News, Review

AOC Interactive Whiteboard

🖥 Interactive Display တွေဟာ သမာရိုးကျ Whiteboard တွေကို digital နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ Smart Whiteboard များဖြစ်ပါတယ်။ သူ့ကို ပညာရေး၊စီးပွားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ smart meeting တွေပြုလုပ်ဖို့နဲ့ လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Smart Whiteboard များဖြစ်ပါတယ်။
👉 AOC Interactive Display တွေမှာ မော်ဒယ်ပေါ်မူတည်ပြီး ၅၅လက်မ အရွယ်ကနေ 86 လက်မအရွယ်စားအထိရှိပြီး 4K resolution နဲ့ Multi-Touch စွမ်းဆောင်ရည်ကြောင့် Display တစ်ခုတည်းကို လူအများပြားက တစ်ပြိုင်တည်းအသုံးပြုနိုင်ပါတယ်။ သူ့မှာ ကိုယ်ပိုင် Operation System လည်းပါရှိတာမို့ သူ့ချည်းသပ်သပ်အသုံးပြုနိုင်သလို အခြားသော Computer,Smartphone နဲ့ Tablet တွေပါ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Operation System ကို Android ရော Windows ပါ Dual OS အနေနဲ့ အသုံးပြုနိုင်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲတွေမှာ presentation လုပ်ကြတဲ့အခါ Interactive Whitebard တစ်လုံးရှိနေရင် ကိုယ့်ရဲ့ audiences တွေရဲ့ mobile phone ကနေတဆင့် ဓါတ်ပုံတွေမျှဝေနိုင်သလို writing in sync feature နဲ့ပါ သူတို့ရဲ့ ideas တွေကို မျှ‌ဝေနိုင်တာမို့ ကိုယ့်ရဲ့တင်ဆက်မှုကို ပိုပြီးစိတ်ဝင်စားစေပါတယ်။
လုပ်ငန်းခွင်မှာ online meeting တွေလုပ်နိုင်ဖို့ CMS cloud-based communication system ပါဝင်တာမို့ Videoconferencing အတွက်ပိုမိုလွယ်ကူပြီး smart ကျစေမှာဖြစ်ပါတယ်။
ပညာရေးပိုင်းမှာဆို Intetractive Whiteboard တွေအသုံးပြုပြီး စာသင်တဲ့အခါ သင်ခန်းစာတွေကို ပိုမိုစိတ်ဝင်စားစရာကောင်းအောင် ဖန်တီးနိုင်သလို ကျောင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးလုပ်ရတဲ့ project တွေမှာ ပိုပြီးထိရောက်စေမှာဖြစ်ပါတယ်။
🛒 AOC Whiteboard >> https://rb.gy/wjv8

🛒 Thingyan Promotion » https://rb.gy/eemgqm

Get a Quote: [email protected]
Phone: 0976 544 1707 [08-10]

Leave a Reply

Your email address will not be published. Required fields are marked *