News

ဒူဘိုင်းက အလှပဆုံး၊ အကြီးမားဆုံး ဇိမ်ခံသဘောၤကြီး

ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသဘောၤကြီးတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Azzamလို့ နာမည်ပေးထားပြီး ပေပေါင်း ၅၉၀ရှည်လျား ပါတယ်။ ပြီးခဲ့တဲ့ ဧပရယ်လ ၅ရက်နေ့က မိတ်ဆက်ပွဲထုတ် ခဲ့တာဖြစ်ပြီး အေဗရာမိုဗစ်ရဲ့ Eclipseသဘောၤကို ဒုတိယနေရာမှထားခဲ့ကာ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသဘောၤ ဖြစ်လာခဲ့တာပါ။ အဆိုပါ သဘောၤကြီးဟာ တည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း၆၀၀ခန့် ရှိခဲ့ပြီး ဒူဘိုင်းက UAE(United Arab Emirates)ပိုင်ရှင် တစ်ဦးဖြစ်သူ Sheikh Khalifa bin Zayed al-Nayanရဲ့ သဘောၤဖြစ်တယ်လို့ သိရပါတယ်။ သဘောၤကြီးဟာ ကြီးမားပေမယ့် လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ သွားလာနိုင်ပါတယ်။ မြင်းကောင်ရေ ကိုးသောင်းလေးထောင်အား ရှိပြီး တစ်နာရီလျှင် ရေမိုင် ၃၀နဲ့အထက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Azzamသဘောၤကြီးကို Lurssen Yachtsမှ လေးနှစ်အချိန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အပြင်ဘက်ဒီဇိုင်းကို Nauta Yachtsနဲ့ အတွင်းဒီဇိုင်းကိုတော့ နာမည်ကြီး ပြင်သစ်ဒီဇိုင်နာ Christophe Leoniမှ ပြင်ဆင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဇိမ်ခံသဘောၤကြီးမှာ အထူးဟိုတယ်ခန်းပေါင်း ၅၀နဲ့ ၉၅ပေရှိ Salonတစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။ အဆိုပါ သဘောၤကြီးကို တည်ဆောက်တဲ့ Lurssen Yachtsမှ Peter Lurssenကတော့ “ဒီသဘောၤဟာ ကျွနု်ပ်တို့ ကုမ္ပဏီရဲ့ သမိုင်းကြောင်းမှာ သာမက ရွက်လွှင့်ဇိမ်ခံ သဘောၤသမိုင်း မှာပါသေချာ မှတ်ကျောက်တင်နိုင်မယ့် သဘောၤတစ်စီးဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ အဆိုပါ သဘောၤကြီးရဲ့ပုံတွေကို လေ့လာလို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

3 thoughts on “ဒူဘိုင်းက အလှပဆုံး၊ အကြီးမားဆုံး ဇိမ်ခံသဘောၤကြီး

  1. Gawng Gawng says:

    pi ki kim

  2. Gawng Gawng says:

    Lonetonelay Lonetone

  3. Gawng Gawng says:

    Zechariah Oo

Leave a Reply

Your email address will not be published. Required fields are marked *