ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်ကြီးကို သင့်ရဲ့ အန်းဒရွိုက်ဖုန်းမှာ Alarmပေးထားနိုင်မယ့် Appလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ Alarmနာရီ Appတွေဟာလည်း Weather Appတွေလိုပဲ လူကြိုက်များတဲ့ Appဖြစ်ပါတယ်။ Alarmဆိုတာ ဖုန်းမှာ နဂိုပါ၀င်ပြီးသား ဖြစ်ပေမယ့် ဒီထက်လှတဲ့ ဒီဇိုင်းကောင်းကောင်းနဲ့ Alarm Appတွေ များစွာ ရှိပါသေးတယ်။ iOSမှာ ဆိုရင်တော့ Riseဆိုတဲ့ Alarm Clock Appလေးဟာ ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူလှပပြီး အခု အန်းဒရွိုက်မှာလည်း Riseလိုပဲ ရိုးရှင်းလှပတဲ့အပြင် Featuresအသစ်တွေပါ ထပ်ထည့်ထားတဲ့ “Timely”ဆိုတဲ့ Appကို Google Play Store မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပါပြီ။
အလွန်စမတ်ကျတဲ့ ပုံစံမျိုးနဲ့ Gesture-Based Interfaceသုံးထားပြီး Alarmပေးတဲ့အခါ သင့်လက်ချောင်းကို Draggingဆွဲပြီး အချိန် သတ်မှတ်နိုင်မှာပဲ ဖြစ်ပါတယ်။ Themesတွေ သီချင်းတွေလည်း များစွာထည့်သွင်း ထားနိုင်ပြီး ဖုန်းကိုကောက်ကိုင် လိုက်တဲ့အခါ၊ ဖုန်းရဲ့ကာဗာကို အုပ်လိုက်တဲ့အခါ သို့မဟုတ် ဖုန်းရဲ့အသံအတိုးအကျယ် ခလုတ်ကို နှိပ်လိုက်တဲ့ အခါမှာ Snoozeဖြစ်သွားမှာပါ။ Stopwatchလည်း Built-In ပါ၀င်ပြီး Snoozeအချိန်ကို သတ်မှတ်ထားနိုင်ပါတယ်။ အန်းဒရွိုက် စမတ်ဖုန်းတွေမှာသာမက တက်ဘက်တွေမှာပါ ထည့်သွင်း အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။