ဓာတ်အား ပြတ်တောက်ခြင်းကြောင့် လူကြီးမင်းတို့ရဲ့ အရေးကြီး System များထိခိုက်နေပြီလား။ APC online UPS တွေရှိနေပြီလေ။ APC ဆိုတာကတော့ Power Protection Products တွေကို အဓိက ထုတ်လုပ်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။
APC Online UPS များဟာ အကြမ်းခံပြီး ယုံကြည်စိတ်ချရတဲ့အပြင် input voltage မျိုးစုံကို Support ပေးနိုင်သလို Power Source အမျိုးမျိုးနဲ့လည်း လိုက်လျောညီထွေဖြစ်စွာ အသုံးပြုလို့ရနိုင်ပါတယ်။ ဒါ့အပြင် ဆာဗာခန်း သို့မဟုတ် ဒေတာစင်တာမှာထားရှိဖို့ Rack-Mountable Design ရတဲ့ UPS မျိုးတွေလည်း ရှိပါသေးတယ်။
ဘယ် System နဲ့မဆို ကိုက်ညီမယ့် Watts နဲ့ VA ပါဝါများကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာဖြစ်သလို output connector အမျိုးအစားများစွာ ပါဝင်တာကြောင့် စက်ပစ္စည်းများနဲ့ ချိတ်ဆက်တဲ့အခါ ပိုမိုလွယ်ကူစေမှာပါ။
ပါဝါနှောင့်ယှက်မှုပေါင်းများစွာကို ချက်ချင်းကာကွယ်ပေးနိုင်တာကြောင့် Online UPS များဟာ အခြား UPS အမျိုးအစားများထက် ပိုမိုယုံကြည်စိတ်ချရပါတယ်။
ဒါကြောင့် transfer time လည်းမြန်၊ ပါဝါစဉ်ဆက်မပြတ်ရရှိ၊ voltage ထိန်းညှိမှုအားလည်းကောင်းတဲ့ Online UPS မျိုးတွေကို လိုက်ရှာနေမယ်ဆိုရင် APC က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲခင်ဗျာ။

Why ICT.com.mm?














Viber
: 09 420 004 551
