Internet user သုံးသန်းက အန္တရာယ်ရှိ ကုတ်တွေပါဝင်တဲ့ Chrome extension ၁၅ ခုနဲ့ Edge extension ၁၃ ခုကို အသုံးပြုနေကြတယ်လို့ Avast ကပြောခဲ့ပါတယ်။
အဲဒီ extension ၂၈ ခုထဲမှာ အန္တရာယ်ရှိ လုပ်ငန်းတွေ လုပ်ပေးတဲ့ ကုတ်တွေ ပါဝင်လာပါတယ်။ အဲဒီကုတ်တွေက သုံးစွဲသူတွေကို ကြော်ငြာတွေပြတာ၊ Phishing ဝက်ဘ်ဆိုက်တွေဆီ ပြန်လမ်းညွှန်တာ၊ တစ်ကိုယ်ရေအချက်အလက်တွေ ဖြစ်တဲ့ မွေးနေ့၊ အီးမေးလ်လိပ်စာတွေ စုဆောင်းတာ၊ Browser history ကိုစုဆောင်းတာ ၊ သုံးစွဲသူရဲ့ device ထဲ အန္တရာယ်ရှိ malware သွင်းတာတွေ လုပ်ခိုင်းပါတယ်။ သူတိုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပိုက်ဆံရဖို့အတွက် သုံးစွဲသူ အင်တာနက်လိုင်းကို အနုကြမ်းစီးတာ ဖြစ်တယ်လို့ Avast သုတေသီတွေက ပြောပါတယ်။
အဲဒီ extension တွေကိုတော့ ပြီးခဲ့တဲ့လက တွေ့ခဲ့ပါတယ်။ အောက်မှာတော့ အန္တရာယ်ရှိ Chrome Extension တွေကို ဖော်ပြပေးပါမယ်။ ဒီ Extension တွေ မိတ်ဆွေသွင်းထားမိရင် အမြန်ဆုံး ဖြုတ်ထားလိုက်ပါနော်။
Direct Message for Instagram
DM for Instagram
Invisible mode for Instagram Direct Message
Downloader for Instagram
App Phone for Instagram
Stories for Instagram
Universal Video Downloader
Video Downloader for FaceBook

Vimeo
Video Downloader

Zoomer for Instagram and FaceBook
VK UnBlock. Works fast.
Odnoklassniki UnBlock. Works quickly.
Upload photo to Instagram

Spotify Music Downloader
The New York Times News
Avast က အန္တရာယ်ရှိ Edge extension တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Direct Message for Instagram

Instagram Download Video & Image
App Phone for Instagram
Universal Video Downloader
Video Downloader for FaceBook

Vimeo
Video Downloader

Volume Controller
Stories for Instagram
Upload photo to Instagram

Pretty Kitty, The Cat Pet
Video Downloader for YouTube
SoundCloud Music Downloader
Instagram App with Direct Message DM