ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Appleအနေနဲ့ iPhoneအသစ် နှစ်မျိုးကို မိတ်ဆက်ပွဲထုတ် ပေးခဲ့ပါတယ်။ Appleပရိသတ်တွေ၊ iPhone Userတွေ အများအပြား ရှိနေပေမယ့်လည်း Androidဖုန်း တွေကတော့ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ Featureအမျိုးမျိုးနဲ့ ရှိနေဆဲပါ။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ စမတ်ဖုန်းလောကထဲမှာ ဘယ်Android စမတ်ဖုန်းတွေ အကောင်းဆုံးလဲ ဆိုတာ CNETရဲ့ ဖော်ပြမှုကို ကိုးကားပြီး မြန်မာအိုင်စီတီ Websiteမှာ တင်ဆက်ပေးလိုက် ပါတယ်။
နံပါတ်တစ်ကတော့ တောင်ကိုရီးယားအခြေစိုက် Samsungက ထုတ်တဲ့ Galaxy S4ဖြစ် ပါတယ်။ အဆိုပါ Galaxy S4အကြောင်း ပြည့်ပြည့်စုံစုံ လေ့လာချင်ရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ Ratingမှာလည်း ကြယ်လေးပွင့် အထက် ရရှိထားပြီး Samsungရဲ့ အဆင့်မြင့် ရေစိုခံ Androidစမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက ထိုင်၀မ်အခြေစိုက် HTCက ထုတ်လုပ်လိုက်တဲ့ HTC Oneစမတ်ဖုန်းပါ။ သတ္တုကိုယ်ထည်နဲ့ ဖန်တီးထုတ်လုပ် ထားပြီး လှပတဲ့ ဒီဇိုင်း၊ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင် စတဲ့ ကောင်းမွန်မှုတွေကြောင့် သူဟာလည်း အကောင်းဆုံး Androidဖုန်း တစ်ခု ဖြစ်ပါတယ်။ HTC Oneရဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ကြည့်ရှုချင်ရင် မြန်မာအိုင်စီတီရဲ့ တင်ဆက်မှုကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
တတိယနေရာမှာ ရှိနေတာကတော့ Samsungရဲ့ Galaxy Note 2ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးမားတဲ့ Phabletတစ်ခု ဖြစ်ပြီး အဆိုပါဖုန်းရဲ့ Next-Generation Note 3လည်း ၀ယ်နိုင်တော့မှာပါ။
တောင်ကိုရီးယား အခြေစိုက်ပဲ ဖြစ်တဲ့ LGရဲ့ Optimus G Proကတော့ Galaxy Note 2ထက် ဈေးသက်သာပြီး အဆင့်မြင့် Spec:တွေနဲ့ ၀ယ်ယူသင့်တဲ့ Android Phablet တစ်လုံး ဖြစ်ပါတယ်။
နောက်ထပ် စမတ်ဖုန်းတစ်လုံးကတော့ Androidသုံး Motorolaရဲ့ Droid Razr Maxx HDစမတ်ဖုန်း ဖြစ်ပြီး ဒေါ်လာ ၆၀၀ကျော်ဖြင့် ဈေးနှုန်း သတ်မှတ်ထားပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ HTC Oneရဲ့ Mini Versionဖြစ်တဲ့ HTC One Miniဟာလည်း HTC Oneအသေးစား ပုံစံပဲ ဖြစ်ပြီး CNETရဲ့ Ratingအရ ကြယ်လေးပွင့်အထိ အဆင့်သတ်မှတ်ခြင်း ခံထားရပါတယ်။