
ယခုရက်ပိုင်းအတွင်းမှာ Arcturus aka XBB.1.16 လို့ခေါ်တဲ့ Omicron ရဲ့ မျိုးကွဲ virus ကြောင့် ကမ္ဘာနဲ့တစ်ဝှမ်းမှာ Covid ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တတ်နေပါတယ်။

ယခုမျိုးစိတ်အသစ်ဟာ ယခင်မျိုးကွဲတွေထက် Spike protein မှာ ဗီဇပောာင်းလဲမှုပိုများတာကြောင့် ကူးစက်မှုဟာပိုပြီးမြန်ဆန်တယ်လို့သိရပါတယ်။ ပိုပြီးသတိထားသင့်တာက ယခုမျိုးကွဲ virus ဟာ အသက် ၁၂ နှစ်အောက်ကလေးငယ်တွေမှာ ကူးစက်ခံရနိုင်ခြေပိုမြင့်တယ်လို့ WHO က နေထုတ်ပြန်ထားပါတယ်၊။ ကူးစက်ခံရတဲ့ကလေးငယ်တွေဟာ မျက်မြှေးရောင်ခြင်း၊ မျက်ကြည်လွှာရောင်ခြင်း နဲ့ မျက်လုံးနီရဲခြင်း အစရှိတဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် ယခင် Covid wave တွေတုန်းကလို ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနဲ့ လက်ကိုမကြာခဏဆေးပေးခြင်းများကို ဂရုတစ်စိုက် ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။ မလိုအပ်ပဲ လူအများကြားထဲသွားလာြခင်းကို အတတ်နိုင်ဆုံးရှောင်ရှားရန်လိုအပ်သလို မဖြစ်မနေသွားရန်လိုအပ်ပါက social distancing နည်းလမ်းများကို လိုက်နာရန်လိုအပ်ပါတယ်။


Covid 19 ကာကွယ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ICT မှာ ဝယ်ယူနိုင်ပါတယ်နော်။
Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Phone: 0976 544 1707 [08-10]

Enjoy Shopping
