Gadgets, News, Review

Blaze B50

Silicon Power မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သော စွမ်းအားမြင့် USB 3.0 ပါဝင်သော SP Blaze B50 ကို နှစ်သက်ဖွယ် လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ SP ရဲ့ ထုတ်ကုန်သစ် Blaze B50 USB Flash Drive ဟာ ရင်သပ်ရှုမောဖွယ်ကောင်းသော ပြီးပြည့်စုံသည့် ပြိုင်ကားတစ်စီး ကဲ့သို့ စွမ်းအင်ပြည့်ဝမူ အပြင်အဆင်များ၊ ပုံစံအနားကွပ် Line ဒီဇိုင်းများနဲ့ အနုစိတ်ထားပြီး Carbon Fiber ဖုံးအုပ်ထားသော မျက်နှာအသွင်အပြင် တို့ဖြင့် ဆန်းသစ်တီထွင် ထားပါတယ်။ ဆန်းပြားသော Feature များအနေနှင့် V shape ပုံစံ LED indicator၊ လွယ်ကူစွာ အသွင်းအထုတ် ပြုလုပ်နိုင်ရန် လုံလောက်သော size ပမာဏဖြင့် Thumb-push ပါဝင်ပါသည်။

မြန်ဆန်သော USB 3.0 အပြင် ultra-fast transferring speed အဖြစ် Read Speed 240MB /sec, Write Speed 140MB /sec ( in case of 256GB ) ဖြင့် Data ကူးယူနိုင်ပါသည်။ Warranty အားဖြင့် Life time ပေးထားလို့ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ ခေတ်မှီသော အသွင်အပြင်၊ ဒီဇိုင်းဆန်းသစ်မူ၊ စွမ်းရည်မြင့်မားသော SP Blaze B50 က ပါဝါပိုင်းကို ပိုအလေးပေး တည်ဆောက်ထားသော USB Flash Drive တစ်ခုဖြစ်ပါသည်။ User များအနေနှင့် 128 GB = $ 48 ကို Golden Power Technology, ph: (01-230-4848~52) နှင့်ကွန်ပျူတာဆိုင်များ အများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။ နောက်ဆုံးပေါ် ဆန်းသစ်သော ဒီဇိုင်းနည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသည့် SP Blaze B50 ကိုသုံးစွဲကြည့်ဖို့ အကြံပေးပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *