Featured, News

Apple ရဲ့ ဒီဇိုင်းပညာရှင် ဂျွန်နီအိုင့်ဗ်က Xiaomi ကို ဒီလိုစွပ်စွဲပြီ

Appleရဲ့ ဒီဇိုင်းပညာရှင်ဖြစ်တဲ့ ဂျွန်နီအိုင့်ဗ်ကို ကြုံတောင့်ကြုံခဲ ကြာသာပတေးနေ့ ညက San Francisco က ဗန်နစ်တီဖဲရား သတင်းတည်ထောင်မှုပွဲမှာ အင်တာဗျူးမေးခွင့် ရခဲ့ပါတယ်။ အိုင့်ဗ်က ဗန်နစ်တီဖဲရားရဲ့ အယ်ဒီတာဖြစ်တဲ့ ဂရေးဒွန် ကာတာနဲ့ အင်တာဗျူးခဲ့တာ ခေါင်းစဉ်တော်တော်များပါတယ်။ လက်ရှိ apple ရဲ့ gadgets တွေပါမယ်၊ အိုင်ဖုန်း 6 နဲ့ Apple Watch အကြောင်းတွေ ဖြစ်ပါတယ်။ စကားပြောခန်း အပြည့်အစုံကိုထဲက highlights သဘောမျိုး ရွေးထုတ်ထားတာလေးတွေကိုတော့ အောက်မှာတင်ပြထားပါတယ်။

  • ပရိတ်သတ်တစ်ယောက်က အိုင့်ဗ်ကို မေးတယ်၊ Apple ရဲ့ ဒီဇိုင်းကို တစ်ခြားကုမ္ပဏီ တွေက ခိုးတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုခံစားရလဲလို့ မေးပါတယ်။ အိုင့်ဗ်က ဒါကို သူခိုးလို့ ခေါ်တယ်ဗျ၊ ပျင်းရိတာလို့လည်း ပြောလို့ရပါတယ်။ Apple ရဲ့ ဒီဇိုင်နာတွေက ဒီဇိုင်းပရောဒက်တ်တွေဘက်မှာဆို အရမ်းအားထည့်ထား ကြတာဗျ၊ သူများက ခိုချလိုက်တော့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့ဗျာ။
  • အိုင့်ဗ်က Apple Watch ဟာ သူ့အတွက်တော့ လျှပ်စစ်ပစ္စည်းတွေဘက်မှာ ကာစတမ်မာတွေအတွက် ဒီဇိုင်းထုတ်တာဟာ ပထမခြေလှမ်းဖြစ်တယ်လို့ ထုတ်ဖော်ပြောသွားပါတယ်။ သူ့မျက်စိထဲမှာတော့ နာရီဆိုတာ နာရီလောက်ပါပဲ၊ အဲဒိထက်တော့ ပိုမမြင်ပါဘူးလို့ ပြောသွားပါတယ်။
  • နောက်ဆုံးမှာတော့ သူက Apple အနေနဲ့ မျက်နှာပြင် စကခရင် ကြီးကြီးထွက်ဖို့အတွက် ဘာလို့ကြာနေရလဲဆိုတာကို ပြောခဲ့ပါတယ်။ Apple ရဲ့ ဒီဇိုင်းအဖွဲ့ဟာ ပစ္စည်းတစ်ခုရဲ့ ခံစားမှုကို အပြည့်အဝ ခံစားရအောင်နဲ့ စခရင် ကြီးကြီးနဲ့ အမြင်တွေ လိုက်ဖက်ညီအောင်လို့ အမြဲစဉ်းစားနေကြတာပါ။ ဘာလို့လည်းဆိုတော့ ကနေ့ထွက်နေတဲ့ တစ်ချို့စကရင်ကြီးကြီး ဖုန်းတွေဟာ တော်တော်လေးကို ကြည့်ရစိုးပါတယ်။

အိုင့်ဗ်နဲ့ ဆွေးနွေးထားတဲ့ အကြောင်းအရာအပြည့်အစုံကို အောက်မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

မေး။ အိုင့်ဗ်ရေ ခင်ဗျားဘယ်အချိန်တွေမှာ စိတ်ဓါတ်တွေကျပြီး ဘယ်အချိန်တွေမှာ ခင်ဗျားအပြုသဘော ဆောင်လဲဗျ။

ဖြေ။ ကျွန်တော်တစ်ကိုယ်တည်းနေတဲ့ အချိန်တွေအများကြီးနေမိရင် ကျွန်တော်စိတ်က အဆိုးဘက်ကိဦးတည်နေပြီး ကျွန်တော်ရဲ့ ဒီဇိုင်း team နဲ့အတူရှိနေတဲ့ အချိန်တွေက ကျွန်တော်ကို အပြုသဘော ဆောင်စေတာပေါ့ဗျာ။

မေး။ ခင်ဗျားရဲ့ ဒီဇိုင်းအဖွဲ့ဟာ ဘယ်လောက်ကြီးလဲဗျ။

ဖြေ။ အမှန်တကယ်ပြောရရင် အရမ်းသေးပါတယ်။ ကျွန်တော်အပါအဝင် ၁၇ ယောက်လောက်ပေါ့။ ဒီအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ ကြီးထွားလာတာပေါ့ဗျာ။ ကျွန်တော်တို့တွေ အဖွဲ့ကို သေးနိုင်သမျှသေးအောင် အရမ်းကြိုးစားခဲ့ရတယ်။

မေး။ ခင်ဗျားရဲ့ နေ့စဉ်စတိုင်က ဘယ်လိုလဲ​ဗျ။

ဖြေ။ ပုံမှန်ကတော့ ဒီဇိုင်းအဖွဲ့နဲ့ပဲ အတူရှိဖြစ်တာ များပါတယ်။ အပြင်ဘက်မှာဆိုရင်တော့ ကိုယ်ရေးကိုယ်တာကိစ္စအရတော့ ၁ ပတ် ၃၊ ၄ ခါလောက်တော့ တွေ့ဖြစ်ပါတယ်။ အိုင်ဒီယာဆိုတာမျိုးက ပုံဆွဲခြင်းကနေ သဘာဝပစ္စည်းတစ်ခု ဖြစ်လာသည့်တိုင်အောင် တကယ်ထွက်မလာဘူး။ အိုင်ဒီယာဆိုတာ အရမ်းကို အပြောင်းအလဲ မြန်ဆန်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့ဆိုရင် အရမ်းကို အလေးထားရပါတယ်။

မေး။ ဘာဖြစ်လို့ အိုင်ဖုန်းကို အရင်ထုတ်ခဲ့တဲ့ ဘဲဥပုံထိပ်အဝိုင်းပုံလေးတွေ မထုတ်တော့တာလဲ။

ဖြေ။ လွန်ခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့ စက်ခရင် အကြီးကြီးတွေနဲ့ ဖုန်းပုံစံငယ်တွေ ဆွဲခဲ့ကြတယ်။ အဲဒိဟာတွေမှာ ကြီးမားတဲ့ မျက်နှာပြင်တွေနဲ့ စိတ်ဝင်စားစရာ ဖီးချားတွေအများကြီး ပါပါတယ်၊ ဒါပေမယ့် နောက်ဆုံးရလဒ်ထွက်လာတော့ ဒီဖုန်းတွေဟာ တော်တော်ဆိုးရွားမှုတွေ ဖြစ်လာပါတယ်၊ ကလောင်ကလောင် မြည်တာတို့ပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်တို့ မျက်နှာပြင်အကြီးနဲ့ ဖုန်းတွေထုတ်ဖို့ အတွက်ကို အရမ်းကို စိတ်နှစ်ပြီးတော့ လက်တွေ့ အကောင်ထည်ဖော်ကြပါတယ် ဒါပေမယ့် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့တွေ အများကြီးလိုပါသေးတယ်။ လုံးဝန်းတဲ့အစွန်းတွေက အိုင်ဖုန်း ၆ ရဲ့ မြင်ကွင်းကို အနည်းငယ် ကျဉ်းစေပါတယ်။

မေး။ တကယ်လို့သာ အိုင်ဖုန်းလိုမျိုး အရမ်းရှုပ်ထွေးတဲ့ ဖုန်းတစ်လုံးကို ညွှန်ကြားချက်မပါဘဲ စျေးကွက်ထဲထုတ်ဖို့ ဘယ်တော့လောက် ဖြစ်မလဲဗျ။

ဖြေ။ ဒါဟာ ကျွန်တော်တို့ ကြိုးစားနေတဲ့အရာပဲဗျ။ ကျွန်တော်တို့ အကုန်လုံးပေါ့ဗျာ။ ကြီးမားတဲ့မျက်နှာပြင်ကို လက်နဲ့ ထိတွေ့နိုင်မယ်၊ ပြီးရင် သဘာဝအတိုင်း မြင်နိုင်မယ်ပေါ့ဗျာ။ နောက်နှစ်အနည်းငယ်မှာ မုချ ဖြစ်လာမှာပါ။

မေး။ ခင်ဗျား Apple ကို မရောက်ခင်က သူ့ရဲ့ ပထမဆုံးထုတ်တဲ့ ပစ္စည်းက ဘာဖြစ်မလဲဗျ။

ဖြေ။ အနုပညာကျောင်းမှာတုန်းက ကွန်ပျူတာကောလိပ်တွေက အရမ်းကို ဆိုးရွားတယ်ဗျ။ တကယ်က အဲဒိပြဿနာက ကျွန်တော်ဆီက ဖြစ်နေတာဗျ။ ခင်ဗျားတစ်ခုခုဆိုးတာ စားမိရင် ခင်ဗျား အဲဒိအစာကို ဆိုးတယ်လို့ထင်မှာပဲ၊ ဒါပေမယ့် ခင်ဗျား မကောင်းတဲ့ ပစ္စည်းတစ်ခုခုကို သုံးမိရင် အဲဒီပစ္စည်းမကောင်းဘူးဆိုရင် အဲဒါ ခင်ဗျားနဲ့ပဲဆိုင်တယ်ဗျ။ အနုပညာကျောင်းမှာတုန်းက ကျွန်တော်သုံးတဲ့ ကွန်ပျူတာက Mac ဗျ၊ သူ့မှာ အရမ်းစိတ်လှုပ်ရှားဖွယ် ဖီးချားတွေပါတယ်ဗျ။ ကျွန်တော့်အတွက် ပထမဆုံးကွန်ပျူတာ သုံးတာဖြစ်ပြီး ဒီဇိုင်းနဲ့ ကွန်ပျူတာပေါင်းပြီး ပစ္စည်းတွေထုတ်နေတဲ့ ရှင်းလင်းပြတ်သားတဲ့ အသိတစ်ခုလည်း ကျွန်တော်ရခဲ့တယ်ဗျ။ ဒါနဲ့ ကျွန်တော့ရဲ့ ဒီဇိုင်းပညာကို ဘယ်လိုမျိုးဟာတွေနဲ့ ပေါင်းစပ်ပြီး စမ်းသပ်ရမလဲဆိုတာကို ကောင်းကောင်းနားလည်သွားတယ်ဗျ။ အဲဒိအချိန်ကစပြီး ကယ်လီဖိုးနီးယားမှာ လုပ်နေတဲ့ ကွန်ပျူတာအဖွဲ့တွေမှာ အရမ်းကို စိတ်ဝင်စားစွာ လေ့လာဖြစ်ခဲ့တယ်ဗျ။

မေး။ ဟုတ်ပြီ၊ ဒါဆို ဘာလို့ခင်ဗျား စက်မှုဒီဇိုင်နာဖြစ်ချင်ခဲ့တာလဲဗျ၊ တစ်ခြားအနုပညာရှင် ဒါမှမဟုတ် ဒီဇိုင်နာတွေလို မဟုတ်ပဲနဲ့ပေါ့ဗျာ။

ဖြေ။ ဒါဟာ ကျွန်တော်လုပ်နိုင်တဲ့ အရာတစ်ခုဖြစ်နေလို့ပဲဗျ။ အဲဒါတွေနဲ့ပတ်သတ်ပြီး ကျွန်တော့မှာ ဆန်းသစ်တဲ့အတွေးတွေ ရှိတယ်၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဖလှယ်ကြတယ်လေ။

မေး။ ဒီ စက်မှုဒီဇိုင်းဆိုတဲ့ ဘာသာရပ်ကို ခင်ဗျား ကလေးဘဝတုန်းက ဘယ်လိုထင်ခဲ့လဲဗျ။

ဖြေ။ ကျွန်တော် ဒီဘာသာရပ်ကို စပြီးစိတ်ဝင်စားတုန်းက ကိုယ့်ဟာကိုယ်တောင် အရမ်းအံ့ဩသင့်သွားတယ်ဗျ။ ကျွန်တော်တကယ်လည်း စစလုပ်ချင်းတုန်းက လှလှပပတွေကို ဖန်တီးနိုင်ခဲ့တယ်။ ကလေးဘဝတုန်းကတော့ ဒီလိုမျိုး ဖြစ်ချင်စိတ်မရှိခဲ့ပါဘူး။

မေး။ ခင်ဗျား ကယ်လီဖိုးနီးယားကို စရောက်ခဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲဗျ။

ဖြေ။ ကျွန်တော့ကို ကောလိပ်တက်ဖို့ စပွန်ဆာ ရခဲ့တယ်၊ စကောလားရှစ်ပေါ့ဗျာ။ ကျွန်တော်အဲဒိကွန်ပျူတာ အဖွဲ့က လူတွေနဲ့ တွေ့ချင်ခဲ့တယ်၊ သူတို့ဟာ တကယ်လည်း အရမ်းကို ကြင်နာပြီး စိတ်ရှည်တဲ့လူတွေပါ။

မေး။ ခင်ဗျား အလုပ်တစ်ခုအတွက် တစ်ခုခုကို ငြင်းဘူးလား။

ဖြေ။ ကျွန်တော် အလုပ်အကိုင်တစ်အခုအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ တချို့က ကျွန်တော့်ကို သူတို့နဲ့နေဖို့ ဖျောင်းဖျဖို့ ကြိုးစားကြတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ လူတိုင်းကိုလည်း ကျွန်တော့လိုမျိုး လုပ်ဖို့ မေးခဲ့ဖူးတယ်။

မေး။ Apple ကုမ္ပဏီနဲ့ ခင်ဗျားဘယ်လို စပြီးလက်တွဲဖြစ်ခဲ့တာလဲ။

ဖြေ။ Apple ကလူတွေနဲ့ ကျွန်တော်ဆုံခဲ့တယ် ပြီးတော့ ကျွန်တော် လန်ဒန်ကို ပြန်သွားခဲ့တယ်၊ ပြီးတော့ ကျွန်တော့ကိုယ်ပိုင် ဒီဇိုင်းကို လုပ်ခဲ့တယ်။ Apple က သူတို့ကုမ္ပဏီအတွက် ဒီဇိုင်းပညာရှင်ခန့်ဖို့ကို ကမ္ဘာပတ်ပြီး ရှာခဲ့တယ်၊ သူတို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တယ်။ ကျွန်တော်အလုပ်နှစ်ခုရခဲ့တယ် အဲဒိအချိန်က၊ တစ်ခုက PowerBook မှာ Apple နဲ့ အလုပ်လုပ်ဖို့နဲ့ နောက်တစ်ခုက အင်္ဂလိပ်ကုမ္ပဏီတစ်ခုမှာ ရေချိုးခန်းသုံး ပစ္စည်းတွေကို ကြွေထည်မြေထည် ဒီဇိုင်း လုပ်ဖို့ဖြစ်ပါတယ်။ အဲဒိ ပရောဂျက် နှစ်ခုရဲ့ စာချုပ်ကလည်း အတော်ထူးဆန်းပါတယ်။ စာချုပ်နှစ်ခုလုံးရဲ့ စခေါ်တဲ့ ဒိတ်ကတူနေတယ်။ နောက်ဆုံး ကျွန်တော် Apple နဲစလုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

မေး။ ခင်ဗျားအပြင်မှာကော တစ်ခြားဒီဇိုင်းလုပ်ပေးတဲ့အလုပ်တွေ လက်ခဲ့သေးလား။

ဖြေ။ ကျွန်တော်ထင်တယ် လူတစ်ယောက်ဟာ အလုပ်ကောင်းတစ်ခုကို လုပ်နေပြီဆိုရင် တစ်ခြားအပြင်တစ်ခုကို အာရုံမစိုက်နိုင်တော့ဘူးဗျ။ အဲဒိလူဟာ အတွင်းပိုင်းဒီဇိုင်နာ တစ်ယောက်ဖြစ်သွားပြီပေါ့ဗျာ။ ဒါဟာ ကျွန်တော်ပထမဆုံး ဒီဇိုင်းထုတ်ခဲ့တဲ့ ဖုန်းပုံစံပေါ့ဗျာ။

Apple ရဲ့ ဒီဇိုင်းပညာရှင် ဂျွန်နီအိုင့်ဗ်က Xiaomi ကို ဒီလိုစွပ်စွဲပြီ

မေး။ ခင်ဗျားတို့ ဒီဇိုင်းချတဲ့အခါမှာ “တကယ်လို့ မဖြစ်ဘူးဆိုရင်” ဆိုတဲ့ ကိစ္စမျိုး ရင်ဆိုင်ခဲ့ဘူးလား။

