News

Asus Tablet New Product, Asus NEXUS7C-1B047A

Tablet ကို Processor အမြင့်ပိုင်းနဲ့ သုံးချင်သူများအတွက် Google နဲ့ Asus ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Nexus 7 Tablet လေးအကြောင်းရှင်းပြချင်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Android 4.2 (Jelly bean) ကိုသုံးပေးထားပြီး 7 Inches Display အပြင် Nvidia Tegra 3 quad-core 1.2GHz ဖြစ်တဲ့အတွက် Internet သုံးချင်သူများ၊ game ကစားချင်သူများနဲ့ တခြားလုပ်ဆောင်ချက်တော်တော်များများကိုလည်း လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။

Polymer battery ဖြစ်တဲ့အတွက် battery life ကိုလည်း ကြာရှည်စွာ အသုံးပြုနိုင်တဲ့အတွက် ခရီးဝေးသွားမယ့်သူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။ Memory အနေနဲ့ 1GB ပါရှိပြီး Storage 32GB ကလည်း tablet တစ်လုံးအတွက် အပြည့်အဝ လုံလောက်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

Front Camera 1.2 Mega-pixel ပါဝင်ပြီး Wireless ကိုလည်း အမြင့်ဆုံး (b/g /n) အပြင် Bluetooth 3.0 လည်း ပါဝင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကြိုက်ဖြစ်စေမှာပါ။ Resolution ကိုလည်း (1280 x 800 ) အမြင့်ဆုံး သုံးပေးထားပြီး အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြတ်သားမှု ရရှိစေမှာပါ။ 3G စနစ်ပါဝင်တာကြောင့် Internet အသုံးပြုချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Warranty အားဖြင့်လည်း 1 Year ပေးထားပြီး ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် သုံးသိန်းတစ်သောင်း ကိုးထောင်ကျပ် ဖြင့် Golden Power Technology, PH:(226664,210943) နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *