
Laptop တစ်လုံးဆိုတာထက်ပိုတဲ့ Asus Vivobook 13 ဟာ ပေါ့ပါးကျစ်လစ်တဲ့ဒီဇိုင်းနဲ့ ကိုယ်သွားလေရာကို အလွယ်တကူယူဆောင်သွားနိုင်မယ့် 2 in 1 laptop တစ်လုံးဖြစ်ပါတယ်။

laptop ကို fashion အနေနဲ့ပါ အသုံးပြုချင်သူတွေ၊ ကျောင်းသားတွေ နဲ့ productivity သမားတွေအတွက် သင့်တော်မယ့်အမျိုးစားဖြစ်ပါတယ်။ သူ့မှာ hardware ပိုင်းက အရမ်းအမြင့်ထဲကမဟုတ်ပေမယ့် casual workloads တွေအတွက်တော့ အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

Vivobook 13 ကို productivity အတွက်တင်မဟုတ်ပဲ entertainment အတွက်ပါအသုံးပြုနိုင်အောင် 13.3 display ကို FHD resolution နဲ့ OLED panel တို့ကိုပေါင်းစပ်ထားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါ ကြည်လင်တောက်ပနေတဲ့မျက်နှာပြင်ကနေ အကောင်းဆုံးခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Dolby VISION နဲ့ Dolby ATOMS နည်းပညာတွေပါဝင်တာကြောင့် တကယ့်ရုပ်ရှင်ရုံထဲမှာကြည့်နေရသလို ခံစားချက်မျိုးကိုပေးစွမ်းနိုင်မှာပါ။

Design ပိုင်းမှာဆိုလည်း Asus Vivobook 13 ကို ပုံမှန် laptop တစ်လုံးလိုအသုံးပြုနိုင်သလို ဖြုတ်တပ်လို့ရတဲ့ OLED display ကြောင့် tablet တစ်လုံးလိုပါ smart ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

3-cell Li-ion battery အမျိုးစားသုံးပေးထာလို့ နာရီ ၅၀နဲ့အထက် standby ထားပြီးအသုံးပြုနိုင်သလို quick charge စနစ်က 50wh battery ကို မိနစ် ၄၀ အတွင်း 60% အထိအားသွင်းနိုင်မှာပါ။
Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Phone: 0976 544 1707 [08-10]

Enjoy Shopping
