News

အင်တာနက် ဈေးကွက်ချဲ့ထွင်အသုံးချခြင်း၏ အကျိုးကျေးဇူးနှင့် ထိရောက်မှု

အင်တာနက် ဈေးကွက်ချဲ့ထွင်အသုံးချခြင်း၏ အကျိုးကျေးဇူးနှင့် ထိရောက်မှု

ဒီဂျစ်တယ်ခေတ်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် တစ်နည်းအားဖြင့် အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ဖောက်ထွင်းခြင်းခေတ်ကို ရောက်နေပြီ ဖြစ်ပါသည်။ အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ဖောက်ထွင်းခြင်းသည် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးဖြစ်သောကြောင့် အရှိန်အဟုန်မြှင့်ကြီးထွားလျက်ရှိသည်။ စာရွက်စာတမ်း အချက်အလက်များနှင့် အခြားသောအချက်အလက် လွှဲပြောင်းမှုများကို အင်တာနက်နှင့်ချိတ်ဆက်ပြီး အွန်လိုင်းပေါ်သို့ စနစ်များကူးပြောင်းလိုက်ခြင်းကြောင့် အွန်လိုင်းမှတစ်ဆင့် ကြေညာခြင်း၊ အရောင်းအဝယ်လုပ်ခြင်းများကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည်။ အပြင်မှာဈေးကွက်ထိုးဖောက်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်းဟာတစ်မျိုးစီကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုကိုပေးစွမ်းနိုင်လို့ ထူးထူးခြားခြား ကွဲပြားခြားနားမှုတော့ မရှိပါဘူး။ အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီးအရေးပါတဲ့ အကျိုးကျေးဇူးနှင့် ထိရောက်မှုတွေကိုKaymu.com.mm မှ ဖော်ပြပေးလိုက်ပါသည်။

သက်သာလွယ်ကူခြင်း

ပထမဆုံးအချက်နှင့် အထင်ရှားဆုံးအချက်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်းဟာ သက်သာလွယ်ကူမှုရှိခြင်းပဲ ဖြစ်သည်။ သင့်အနေဖြင့်လူအင်အား များများစားစားမလိုအပ်ဘဲ တစ်ရက်ကိုအချိန်အတိုင်းအတာတစ်ခုပေးရုံဖြင့် ပြုလုပ်နိုင်သည်။ အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်းသည် ၂၄ နာရီဝင်ရောက်နိုင်သောဈေးကွက်တစ်ခုဖြစ်သောကြောင့်လည်း ထိရောက်မှုသေချာစေသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ သင့်အနေဖြင့် ဝန်ထမ်းကို အချိန်ပိုကြေးပေးစရာ မလိုအပ်ခြင်းဟာလည်း အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်း၏ သက်သာလွယ်ကူမှုအဖြစ် ရှိနေစေသည်။

ရောက်ရှိပျံ့နှံ့နှုန်း

ကမ္ဘာတစ်ဝန်း အင်တာနက်လွှမ်းမိုးလာနိုင်ခြင်းကြောင့် ဝေးလံသောနေရာဒေသများကို ဆက်သွယ်လာနိုင်ခဲ့ပြီးယခုဆိုတစ်ကမ္ဘာလုံးကို ချိတ်ဆက်နိုင်နေပြီဖြစ်သည်။ ထိုကြောင့်အွန်လိုင်းမှတစ်ဆင့် ဈေးကွက်မြှင့်တင်ခြင်းသည်လည်းတစ်ကမ္ဘာလုံးကို ရောက်ရှိခြင်းကြောင့် ထိရောက်မှုရှိသည်။ သင့်ကုန်ပစ္စည်းကို ကန့်သတ်ထားခြင်းမရှိဘဲ အမျိုးမျိုးအထွေထွေသော သုံးစွဲသူများထံသို့ ရောက်ရှိနိုင်သောကြောင့် (ထောက်ပံ့ပစ္စည်းအမြဲတမ်းရှိနေမှုအပေါ်မူတည်၍) ကမ္ဘာအနှံ့ရှိမည်သူကိုမဆို ရရှိသုံးစွဲနိုင်စေသည်။ အရင်ကဆိုလျှင် အရောင်းဆိုင်များအနေဖြင့် သုံးစွဲသူများထံပိုမိုရောက်ရှိနိုင်စေရန်အတွက် ဆိုင်ခွဲများကိုဖွင့်လှစ်ကြရသည်။ ယခုဆိုရင်တော့ ဝက်ဘ်ဆိုက်တစ်ခုရှိရုံဖြင့် ကမ္ဘာ့နေရာအနှံ့သို့ အလွယ်တကူရောက် ရှိရောင်းချနိုင်နေပြီပဲဖြစ်သည်။

