နောက်ဆုံးပေါ် မော်ဒယ်ကိုပဲ ကိုင်ချင်သူတွေအတွက် HP ရဲ့နောက်ဆုံးထွက် Laptop လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။

𝐇𝐏 𝐋𝐚𝐩𝐭𝐨𝐩 𝐄𝐍𝐕𝐘 𝐱𝟑𝟔𝟎 𝟏𝟑-𝐚𝐲𝟏𝟎𝟏𝟖𝐀𝐔 𝐍𝐢𝐠𝐡𝐭𝐟𝐚𝐥𝐥 𝐁𝐥𝐚𝐜𝐤 (𝐀𝐌𝐃 𝐑𝐲𝐳𝐞𝐧 𝟕)

Laptop ကို Touchscreen နဲ့ သုံးမယ့်သူတွေအတွက် အသင့်တော်ဆုံးမော်ဒယ်လေးပါ။ Hardware ပိုင်းမှာ CPU: AMD RYZEN 7 5800U, RAM 8GB DDR4, SSD 512GB (M.2), AMD Radeon
Graphics တို့ကို တွဲဖက်ပေးထားတဲ့အတွက် Performance ပိုင်းကတော့ လှည့်ကြည့်စရာကိုမလိုပါဘူး။ ပေါ့ပေါ့ပါးပါး သုံးနိုင်ဖို့ 13.3” မျက်နှာပြင်နဲ့ထုတ်ပေးထားပြီး FHD Brightview IPS 1000 nits ဖြစ်တဲ့အတွက် ရုပ်ထွက်ကြည်လင်မှုက လုံးဝအမိုက်စားပါပဲ။ OS အတွက် နောက်ဆုံးပေါ် Windows 11 Home ကို တပါတည်း ထည့်သွင်းပေးထားပါတယ်။ လိုင်းဆွဲအားကောင်းတဲ့ WiFi 6 ၊ Smart Charging ရတဲ့ 3 Cell Battery (51 Wh Li-ion) ဆိုတော့ လုံးဝပြည့်စုံတဲ့ ပရော်ဖက်ရှင်နယ်သုံး Laptop ကောင်းလေးပါပဲ။


𝐇𝐏 𝐋𝐚𝐩𝐭𝐨𝐩 𝟏𝟓𝐬-𝐞𝐪𝟐𝟏𝟔𝟎𝐀𝐔 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐒𝐢𝐥𝐯𝐞𝐫 (𝐀𝐌𝐃 𝐑𝐲𝐳𝐞𝐧 𝟕)

Performance ကောင်းကောင်း၊ မျက်နှာပြင်ကျယ်ကျယ်ထဲကလိုချင်သူတွေ အကြိုက်တွေ့မယ့် HP Laptop လေးပါ။ ကျယ်ပြန့်တဲ့ 15.6” အရွယ်မျက်နှာပြင်က အလင်းမပြန်တဲ့ FHD Antiglare IPS 250 nits မျက်နှာပြင်ဖြစ်တဲ့အတွက် ကျယ်ကျယ်ဝန်းဝန်း သက်တောင့်သက်သာအသုံးပြုနိုင်မှာပါ။ Hardware ပိုင်းအတွက် CPU: AMD Ryzen
7 5700U, RAM 8GB DDR4, SSD 512GB (M.2), AMD Radeon
Graphics တို့ကို တွဲဖက်ပေးထားတာကြောင့် Professional သုံးဆော့ဖ်ဝဲတွေကို အဆင်ပြေပြေအသုံးပြုနိုင်မယ့်စွမ်းဆောင်ရည်ကို ရရှိမှာပါ။ OS အဖြစ် နောက်ဆုံးပေါ် Windows 11 Home နဲ့အသုံးပြုရမှာဖြစ်ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ WiFi 5 ၊ Smart Charging ပါတဲ့ 3 Cell Battery (41Wh Li-ion) တို့နဲ့ဆိုတော့ ဘက်စုံသုံး Laptop ကောင်းတစ်လုံးဆိုရင် မမှားပါဘူး။



𝐇𝐏 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 𝟏𝟒𝐬-𝐟𝐪𝟏𝟎𝟗𝟖𝐀𝐔 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐒𝐢𝐥𝐯𝐞𝐫 (𝐀𝐌𝐃 𝐑𝐲𝐳𝐞𝐧 𝟓)

သွားသွားလာလာသုံးချင်တယ်၊ စွမ်းဆောင်ရည်လည်းကောင်းရမယ်ဆိုရင် ဒီ 14” HP Laptop လေးကို ရွေးချယ်သင့်ပါတယ်။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရရှိစေဖို့ CPU: AMD Ryzen
5-5500U, RAM 8GB DDR4, SSD 512GB (M.2), AMD Radeon
Graphics တို့ကို တွဲဖက်ပေးထားတာကြောင့် အမြဲပေါ့ပါးသွက်လက်နေမယ့် Laptop ကောင်းလေးပါ။ FHD (1920 x 1080), IPS မျက်နှာပြင်ဖြစ်တဲ့အတွက် ရုပ်ထွက်ကလည်း လုံးဝကြည်လင်ပါတယ်။ OS အတွက် နောက်ဆုံးပေါ် Windows 11 Home ကို တပါတည်း ထည့်သွင်းပေးထားပြီး လိုင်းဆွဲအားကောင်းတဲ့ WiFi 5 ၊ Smart Charging ပါတဲ့ 3 Cell Battery (41Wh Li-ion) တို့နဲ့ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ သုံးချင်တဲ့သူတွေအကြိုက်တွေ့မှာ သေချာပါတယ်။




နောက်ဆုံးပေါ်အိုင်တီ၊ အီလထရောလစ်ဆိုင်ရာပစ္စည်းများကို ဒီလိုအားသာချက်တွေကြောင့် ICT.com.mm မှာ စျေးဝယ်ပါ။




ဆက်သွယ်မေးမြန်းလိုပါက









Team ICT.com.mm