Archive, News

အမရပူရမြို့၌ပြုလုပ်မည့် အထည်အလိပ်ဒီဇိုင်း တီထွင်ဖန်တီးခြင်းနှင့် သင်ကြားရေးနည်းလမ်းများ အလုပ်ရုံဆွေးနွေးပွဲ

Photo for extile workshop news

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဗြိတိသျှကောင်စီ နှင့် Swiss Agency for Development and Cooperation, Embassy of Switzerland တို့သည် မြန်မာနိုင်ငံ၏ လက်ရက်ကန်းကဏ္ဍ ပိုမိုအားကောင်းလာစေရန်၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများရှိ လက်ရှိသင်ရိုးညွှန်းတမ်းများကို လေ့လာသုံးသပ်အကဲဖြတ်ရန်နှင့် အဆင့်မြှင့်တင်ရန်၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများမှ ဆရာ၊ ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ ရက်ကန်းကျောင်းဆင်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုရရှိစေရန်အတွက် အထည်အလိပ်လုပ်ငန်းကဏ္ဍတွင် ဦးဆောင်သူများနှင့် ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာအခွင့်အလမ်းများ ရရှိစေနိုင်ရန်တို့ကို ရည်ရွယ်၍ “လက်ခတ်သံ” ဟုအမည်ပေးထားသော သုံးနှစ်ကြာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျှက်ရှိပါသည်။ ထိုစီမံကိန်းအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် မှ ၂၁ ရက်အထိ ဗြိတိသျှကောင်စီသည် ယူကေရှိ Plymouth College of Art (PCA) နှင့်လက်တွဲကာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ အမရပူရမြို့၌ အထည်အလိပ်ဒီဇိုင်းတီထွင်ဖန်တီးခြင်းနှင့် သင်ကြားရေးနည်းလမ်းများ ဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါ “အထည်အလိပ်ဒီဇိုင်း တီထွင်ဖန်တီးခြင်းနှင့် သင်ကြားရေးနည်းလမ်းများ” အလုပ်ရုံဆွေးနွေးပွဲတွင် အနောက်တိုင်းဈေးကွက်ပုံစံများကို နားလည်ခြင်း၊ ရိုးရာဒီဇိုင်းပုံစံများကိုဈေးကွက်ပိုမိုရရှိစေရန် ပြုပြင်ပြောင်းလဲခြင်း၊ စူးစမ်းတက်ကြွသောသုတေသီတစ်ဦး ဖြစ်လာခြင်းနှင့် ကာလာရောင်စဉ် နှင့် သဘာဝဆိုးဆေး စသည့်အကြောင်းအရာများ ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲသည် သင်ယူလေ့လာခြင်းနှင့် သင်ကြားခြင်းတို့ကိုအတွေးအခေါ်အသစ်များ၊ ချဉ်းကပ်မှုအသစ်များဖြင့် လေ့လာခြင်းကို အားပေးရန်အထူးရေးဆွဲပြင်ဆင်ထားပါသည်။ ကျောင်းသူ၊ကျောင်းသားများကို ၎င်းတို့ကိုယ်တိုင် စူးစမ်းလေ့လာမှုများပြုလုပ်ခြင်း၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားများ ပူးပေါင်းလုပ်ဆောင်မှုများမှ ဗဟုသုတအသစ်များ ရှာဖွေခြင်းတို့မှတဆင့် မိမိကိုယ်ကိုယုံကြည်မှုတိုးတက်လာစေရန် အားပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသားများ၏ သင်ယူလေ့လာမှု အလားအလာများ လမ်းဖွင့်ပေးနိုင်ရန်၊ မတူညီသောအမြင်ရှုထောင့်များမှ စဉ်းစားတွေးခေါ်စေရန်နှင့် တစ်ဦးချင်းစီ၏ တီထွင်ဖန်တီးမှု အရည်အချင်းများကိုအားပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ယူလေ့လာမှုနှင့် သင်ကြားမှုစွမ်းရည်များ မြှင့်တင်ပေးရန် ဖြစ်သည်။ ဤသို့သင်ကြားရေးစွမ်းရည်များ တိုးတက်လာခြင်းဖြင့် ကျောင်းသူ၊ကျောင်းသားများ၏ တီထွင်ဖန်တီးမှုအရည်အချင်းများ တိုးတက်လာပြီး ဆန်းသစ်သောဒီဇိုင်းပုံစံများ တီထွင်ဖန်တီးနိုင်ကာနှင့် စီးပွားရေးလုပ်ငန်းများတွင်ဦးဆောင်လာနိုင်မည်ဖြစ်သည်။ ဤအလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါလျှင်နှင့် လာရောက်သတင်းယူလိုပါလျှင် မနေခြည်သွင် (Programme Manager – Arts ၊ ဗြိတိသျှကောင်စီ) ဖုန်းနံပါတ် ၀၉ – ၄၅၀ ၀၁၉ ၂၉၅၊ ၀၉ – ၇၇၇ ၀၀၂ ၁၃၅ သို့လည်းကောင်း အီးမေးလ် [email protected] သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *