
Smart Watch လှလှလေးတစ်လုံးကို ရေစိုခံနိုင်တဲ့ကွာလတီ 5ATM ၊ ကြည်လင်တောက်ပတဲ့မျက်နှာပြင်၊ ပြီးပြည့်စုံတဲ့ကျန်းမာရေးစောင့်ကြည့်စနစ်၊ အသံနဲ့ခိုင်းလို့ရမယ့် Alexa Voice Assistant တို့အပြင် နေ့တိုင်းအားသွင်းစရာမလိုဘဲ ရက်ရှည်အားခံတဲ့ဘတ္ထရီနဲ့ လိုချင်ရင် ဒီ Amazfit Smart Watch လေးတွေက သင့်အတွက်ပါပဲ။

စတိုင်ကျပြီး ပေါ့ပါးအကြမ်းခံတဲ့ အလူမီနီယမ်ကိုယ်ထည်ဒီဇိုင်းလှလှပေါ်မှာ Ultra HD AMOLED Display မျက်နှာပြင်ကိုဆင်ပေးထားလို့ တောက်ပတဲ့နေရောင်အောက်မှာတောင် ကြည်ကြည်လင်လင် ကြည့်ရှုနိုင်မှာပါ။ နာရီမျက်နှာပြင်ဒီဇိုင်းကိုလည်း စိတ်ကြိုက်ပြောင်းလို့ရပြီးတော့ ကိုယ့်ပုံ/ကိုယ်ချစ်ရတဲ့သူပုံကိုလည်း Background ထားလို့ရပါတယ်။

BioTracker PPG 3.0 Biometric Sensor က နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင် စတဲ့အချက်အလက်တွေကို တပြိုင်နက်တိုင်းတာပေးနိုင်လို့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို အမြဲတမ်းစောင့်ကြည့်နိုင်မျာပါ။ Fitness နဲ့ Workout သမားတွေအတွက်အရမ်းအသုံးတည့်တဲ့ Tracking နဲ့ Recognition System တွေလည်း ပါဝင်ပါတယ်။

ကိုယ်လိုအပ်တဲ့ App တွေကို Zepp OS နဲ့သုံးစွဲရမှာဖြစ်ပြီးတော့ Alexa Voice Assistant ပါဝင်တဲ့အတွက် ရာသီဥတု၊ Calendar ၊ Phont Notification, Message စတဲ့အချက်အလက်တွေကို Voice Command နဲ့ အသုံးပြု/ကြည့်ရှုနိုင်ဦးမှာပါ။

Fitness Guys တွေအတွက် Amazfit GTS 3 လေးက ပိုသင့်တော်ပြီးတော့ General Usage နဲ့ ဘတ္ထရီအားပိုခံတာကိုလိုချင်ရင် Amazfit GTR 3 လေးကပိုပြီးတော့ သင့်တော်ပါလိမ့်မယ်။
Amazfit GTS 3 Smart Watch Global (Black)
Amazfit GTR 3 Smart Watch Global (Black)
Amazfit GTR 3 Smart Watch Global (Gray)

We accept 100% all banking/mobile payments and 5% cash back for cash payment.
ဆက်သွယ်မေးမြန်းလိုပါက


Viber: 0942 000 4551

Call our Customer care team : +95 (0) 9765 441 707/ 709/ 710


Call Delivery team : +95 (0) 9765 441 708
Enjoy Shopping
Team ICT.com.mm