E-commerce ပေါ်ထွက်လာခြင်း

အွန်လိုင်းမှတစ်ဆင့် ဈေးကွက်ထိုးဖောက်ခြင်းဟာ အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းဝယ်ခြင်းလုပ်ငန်း စာမျက်နှာကိုသိသာထင်ရှားသော ရလဒ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဒီဇိုင်းနာများနှင့် ကုမ္ပဏီများဟာ ၄င်းတို့ရဲ့ကုန်ပစ္စည်းများကို သက်ဆိုင်ရာ ဝက်ဘ်ဆိုက်များပေါ်မှာတင်ပြီး အလားအလာရှိသော ဝယ်ယူသူများအား ရောင်းချခြင်း ပြုလုပ်လာကြသည်။ စမတ်ဖုန်းနှင့် တက်ဘလက်သုံးစွဲသူ အများစုဟာအင်တာနက် အသုံးပြုခြင်းမှတဆင့် အွန်လိုင်းရှော့ပင်းတွေကို ဝင်ရောက်သုံးစွဲဝယ်ယူရခြင်း နှစ်သက်လာကြသည့်အတွက် အမြင်အသစ်တစ်ရပ်ပေါ်ထွက်လာပြီး ကမ္ဘာအနှံ့အပြားကို အွန်လိုင်းမားကတ်ပလေ့စ်များ ပျံ့နှံ့ သွားခဲ့သည်။ ၄င်းသည် စိတ်ချယုံကြည်ရသောရောင်းချသူများနှင့် ပုံမှန်ဝယ်ယူသူများကို တွေ့ဆုံစေသော နေရာတစ်ခုဖြစ်လာခဲ့ သည်။

နိုင်ငံမျိုးစုံပါဝင်သော အင်တာနက်လုပ်ငန်းများဟာ စွန့်စားမှုနှင့် မကင်းသောစီးပွားရေးလုပ်ငန်းတွေကို အနည်းနှင့်အများဆိုသလို ဈေးကွက်ထိုးဖောက်ခြင်းပုံစံကို ပြောင်းလဲလာကြသည်။ မြန်မာနိုင်ငံကိုကြည့်မယ်ဆိုလျှင်လည်း အွန်လိုင်းမားကတ် ပလေ့စ်များ ဖြစ်သောKaymu.com.mm နှင့်Shop.com.mm တို့ဟာအခွင့်အရေးကောင်းများစွာနှင့် သက်သာလွယ်ကူမှုရှိစွာအသုံးချနိုင်ရန် ပြုလုပ်ပေးထားသည်။ ထို့ပြင် အင်တာနက် မားကတ်တင်းဟာကောင်းမွန်သော ထိရောက်မှုတစ်ခုအဖြစ် သုံးစွဲသူများအတွက် အချိန်များစွာ သက်သာစေခြင်းဖြစ်သည်။ သင့်ရဲ့ရွေးချယ်မှုအတွက် အချိန်ကြန့်ကြာမှုမဖြစ်စေဘဲ သင်နှစ်သက်သောပစ္စည်းမျိုးစုံကို အလွယ်တကူရှာဖွေနိုင်မည် ဖြစ်ရန်အတွက် ဝက်ဘ်ဆိုက်ပေါ်မှာ သင်လိုချင်တဲ့ပစ္စည်းကို ကလစ်တစ်ချက်နှိပ်၍ လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်ရန် ပြုလုပ်ပေးထားရာ မှာယူဝယ်ယူနိုင်မှုများကို အဆင်ပြေချောမွေ့စေမည်ပဲဖြစ်သည်။

လူမှုရှုထောင့်မှ အင်တာနက်မားကတ်တင်း

လူမှုကွန်ရက်များကို အသုံးချခြင်းမှတစ်ဆင့် အင်တာနက်မှနေ၍ လူအချင်းချင်းသိရှိလာကြမှုများစွာ ဖြစ်ပေါ်လာခဲ့ပြီး သီးသန့်ဆန်စွာရှိနေသော လူမှုပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲနိုင်ခဲ့သည့်အပြင် လူမှုကွန်ရက်များကိုနေ့စဉ်ထိတွေ့နေဖို့လည်း လိုအပ်ကြောင်းသုံးစွဲသူများကဆိုသည်။ အွန်လိုင်းပေါ်မှ ကြော်ငြာခြင်းဟာ လူသန်းပေါင်းများစွာဆီသို့ ပျံ့နှံ့သိရှိစေသည့်အတွက် ၄င်းဖြစ်စဉ်သည် ဘယ်တော့မှပြီးဆုံးသွားမည်မဟုတ်ဘဲ အနာဂတ်ဟာအွန်လိုင်းဈေးကွက် ချဲ့ထွင်မှု၏ လက်ထဲတွင် တည်ရှိလျက်ရှိနေပါသည်။

Kaymuအကြောင်း

Kaymuသည် ကမ္ဘာပေါ်တွင် တိုးတက်ဖွံ့ဖြိုးလာသည့် ဈေးကွက်တစ်ဖြစ်သည့် အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှုတွင် အကြီးမားဆုံးနှင့် စိတ်အချရဆုံးအွန်လိုင်း အခြေပြုဈေးကွက်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ လျှပ်စစ်ပစ္စည်း၊ စာအုပ်များ၊ ဖက်ရှင်ဆိုင်ရာအမျိုးအစားများ၊ gadgets စသည်များကို ရောင်းသူနှင့် ဝယ်သူများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။ Kaymu.com.mm သည် ဂျာမနီအခြေစိုက် Rocket Internet Company ၏ မြန်မာနိုင်ငံလုပ်ငန်းခွဲ တစ်ခုဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *