ကမ္ဘာကျော် Search Engineကြီး ဖြစ်တဲ့ Yahooက ၎င်းတို့ရဲ့ iOSမှာ သုံးလို့ရတဲ့ Weather Appတုန်းက ကောင်းမွန် ခမ်းနားတဲ့ ဒီဇိုင်း အပြင်အဆင်တွေကြောင့် ချီးကျူးထောပနာမှုတွေ ရရှိခဲ့ပါတယ်။ ဘယ်လောက်ထိ တောင်လဲဆိုရင် အခု iOS 7မှာ ပြန်လည်မွမ်းမံထားတဲ့ Weather Appဟာ Yahoo Weather Appရဲ့ နည်းနာတွေကို ကိုးကားပြီး ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ် WWDCပွဲမှာလည်း Yahooရဲ့ Weather Appကို Appleက ဆုချီးမြှင့်ပြီး အသိအမှတ် ပြုခဲ့ပါတယ်။ ကဲ… အခုတော့ iOSမှာ အောင်မြင်ခဲ့တဲ့ Yahooဟာ အန်းဒရွိုက်တွေ အတွက် Weather Appထုတ်လုပ် လိုက်ပြန်ပါပြီ။
အဆိုပါ Appဟာ ကမ္ဘာတစ်၀ှမ်းမှာ ယနေ့ရရှိနေပြီလို့ ဆိုထားပြီး iOSဗားရှင်း အတိုင်း ဒီဇိုင်းတွေ ဖန်တီးထားတယ်လို့ သိရပါတယ်။ Appရဲ့ Backgroundတွေဟာ Locationတစ်ခုချင်းစီ အတွက် စီစဉ်ထားတာ ဖြစ်ပြီး Flickrမှ ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ အရင် Weather Appတွေအတိုင်း မိုးလေ၀သခန့်မှန်းချက်တွေ ပါ၀င်ရုံသာမက ဆယ်ရက်စာ ခန့်မှန်းချက်တွေ၊ နာရီအလိုက် ရာသီဥတု ခန့်မှန်းချက်တွေ၊ ရာသီဥတု အပြောင်းအလဲ အခြေအနေတွေနဲ့ လေဖိအား၊ လေတိုက်နှုန်း၊ လအခြေအနေ၊ ခရမ်းလွန်ရောင်ခြည်နဲ့ နေ၀င်ချိန်၊ နေထွက်ချိန်တွေ သာမက Interactive Mapလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။ လက်ရှိ အန်းဒရွိုက်တွေမှာ သုံးနေကြတဲ့ Weather Appတွေလိုပဲ Home Screenမှာ Widgetထည့်ဖို့ Featureပါ၀င်လာပြီး အသုံးပြုသူမှ အလိုရှိရင် Status Barမှာပါ Notiတက်အောင် Settingလုပ်နိုင် ပါတယ်။
Yahooရဲ့ Weather Appဟာ ဒီဇိုင်းအပြင်အဆင် အလွန်လှပရုံသာမက Locationတွေကိုလည်း Yahooအကောင့် ကနေသိမ်းထားနိုင် ပါတယ်။ Weather Alertတွေကို ချက်ချင်း အသိပေးနိုင်တဲ့ အပြင် Flickrရဲ့ Displayတွေကလည်း Landscapeအတွက် ပိုမိုကောင်းမွန်တဲ့ Viewတွေကို ထောက်ပံ့ပေးနိုင်မှာပါ။ ဒီလောက် ကောင်းမွန်လှတဲ့ အန်းဒရွိုက်အတွက် Yahoo Weather Appကို Google Play Store မှာ ရယူနိုင်ပါတယ်ဗျာ။
iphone မှာတော်တော်လန်းလို့ ဟိုတလောကလိုက်ရှာတာမတွေဘူး…ဘယ် နေကထွက်လိုက် တာပါလိန့်….
https://itunes.apple.com/en/app/yahoo!-weather/id628677149?mt=8