
15 Series တွေရဲ့ ဗူး Sticker တွေမှာ UV Light နဲ့ကြည့်ပြီး Phone ကို အလိမ်အညာဟုတ်၊ မဟုတ် နဲ့ ဗူးမှန်၊မမှန်သိအောင် စစ်နိုင်ဖို့ထည့်ထားတယ်လို့သိရတာဖြစ်တာကြောင့် Security ပိုင်းဆိုင်ရာမှာ တော်တော်လေးဂရုစိုက်ထားတယ်လို့ဆိုရမှာပါ။ လုပ်ရမယ့် Activity တွေနဲ့ သတိပေးချက်တွေကိုအလွယ်တကူ Tracking လိုက်လို့ရအောင် လုပ်ပေးထားမယ့် Dynamic Island ပါဝင်တဲ့အတွက် တစ်ခုခုလုပ်နေရင်း အရေးကြီးကိစ္စတွေမေ့မသွားအောင် မှတ်ထားလို့ရနိုင်မှာဖြစ်ပါတယ်။ မေ့တတ်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့နော်။ Phone ရဲ့ Display ပိုင်းကိုကာကွယ်ဖို့အတွက် Ceramic Shield နဲ့လုပ်ထားပါတယ်။ ရုတ်တရက်ပြုတ်ကျသွားတာ၊ ခြစ်ရာထင်သွားတာမျိုးဖြစ်ရင် စိတ်ပူစရာမလိုတော့တာမို့ အကြမ်းခံတယ်လို့ ပြောရမှာဖြစ်ပါတယ်။

iPhone 15 Pro ဆိုရင်လည်း Titanium နဲ့ ပြုလုပ်ထားပြီး Gaming အတွက်လည်း A17 Pro Chip ကိုအသုံးပြုထားပါတယ်။ A17 Pro ဆိုတာကတော့ iPhone Chip တွေထဲမှာ လုံးဝအသစ်စက်စက်ဖြစ်ပြီး Apple ရဲ့ အကောင်းဆုံး Graphic Performance ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Main Camera က 48MP ရှိပြီး Advanced ဖြစ်တဲ့ Super High Resolution Photo တွေကိုပေးစွမ်းနိုင်မှာပါ။ Portrait Mode ကိုလည်းပြောင်းစရာလိုတော့မှာမဟုတ်ပါဘူး။ Depth Information ကို Auto Capture လုပ်ပေးတဲ့အတွက် Photo တွေကို Blur Effect နဲ့ ချက်ချင်းမြင်သွားအောင်လုပ်ပေးနိုင်ပါတယ်။ 5x Optical Zoom ပါဝင်လာတာကြောင့် အဝေးကဓာတ်ပုံတွေကို သေချာ Zoom ဆွဲပြီး ကြည်လင်အောင် ရိုက်ကူးနိုင်မှာပါ။ Battery Life မှာလည်း 15 Pro Max ဆိုရင် Up to 29 Hours အထိခံပြီး Pro မှာဆိုရင်တော့ 23 Hours အထိခံမှာဖြစ်ပါတယ်။ Battery Life ကတော့ ရှေ့ပိုင်းထွက်ခဲ့တဲ့ Model တွေထက် ပိုပိုကောင်းလာပါတယ်။

Apple Watch Series 9 မှာတော့ လက်ညှိုးနဲ့ လက်မကိုထိပြီး အသုံးပြုလို့ရတဲ့ Gesture Control ပါဝင်မှာဖြစ်ပြီး Chipset အသစ်ကြောင့် Siri ကို Internet အသုံးပြုစရာမလိုဘဲနဲ့ On-Device နဲ့ Run နိုင်မှာပါ။ Assistive Touch ကို Apple က မသန်စွမ်းတဲ့ Watch User တွေအတွက် အဓိကထားဖန်တီးခဲ့ဖြစ်ပါတယ်ခင်ဗျာ။
Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Phone: 0976 544 1707 [08-10]

Enjoy Shopping

Team ICT.com.mm