News, Review

ဂြိုလ်သားလား? လူလား? မခွဲခြားနိုင်လောက်အောင် Skill ပြနိုင်မယ့် Dell Alienware M15 R5 Gaming Laptop

👽 အကြမ်းခံမှုနဲ့စိတ်ချရမှုအတွက်နာမည်ကြီးတဲ့ Dell ကနေ ထုတ်လုပ်လိုက်တဲ့ Flagship အဆင့် Gaming Laptop တစ်လုံးပါ။ ကိုယ်ထည်ဒီဇိုင်းနဲ့ Ports အထားအသိုတွေက ပေးထားတဲ့နာမည်နဲ့လိုက်အောင် လုံးဝ Alien ဒီဇိုင်းဖြစ်ပြီး အထိအတွေ့ကအစ Flagship Gaming Laptop တစ်လုံးဆိုတာထက်ကို ပိုမိုက်ပါတယ်။
👽 တကယ့်အချိန်မှာမှ Lag သွားတယ်ဆိုတာမျိုးမရှိရလေအောင် Refresh Rate – 165Hz ရှိတဲ့ Display မျက်နှာပြင်ကို ဆင်ပေးထားပါတယ်။ Resolution က Full HD ဖြစ်ပြီး အပြာရောင်အလင်း ထုတ်လွှတ်မှုနည်းလို့ မျက်စိညောင်းတာကိုလည်း သက်သာစေမှာပါ။
👽 အမြန်ဆုံး Gaming စွမ်းဆောင်ရည်ရရှိဖို့ CPU အတွက် AMD Ryzen 9 5900HX (8-core, up to 4.6 GHz) နဲ့ Hard Drive အတွက် M.2 PCle SSD 1TB တို့ကို ဆင်ပေးထားပါတယ်။
👽 GPU အတွက်တပ်ဆင်ထားတဲ့ NVIDIA GeForce RTX 3070 8GB GDDR6 ဂရပ်ဖစ်ကတ်မှာ Dynamic Boost 2.0 နဲ့ Deep Learning Super Sampling (DLSS) တို့လို နည်းပညာအမြင့်တွေပါဝင်ပြီး ဒီနည်းပညာတွေက GPU, GPU memory နဲ့ CPU တို့အတွက်လိုအပ်တဲ့ Power ကို အလိုအလျောက်ထောက်ပံ့ပေးခြင်းဖြင့် ဂိမ်းကစားနေတုန်းမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို လုံးဝကျမသွားအောင် Boost လုပ်ပေးနေမှာဖြစ်ပါတယ်။
👽 RAM အတွက် DDR4 3200MHZ RAM 16GB (8GB x 2) ကိုတပ်ဆင်ထားလို့ RAM အများကြီးလိုတဲ့ ဂိမ်းအမြင့်တွေကို အေးအေးဆေးဆေး ကစားနိုင်မှာပါ။ SODIMM Slots နှစ်ခုပါတဲ့အတွက် နောက်ထပ် RAM Upgrade လုပ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
👽 Keyboard အတွက် 1.8mm Key travel, 4-zone RGB, N-Key rollower နဲ့ Anti-ghosting နည်းပညာတွေပါတဲ့ True Gamers Keyboard ကို တပ်ဆင်ပေးထားပါတယ်။ Mechanical Key Switch တွေဖြစ်လို့ Desktop နဲ့လုံးဝမခြားတဲ့ အမိုက်စား Gaming Experience ကို ခံစားရစေမှာပါ။
👽 CPU နဲ့ GPU တို့ရဲ့အပူတွေကို အလျင်အမြန်စွန့်ထုတ်ပေးနိုင်ဖို့ သိပ်သည်းဆမြင့် ကြေးနီချောင်းတွေကိုပဲသုံးထားတဲ့ Alienware Cryo-Tech Cooling နည်းပညာကို အသုံးပြုထားပါတယ်။ Laptop ရဲ့ Fan နဲ့ အပူချိန်ကို ထိန်းချုပ်နိုင်ဖို့ Alienware Command Center Software ကနေ စိတ်တိုင်းကျ Power Setting Adjust လုပ်နိုင်မှာပါ။
👽 WiFi Connection အတွက် Killer Wi-Fi 6 ကိုသုံးထားတယ်ဆိုမှတော့ လိုင်းဆွဲအားကတော့ ပြောနေစရာကိုမလိုတော့ပါဘူး။
ဒီလို အမိုက်စား Feature တွေနဲ့ Gaming Laptop ကို အသေးစိတ်လေ့လာချင်တယ်၊ မှာယူချင်တယ်ဆိုရင်တော့ ပေးထားတဲ့လင်ခ့်လေးကိုသာ နှိပ်လိုက်တော့နော်။
👉 အရင်ကလိုပဲ အစဥ်အမြဲ ၁၀၀% banking နဲ့ ကုန်ပစ္စည်းတိုင်းကို ပေးချေဝယ်ယူလို့ရပါတယ်။ ငွေသားဖြင့် ပေးချေမည်ဆိုပါကလည်း ၅% စျေးလျော့ပေးပါတယ်။
ဆက်သွယ်မေးမြန်းလိုပါက⁉️
🚩 Shop on Messenger: https://m.me/ICT.com.mm
💬 Viber: 0942 000 4551
☎️ Call our team : +95 (0) 9765 441 707/ 708
❣️Enjoy Shopping❣️
Team ICT.com.mm

Leave a Reply

Your email address will not be published. Required fields are marked *