိုချင်ပုံပါပဲ။ BBCရဲ့ အဆိုအရ သူဟာ ဖမ်းခံရပြီးတာတောင် ရုပ်ရှင်ကို ဆက်လက်ဖြန့်ချီနေပါတယ်တဲ့။

တရားလိုနဲ့ တရားခံ ရှေ့နေနှစ်ယောက်စလုံးက Dankရဲ့ Fast and Furious 6ကို ကူးယူဖြန့်ချီခြင်းဟာ အပြစ်ရှိတာထင်ရှားစေတာကို လက်ခံကြပါတယ်။ တရားခံရှေ့နေက သူ့ရဲ့ အမြတ်ငွေတွေကို ထိန်းချုပ်ထားပြီး ဒီရုပ်ရှင်ဟာ လူစိတ်၀င်စားမှုများတဲ့ နာမည်ကြီးရုပ်ရှင်ဆိုတာ သူသိဖို့ ကောင်းတယ်လို့ ပြောပါတယ်။

တရားရုံးက သူ့ရဲ့ မထီမဲ့မြင်လုပ်ရက်ကို ပြစ်တင်ရှုံ့ချပါတယ်။ ဖမ်းခံရပြီး နှစ်ရက်အကြာမှာ Facebookမှာ တင်ခဲ့တဲ့ ပို့စ်ကို ကြည့်ခြင်းဖြင့် ရုပ်ရှင်လောကကို စော်ကားတာဖြစ်ကြောင်း၊ အကျိုးအမြတ်များစွာ မရဘူးဆိုတာကို ယုံကြည်ပေမယ့် တကယ့် ပြဿနာအစစ်က ရုပ်ရှင် လောကအတွက် များစွာ ဆုံးရှုံးတာဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *