
iOS အသုံးပြုသူများအတွက်လည်း အသုံးဝင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Apple Products တချို့ကို မိတ်ဆက်ပေးပါရစေနော်။

ပထမဆုံးပြောပြချင်တာကတော့ Apple AirTag လေးပါ။ သူကတော့ ကိုယ့်ရဲ့ Apple Device နဲ့ အရေးကြီးပစ္စည်းတွေကို ကိုယ်နဲ့ အမြဲတမ်းအချိတ်အဆက်မိနိုင်အောင်လုပ်ပေးမယ့် ပစ္စည်းလေးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်ခင်ဗျ။ သော့၊ ပိုက်ဆံအိတ် အစရှိတဲ့အရာတွေ မတော်တဆပျောက်သွားပြီဆိုပါစို့။ အဲဒီအခါမှာ AirTag လေးကိုသာ ပစ္စည်းတွေမှာ ကပ်ထား၊ တွဲထားခဲ့ရင် iPhone ကိုအသုံးပြုပြီး သူတို့ရဲ့ တည်နေရာကို ပြန်ရှာလို့ရပါတယ်ခင်ဗျ။ ပျောက်ဆုံးတဲ့ ပစ္စည်းနားကိုယ်ကရောက်လာလေ ကိုယ့်ရဲ့ iPhone က အချက်ပြလေလေ ဖြစ်မှာပါ။ iPhone ထဲက Find My App ထဲကိုဝင်ပြီးဖြစ်ဖြစ်၊ Siri ကို Hey Siri Find My Wallet လို့ Voice Command ပေးပြီးဖြစ်ဖြစ် ပျောက်ဆုံးနေတဲ့ ပစ္စည်းလေးကိုလိုက်ရှာလို့ရမှာပါခင်ဗျ။ တော်တော် အသုံးဝင်မယ့် Gadget လေးလို့မြင်မိပါတယ်နော်။

နောက်တစ်ခုကတော့ Apple Smart Folio Keyboard ပဲဖြစ်ပါတယ်ခင်ဗျ။ သူကတော့

iPad (9th generation)

iPad Pro 10.5-inch

iPad Air (3rd generation)

iPad (8th generation)

iPad (7th generation) Model တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Smart Keyboard အမျိုးအစားပါခင်ဗျာ။ သူကတော့ Keyboard အနေနဲ့တင်ပဲ သုံးလို့ရသေးတာမဟုတ်ပါဘူး။ စာရိုက်ပြီးရင် iPad ကို လုံခြုံအောင် စာအုပ် Cover တစ်ခုလို အပိတ်အဖွင့်လုပ်ပြီး အသုံးပြုလို့ရပါသေးတယ်ခင်ဗျ။ Color ကလည်း Black ဖြစ်တာကြောင့်မို့လို့ Classic Look ကိုပေးနိုင်တဲ့အပြင် အကောင်းဆုံးအချက်ကတော့ Keyboard ကိုပဲ သက်သက် အားသွင်းစရာမလိုပါဘူး။ iPad ကနေတစ်ဆင့် အားသွင်းလို့ရနိုင်ပါတယ်ခင်ဗျာ။ iPad ကို Mini Laptop လေးတစ်လုံးသဖွယ် အသုံးပြုမယ်ဆိုရင် ဒီ Keyboard လေးက အသင့်တော်ဆုံးပဲပေါ့ဗျာ။

ဒါ့အပြင် နောက်ထပ် Apple Products တွေဖြစ်တဲ့ iTunes Gift Card ( USD ), iPhone 11 Pro နဲ့ Pro Max အတွက် Cover လေးတွေနဲ့အတူ iPhone 14 လည်းရှိသေးတာကြောင့် စိတ်ဝင်စားမယ်ဆိုရင် ဝင်ရောက်ကြည့်ရှုပေးကြပါဦးနော်။
Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Phone: 0976 544 1707 [08-10]

Enjoy Shopping

Team ICT.com.mm