မြန်မာ့ရိုးရာ စကားပုံတွေရဲ့ အနက်အဓိပ္ပာယ်နဲ့ အသုံးပြုပုံတွေကို ဖော်ပြထားတဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲလာ တာနဲ့အမျှ မြန်မာစကားပုံတွေ တဖြည်းဖြည်း မတိမ်ကောသွားစေဖို့နှင့် နည်းပညာယဉ်ကျေးမှု တိုးတက်လာတာနဲ့အမျှ အင်တာနက်မှာ အလွယ် တကူ ရှာဖွေဖတ်ရှုနိုင်ဖို့ ဆရာကြီးလှသမိန်ရဲ့ စာအုပ်ကို ပြန်လည် ပြောင်းလဲထားခြင်း ဖြစ်တယ်လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။ စကားပုံ တွေကို က, ကနေ အ, အထိ အက္ခရာစဉ်အလိုက် ရွေးချယ် ဖတ်ရှုနိုင်ရန် စီစဉ်ထားပြီး မြန်မာစကားပုံ စုစုပေါင်း ၄၅၇ခု ထည့်သွင်းထားပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် မထည့်သွင်းရသေးတဲ့ စကားပုံတွေ ရှိရင်လည်း ရေးသား တင်ပြနိုင်ပြီး စာလုံးပေါင်းအမှား၊ ဖွင့်ဆိုချက် အမှားတွေ တွေ့ရှိပါက ၀င်ရောက် ကူညီအကြံပေးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာစကားပုံများ

10
Jun