TP-Link Technologies ကုမ္ပဏီဟာ တရုတ်နိုင်ငံအခြေစိုက် ကွန်ပျူတာ networking ပစ္စည်းတွေ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ TP-Link ဟာ နိုင်ငံတကာဈေးကွက်ထဲ ပထမဆုံး ထိုးဖောက်ဝင်ရောက်လာပြီး ၂၀၀၈ ခုနှစ်မှာ TP-Link USA ကို ဖွင့်လှစ်လုပ်ကိုင်နိုင်တဲ့အထိ ကြီးထွားလာခဲ့ပါတယ်။ အဲဒီနောက် smart home ပစ္စည်းတွေပါ ဆက်လက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဓိကထုတ်ကုန်ပစ္စည်းတွေကတော့ Cable Modems, wireless routers, mobile phones, ADSL, range extenders, routers, switches, IP cameras, powerline adapters, print servers, media converters, wireless adapters, power banks, USB Hub နဲ့ SMART home နည်းပညာသုံး ကိရိယာတွေ ဖြစ်ပါတယ်။
အဲဒါတွေအပြင် Google အတွက် OnHub router ကို TP-Link ကနေ တာဝန်ယူထုတ်လုပ်ပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Neffos အမှတ်တံဆိပ်သစ်နဲ့ စမတ်ဖုန်း ထုတ်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှာ Tapo P100 လို့ခေါ်တဲ့ mini smart Wi-Fi Plug အတွက် ခြေလှမ်းစနိုင်ခဲ့ပါတယ်။
အဲဒီကနေ နေအိမ်လုံခြုံရေးအတွက် Wi-Fi ကင်မရာတွေ ဆက်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် TP-Link က ထုတ်လုပ်တဲ့ routers တွေဟာ ကမ္ဘာ့ဈေးကွက်ထဲမှာ လူသုံးများတဲ့အမှတ်တံဆိပ်တစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့ပါတယ်။
ဒီနေ့ #Flash_Sale အစီအစဉ်မှာတော့ #TP_Link_အမှတ်တံဆိပ်_Wireless_Routers အမျိုးမျိုးကို ICT.com.mm မှာ #၂၄နာရီအတွင်း_Promotion ချပေးနေပြီဖြစ်လို့ အခုပဲအမြန်ဝယ်ယူလိုက်တော့နော်။

Why ICT.com.mm?














Viber
: 09 420 004 551