ဖြေ။ လက်နဲ့ထိတွေတဲ့ အရာပေါ့ဗျာ။ ကျွန်တော်တို့ ဒီလိုဖုန်းတစ်လုံးကို လက်နဲ့ထိတွေ့စေပြီး ခိုင်းစေနိုင်ဖို့အခြေအနေ ရောက်လာဖို့ကို ကျွန်တော်တို့တွေ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြတယ်။ ဒါတစ်ကယ် အလုပ်ဖြစ်လိမ့်မယ်လို့တောင် မထင်ခဲ့မိဘူး။ Apple Watch မှာဆိုရင်လည်း အဲလိုမျိုး နည်းပညာ ချဲလန့်တွေ ကျွန်တော်တို့တွေ ရင်ဆိုင်ခဲ့ကြပါတယ်။ ပထမဆုံး ကျွန်တော်တို့ နာရီတွေအပေါ်ကို စိတ်ဝင်စားခဲ့ကြတယ်။ နာရီထည့်တဲ့ အိတ်ကပ်တွေ စတင်မထုတ်ခင်ကတည်းက  ဒီဇိုင်းဆွဲခဲ့ကြတယ်။ အဲဒိတုန်းက နာရီထည့်အိတ်လေးတွေကို လည်ပင်းမှာတောင် ပတ်ဆွဲကြတယ်။ အဲဒိနောက်ပိုင်း နာရီအိတ်ကပ်တွေ ခေတ်စားလာခဲ့တယ်။ အဲဒိနောက် ၁၇ ရာစုနှစ်လောက်မှာ နာရီတွေကို လက်မှာစပြီး ဝတ်ဆင်ခဲ့ကြတယ်။ နောက်ပိုင်း အမျိုးမျိုးထုတ်လာကြပြီး နောက်ဆုံးတော့ လက်ကောက်ဝတ်နားမှာ နာရီကို ဝတ်ဆင်တာဟာ နာရီကြည့်ဖို့အတွက် အမြန်ဆုံးနဲ့အဆင်ပြေဆုံး နေရာဆိုတာကို နားလည်လာကြတယ်။ လက်ကောက်ဝတ်နားမှာ နာရီဝတ်ဆင်တဲ့ အလေ့အကျင့်ဟာ ယနေ့အချိန်ထိဆိုရင် နှစ်ပေါင်း ၁၀၀ လောက်ပဲရှိပါသေးတယ်။

မေး။ Steve Jobs နဲ့အတူတူလုပ်နေတုန်း သူဆီက ဘာတွေရခဲ့လဲ။

ဖြေ။ အာရုံစိုက်မှု။ စတိဂျော့်ဗ်ဟာ ကျွန်တော်တွေ့ဖူးထဲလူတွေထဲမှာတော့ အာရုံစိုက်မှု အကောင်းဆုံးလူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ တစ်ခုခုကို အာရုံစိုက်ပြီဆိုရင် အရမ်းကြောက်ဖို့ကောင်းလောက်အောင်ကိုပါပဲ။ အာရုံစိုက်မှုမှာ ဥပဒေသာရှိခဲ့ရင် သူဟာ ဥပဒေချိုးဖောက်သူ တစ်ယောက်ပါပဲ။ အဲလိုသာ လူတစ်ယောက်ဟာ အာရုံစိုက်ပြီဆိုရင်လည်း သူဟာအောင်မြင်မှုတွေ အများကြီး ရမှာပါ။ စတိပြောတဲ့ စကားလေးရှိတယ် “မရဘူးလို့ ပြောတာ ဘယ်လောက်များပြီလဲ”။ အဲဒိစကားလေးက သူကျွန်တော့ကို အမြဲပြောတာပေါ့။ သူသိတယ် ကျွန်တော်ဒီအရာတွေအပေါ်ကို အရင်က သိပ်စိတ်ဝင်စားမှုမရှိဘူးဆိုတာကို။ သူပြောတာက “အာရုံစိုက်မှုဆိုတာဟာ အရာတစ်ခုခုကို သင်ဟာ ဘယ်လိုကောင်းအောင် လုပ်ကမယ်ဆိုတဲ့ အိုင်ဒီယာရှိရဲ့နဲ့ နိုးလို့ဖြေလိုက်တာ၊ ဘာလို့လည်းဆိုတော့ သင်ဟာ တစ်ခြားခြားတစ်ခုခုကို အာရုံစိုက်နေပြီ “ လို့ အာရုံစိုက်မှုကို သူက ရှင်းခန်းဖွင့်ခဲ့ပါတယ်။

