ကမ္ဘာတစ်ဝန်းတွင် ၁၀ဒဿမ ၅သန်း အရေအတွက်ရှိသော ကလေးငယ်များမှာ အစေခံ များအဖြစ် ခိုင်းစေခြင်း ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (အိုင်အယ်လ်အို)မှ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါ အရေအတွက်၏ ၆ဒဿမ ၅သန်းမှာ အသက် ငါးနှစ်မှ ဆယ့်လေးနှစ်အရွယ် ကလေးငယ်များဖြစ်ကြပြီး ယင်း အရေ အတွက်၏ ၇၁ ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်ကြောင်း၊ ၎င်းကလေးငယ်များသည် မိသားစု စားဝတ်နေရေး မပြေလည်၍လည်းကောင်း၊ ကြေွးမြီ ပြဿနာများကြောင့်လည်းကောင်း နေ့စဉ်ဘဝကို ကြုံရာကျဘန်း ဖြတ်သန်းနေရလျက် ရှိကြောင်း အဆိုပါအဖွဲ့၏ အဆိုအရ သိရပါသည်။
ကမ္ဘာတစ်ဝန်းမှ ကလေးငယ် ၁၀သန်း ကျော် အစေခံဖြစ်နေ
 
						
					
				
					15				
				
					Jun				
			
						
			
 
		
		
အရမ်းသနားစရာကောင်းပါတယ်