Ultrabook တွေထဲမှာ ထူးထူးခြားခြားနဲ့ နာမည်ရလာတာကတော့ ASUS ရဲ့ Zen Book series များပဲ ဖြစ်ပါတယ်။ စက်အတွင်း Processorကို Intel Core i7 2677M 1.8 GHz ကို ထည့်သွင်းပေးထားပြီး Turbo အနေနဲ့ကတော့ 2.9 GHz အထိကို ထပ်တိုး စွမ်းအင်မြှင့်ပေးပါတယ်။ Zen Book UX 31E အတွင်း သတိပြုမိမယ့် အချက် ကတော့ ၄င်းရဲ့ ပါးလွှာမှုပဲ ဖြစ်ပါတယ်။ အထူအနေနဲ့ အရှေ့ဘက်ကို 3mm ရှိပြီး အနောက်ပိုင်းက 9mmသာရှိတဲ့အတွက် Apple MacBook Airနှင့်ပင် ဒီဇိုင်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါတယ်။ Memory အနေနဲ့ကတော့ DDR3 4GBကို ထည့်သွင်းပေးထားပြီး သိုမှီးပမာဏအနေနဲ့ Solid State Hard Drive (SSD)ကို 128 GB အထိ ထည့်သွင်းပေးထားက အလွန်စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ မိမိတို့အနေနဲ့ 128 GBက ဘယ်လိုမှ မလုံလောက်ဘူးဆိုရင်တော့ External Hard Driveတော့ ချိတ်ဆက်အသုံးပြုရမှာပါ။
Graphicအနေနဲ့ကတော့ Onboardကိုပဲ အသုံးပြုထားပါတယ်။ ဒါကတော့ MacBook Airနဲ့ မယှဉ်နိုင်တဲ့ အချက်လို့ဆိုရမှာပါ။ Onboard ဆိုပေမယ့်လည်း ပါဝင်တဲ့ memoryနဲ့ processor တွေရဲ့ စွမ်းရည်မြင့်မားမှုကြောင့် Graphicပိုင်းကို အရမ်းကြီး စိုးရိမ်နေဖို့တော့ မလိုပါဘူး။ အားလုံးက မျှမျှတတနဲ့ ဟန်ချက်ညီညီ မျှဝေ အလုပ် လုပ်သွားနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားအနေနဲ့ ၁၃.၃ လက်မရှိပြီး HD အရည်အသွေးကို ပေးစွမ်းပါတယ်။ Graphic နည်းပေမယ့် Screen Resolutionကို 1600 x 900 ပေးစွမ်းနိုင်တာကတော့ ချီးကျူးရမှာပါ။
ASUS Zen Book UX31Eရဲ့ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ ကမ်ဘာ့အမြန်ဆုံး SATA နည်းပညာဖြစ်တဲ့ SATA 6Gb/s Storageကို အသုံးပြုထားလို့ပါပဲ။ ထို့ပြင် စက်အတွင်း resume timeကို ၂ စက္ကန့်သာ ကြာမြင့်စေတဲ့ Super Hybrid Engine llကိုထည့်သွင်းပေးထားပါတယ်။ အဆိုပါ Featureရဲ့ အားသာချက်ကတော့ စက်ကို Standby Mode နဲ့ ဘက်တ္ထရီဖွင့်ပြီး ၂ ပတ်ကြာ ထားနိုင်တာပါပဲ။ ပြောရရင်တော့ ဘက်တ္ထရီသက်တမ်းကို ၂၅ ရာခိုင်နှုန်း ဆွဲဆန့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ထို့ပြင် အသံအရည်အသွေး ကောင်းမွန်ဖို့အတွက်ကိုလည်း ASUSကနေ Sonic Master နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ အဆိုပါ နည်းပညာက သာမာန် Ultrabookများရဲ့ အသံစနစ်ထက် ၄ ဆ ပိုမို ကောင်းမွန်တယ်လို့ သိရပါတယ်။
အားသာချက်
ဒီဇိုင်း ပါလွှာသေးသပ်မှုက Zen Bookရဲ့ အားသာချက်ပါပဲ။ ထို့ပြင် ပါဝင်တဲ့ featureများနဲ့ ပမာဏများပြားတဲ့ SSD Driveတို့ကလည်း စွဲဆောင်ထားပြန်ပါသေးတယ်။
အားနည်းချက်
Graphic နည်းပါးမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတို့က Zen Bookရဲ့ အားနည်းချက်တွေပါပဲ။
ခြုံငုံသုံးသပ်ချက်
Feature ကောင်းကောင်းနဲ့ Ultrabook တစ်လုံးကို အသုံးပြုချင်တယ်ဆိုရင်တော့ ASUS Zen Book UX31Eက အသင့်တော်ဆုံးပါပဲ။