ကျွန်တော်မှတ်မိသေးတယ် ဂျော့ဘ်နဲ့ စကားပြောခဲ့တာတွေကို။ ကျွန်တော်သူ့ကို မေးခဲ့တယ် “ ဘာလို့ခင်ဗျား ဒီလိုပြင်းထန်စွာ လေ့လာရတာလဲ ” လို့၊ ပုံမှန်လေး မသွားသင့်ဘူးလားပေါ့။ သူကပြန်မေးခဲ့တယ် “ ဘာလို့လဲ “ တဲ့။ ဒါနဲ့ကျွန်တော်က ဆက်ပြီး “ ဘာလို့လည်းဆိုတော့ ကျွန်တော်က အသင်းအတွက်ကို စိုးရိမ်လို့ပါ “ လို့ ပြောခဲ့ပါတယ်။ သူက ဆက်ပြောတယ် “ မဟုတ်ဘူး ဂျော်နီ မင်းဟာ စိတ်ကြီးဝင်နေတာပဲ၊ တစ်ခြားလူတွေကိုလည်း မင်းလိုမျိုးပဲ ဖြစ်စေချင်နေတယ်၊ ငါမင်းကို အံ့ဩတယ် ဘာလို့လည်းဆိုတော့ ငါမင်းကို ငါတို့အလုပ်မှာ  အရမ်းအရေးကြီးတဲ့ လူတစ်ယောက်လို့ ထင်ထားခဲ့တာ အခုတော့မဟုတ်ဘူး မင်းလူတွေကို ဘယ်လိုလေ့လာခဲ့တာလဲ” လို့ သူက ကျွန်တော့ကို ပြန်ပြောခဲ့ပါတယ်။ လူအများစုက ဂျော့ဘ်ကို နားလည်မှုလွဲကြတယ် ဘာလို့လည်းဆိုတော့ သူက အရမ်းကို အာရုံစိုက်လွန်းလို့။

မေး(ပရိတ်သတ်)။ တရုတ်နိုင်ငံမှာ Apple ဒီဇိုင်းကို ခိုးချထားတဲ့ Xiaomi ဖုန်းတွေကို ခင်ဗျားဘယ်လို မြင်လဲ။

ဖြေ။ ဒါက အန္တရာယ်ရှိပါတယ်။ ကျွန်တော်ကတော့ သူတို့ကို ဆန်းသစ်တယ်လို့ မမြင်ဘူး။ သူခိုးလို့ပဲ မြင်တယ်။ ခင်ဗျား တစ်ခုခုကို ပထမဆုံးအကြိမ် စလုပ်တဲ့အခါမှာ ဒါဟာ တစ်ကယ်ကို အလုပ်ဖြစ်လိမ့်မယ်လို့ ခင်ဗျားမသိဘူးဗျ။ ရိုးရိုးသားသား ပြောရရင် ဒါဟာ ခိုးတာပဲဗျ၊ ပျင်းတာပေါ့။ ဒါဟာ အဆင်ပြေတယ်လို့တော့ မထင်ဘူးဗျ။

မေး။ ဖန်ရှင်တွေနဲ့ ဒီဇိုင်းတွေကို ဘယ်လိုအဆင်ပြေအောင် ညှိယူလဲဗျ။

ဖြေ။ လှပတဲ့ ထုတ်ကုန်တစ်ခုဟာ အလုပ်မလုပ်ဘူးဆိုရင် ရုပ်ဆိုးတာပေါ့ဗျာ။ အကောင်းဆုံးအရာကတော့ ကျွန်တော်တို့ထုတ်တဲ့ ပစ္စည်းတွေကို အကုန်လုံး သဟဇာတဖြစ်​အောင် လုပ်ထားပါတယ်။ ကျွန်တော်ထင်တာ ဒီဇိုင်းကတော့ အရေးကြီးတာပေါ့၊ အလုပ် လုပ်ဖို့လည်း လိုတာပေါ့။

မေး။ ခင်ဗျား ဘယ်ဒီဇိုင်းကို ကြိုက်လဲ။

ဖြေ။ ဖြေဖို့ခက်ခဲတဲ့ မေးခွန်းပဲဗျ။ ကျွန်တော်က အရမ်းကို အသေးစိတ်ကျတဲ့လူဗျ။ ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော်တို့တွေ ပစ္စည်းတစ်ခုခုရဲ့ ဒီဇိုင်းဘက်မှာ ပိုပြီးတော့ အမြင်ရှိသလိုပဲဗျ။  အားလုံးကိုကျေးဇူးတင်ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *