News

Archos က ဈေးသက်သာတဲ့ LTE 50c Oxygen Tablet နဲ့ Octa-Core တပ်ဆင်ထားတဲ့ Helium 4G Smartphone ကိုပြသ

ပြင်သစ် အီလက်ထရောနစ် Company တစ်ခုဖြစ်တဲ့ Archos က နောက်တစ်ပတ်မှာ ပြုလုပ်မယ့် Mobile World Congress မှာ ပြသမယ့် Device တွေကို ကြိုတင်ပြသလိုက်ပါတယ်။ 80 Helium 4G Tablet နဲ့ 50c Oxygen Smartphone တို့ ဖြစ်ပါတယ်။

Archos 80 Helium 4G ဟာ စတာလင်ပေါင် (၂၂၉.၉၉) အောက် ကမ္ဘာ့ပထမဆုံး 4G Tablet ဖြစ်တယ်လို့ Archos က ပြောပါတယ်။ 1.2GHz Quad-Core A7 Processor, 1GB RAM, Android 4.3 Jelly Bean အသုံးပြုထားပါတယ်။ 4G LTE အသုံးပြုနိုင်ပါတယ်။ ရှစ်လက်မ 1024×768 IPS Display, 8GB Storage ပါရှိပါတယ်။ 5 MP Camera နဲ့ 2 MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ Bluetooth 4.0 အသုံးပြု နိုင်ပါတယ်။

50c Oxygen က စွမ်းဆောင်ရည်မြင့်ဖုန်း ဖြစ်ပြီး စတာလင်ပေါင် (၂၂၀) နဲ့ ရောင်းချပေးမှာ ဖြစ်တဲ့အတွက် ဈေးလည်း သက်သာပါတယ်။ ငါးလက်မ 1280×720 IPS Display, 1.7GHz Mediatek Octa-Core A7, 1GB RAM, 8GB Storage ပါရှိပါတယ်။ 8 MP Camera, 2 MP Camera တပ်ဆင်ထားပါတယ်။ Bluetooth 4.0 အသုံးပြုနိုင်ပါတယ်။ Android 4.2 ကို အသုံးပြုထားပါတယ်။

နောက်ထပ် ဖုန်းတစ်မျိုးက 64 Xenon ဖြစ်ပြီး 1.3GHz Quad-Core အသုံးပြုထားပါတယ်။ ၆.၄ လက်မ Display တပ်ဆင်ထားပါတယ်။ Resolution က 1280×720 ဖြစ်ပါတယ်။ 8 MP Camera ပါရှိပါတယ်။ 40b Titanium Smartphone မှာ 1.3GHz Dual-Core Processor တပ်ဆင်ထားပါတယ်။ လေးလက်မအရွယ် 800×480 Resolution Display တပ်ဆင်ထားပါတယ်။

64 Xenon ကို စတာလင်ပေါင် (၂၀၀) သတ်မှတ်ထားပြီး 40b Titanium ကို စတာလင်ပေါင်တစ်ရာ သတ်မှတ် ထားပါတယ်။ Device အားလုံးမှာ MicroSD Card အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *